ထိုင်း ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ပါတီ ဖျက်သိမ်းဖို့ ဖိအားတွေရှိလာနိုင်

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁-၂၀၂၄
မျိုးဆက်(VOM)

ပြီးခဲ့တဲ့နှစ် ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ထောက်ခံမဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီရဲ့ အဓိကမူဝါဒတွေဟာ တရားမဝင်ဘူးလို့ ထိုင်းတရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ပါတီကို ဖျက်သိမ်းဖို့ ဖိအားတွေ ရှိလာနိုင်ပါတယ်။

ရှေ့သို့ပါတီဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေအတွင်း ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး စည်းရုံးမှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်ကြောင်း ထိုင်းတရားရုံးက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးဝေဖန်မှုတွေကို ဟန့်တားဖို့ တော်၀င်မိသားစုကို အသရေဖျက်မှုဥပဒေနဲ့ အသုံးပြုဖိနှိပ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ပါတီဖျက်သိမ်းခြင်းနဲ့အတူ ပါတီခေါင်းဆောင် ပီတာလည်း နိုင်ငံရေးကနေ ပိတ်ပင်ခံရနိုင်ပါတယ်။

ဟားဗက်တက္ကသိုလ်ကျောင်းဆင်းဖြစ်သူ ပီတာဟာ ထိုင်းဘုရင်စနစ်နဲ့ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ အထက်တန်းစားတွေအတွက် ခြိမ်းခြောက်မှုတခုအဖြစ် ရှုမြင်ခံရပြီးနောက် ဝန်ကြီးချုပ်ဖြစ်ခွင့်ကို လွှတ်တော်မှာ ပိတ်ဆို့ခံခဲ့ရပါတယ်။

သူဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ တားမြစ်နိုင်တဲ့ စီရင်ချက်တခုကနေ ပြီးခဲ့တဲ့သီတင်းပတ်က လွတ်မြောက်ခဲ့ပေမယ့် ပါတီနဲ့ပတ်သက်တဲ့ တရားရင်ဆိုင်မှုကတော့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW