မတ်ပဲဈေး စံချိန်တင်မြင့်တက်နေသလို ပဲစဉ်းငုံနီဈေးလည်း ဆက်တိုက်မြင့်တက်လာ

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁- ၂၀၂၄

GG (VOM)

ပြည်တွင်းပဲမျိုးစုံဈေးကွက်မှာ မတ်ပဲက စံချိန်တင်နူန်းအထိ မြင့်တက်လာသလို ပဲစဉ်းငုံနီလည်း ဈေးတွေဆက်တိုက် မြင့်တက်လာနေတယ်လို့ ကုန်စည်ဒိုင်တွေက သိရပါတယ်။

မတ်ပဲနဲ့ ပဲစဉ်းငုံနီ နှစ်မျိူးလုံးကို အိန္ဒိယက သူတို့နိုင်ငံရဲ့ စားနပ်ရိက္ခာလိုအပ်ချက်ကြောင့် မြန်မာကနေ ပဲတန်ချိန်အများအပြားဝယ်ယူဖို့ရှိတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ကိုပါ လာမယ့် ၂၀၂၅ ခုနှစ် မတ်လ အထိသက်တမ်းထပ်မံတိုးမြှင့်ပေးလိုက်လို့ မတ်ပဲရော ပဲစဉ်းငုံနီဈေးက ဆက်တိုက်မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။

” အိန္ဒိယက ခုနှစ် ပဲအထွက်တွေလျော့တယ်၊ပဲစဉ်းငုံလည်း သိပ်မထွက်ဘူး၊မတ်ပဲလည်းလျော့တယ်ဆိုတော့ မြန်မာကနေပဲအများအပြားဝယ်ယူမယ့်အခြေအနေရှိတယ်၊ဒါကြောင့်သျေးတွေတက်နေတာပေါ့။ အိန္ဒိယက သူ့လိုအပ်ချက်ရှိရင်ဈေးမြင့်ပေးပြီးလည်းဝယ်တယ်။သူ့လိုအပ်ချက်ပြည့်သွားရင်တော့ အဝယ်ကိုရပ်တာမျိုးရှိတယ်။ဒါကြောင့် ပဲဈေးက အချိန်တခုထိတက်နေမယ်၊မတ်လကုန်လောက်အထိ တက်နေမယ်လို့တော့ ခန့်မှန်းရတယ် ” လို့ ပဲကုန်သည်ကြီး တယောက်ကသုံးသပ်ပြောပါတယ်။

လက်ရှိမှာ မတ်ပဲဈေးက ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တတန်ကို ၃၂၈၅၀၀၀ ကျပ်အထိစံချိန်တင်မြင့်တက်လာပြီး ဟင်္သါတ ၊ပဲခူးတိုင်း အပါအဝင် နယ်ကုန်စည်ဒိုင်တွေမှာလည်း ပိဿာ ၂၀ တစ်တင်းကို ၁၀၅၅၀၀ ကျပ်မှ ၁၀၆၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာ နေပါတယ်။

အလားတူ ပဲစဉ်းငုံနီကလည်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တစ်တန်ကို ၃၈၄၉၀၀၀ အထိမြင့်တက်လာပြီး မန္တလေးကုန်စည်ဒိုင်အပါအဝင် နယ်ကုန်စည်ဒိုင်တွေမှာလည်း ပိဿာ ၆၀ တတင်းကို ၃၆၈၀၀၀ ကျပ် အထိရှိလာပါတယ်။

မတ်ပဲဈေးနူန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ တတန်ကို အမြင့်ဆုံး ၂၉၇၀၀၀၀ ကျပ်သာရှိခဲ့တာကြောင့် ၂၀၂၄ ဇန်နဝါရီလအတွင်းမှာဆိုရင် တတန်ကို ၃၀၀၀၀၀ ကျော်အထိ မြင့်တက်လာတာဖြစ်ပါတယ်။

ပဲစဉ်းငုံနီကလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ တစ်တန်ကို အမြင့်ဆုံး ၃၂၂၂၅၀၀ ကျပ်သာရှိခဲ့လို့ ၂၀၂၄ ဇန်နဝါရီလအတွင်းမှာ တစ်တန်ကို ၆၀၀၀၀၀ သိန်းကျော် မြင့်တက်လာတာဖြစ်ပါတယ်။

လက်ရှိမှာဆောင်း မတ်ပဲအသစ်တွေ ရိတ်သိမ်းနေကြပြီး ဈေးကွက်ထဲဝင်ရောက်နေသလို လက်ကျန် ပဲစဉ်းငုံနီအသစ်တွေလည်း ရိတ်သိမ်းနေကြလို့ ဈေးကွက်ထဲကို ဝင်ရောက်နေတယ်လို့သိရပါတယ်။

ဲမနှစ်က ဆောင်းမတ်ပဲအသစ်ပေါ်ချိန်မှာ မတ်ပဲအဖွင့်ဈေးက တစ်တင်းကို ၆၀၀၀၀ ကျပ်သာ ရှိခဲ့ပြီး ပဲစဉ်းငုံနီကတော့ မနှစ်က တစ်တန်ကို သိန်း ၄၀ ကျော်အထိ ဈေးတန်းရှိခဲ့ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW