ချီလီမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၅၀ ကျော်သေဆုံး

 

ဆန်တီယာဂို၊ ဖေဖော်ဝါရီ-၄-၂၀၂၄

မျိုးဆက်(VOM)

ချီလီနိုင်ငံ ဗယ်ပါရာဆိုဒေသမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၅၁ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တောမီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ချီလီသမ္မတ ဂါဘရီရယ်ဘိုရစ်က အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့အရင်းအမြစ် အကုန်သုံးဖို့ တာဝန်ရှိသူတွေကိုညွှန်ကြား ထားပါတယ်။

ဒါဟာ ချီလီမှာ အသေအပျောက်အများဆုံး တောမီးလောင်ကျွမ်းမှုအဖြစ် မှတ်တမ်းဝင်သွားပြီး သေဆုံး ဒဏ်ရာရသူအများစုဟာ နွေရာသီအားလုပ်ရက်အတွင်း ကမ်းရိုးတန်းဒေသကို လာရောက်ကြသူတွေဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ တောမီးလောင်ကျွမ်းမှု အဆိုးရွားဆုံးနေရာတွေကို ရောက်ရှိဖိုက ရုန်းကန်နေရပြီး ပြည်ထဲရေးဝန်ကြီးဌာနကတော့ လာမယ့်နာရီပိုင်းအတွင်း သေဆုံးသူအရေအတွက် ပိုမိုမြင့်မားလာမယ်လို့ ဆိုပါတယ်။

မီးဘေးသင့်ဒေသတွေကို ခရီးမသွားဖို့ ချီလီအစိုးရက ညွှန်ကြားထားပြီး တောမီးကြောင့် အိမ်ခြေ သုံးထောင်မှ ခြောက်ထောင်အကြား ပျက်စီးခဲ့ကြောင်း ချီလီတာဝန်ရှိသူများက ပြောဆိုသည်။

Ref:BBC

Photo: Reutrers/BBC

 

Related posts

Leave a Comment

VOM News

FREE
VIEW