ချီလီမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၅၀ ကျော်သေဆုံး

  ဆန်တီယာဂို၊ ဖေဖော်ဝါရီ-၄-၂၀၂၄ မျိုးဆက်(VOM) ချီလီနိုင်ငံ ဗယ်ပါရာဆိုဒေသမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၅၁ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တောမီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ချီလီသမ္မတ ဂါဘရီရယ်ဘိုရစ်က အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့အရင်းအမြစ် အကုန်သုံးဖို့ တာဝန်ရှိသူတွေကိုညွှန်ကြား ထားပါတယ်။ ဒါဟာ ချီလီမှာ အသေအပျောက်အများဆုံး တောမီးလောင်ကျွမ်းမှုအဖြစ် မှတ်တမ်းဝင်သွားပြီး သေဆုံး ဒဏ်ရာရသူအများစုဟာ နွေရာသီအားလုပ်ရက်အတွင်း ကမ်းရိုးတန်းဒေသကို လာရောက်ကြသူတွေဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ တောမီးလောင်ကျွမ်းမှု အဆိုးရွားဆုံးနေရာတွေကို ရောက်ရှိဖိုက ရုန်းကန်နေရပြီး ပြည်ထဲရေးဝန်ကြီးဌာနကတော့ လာမယ့်နာရီပိုင်းအတွင်း သေဆုံးသူအရေအတွက် ပိုမိုမြင့်မားလာမယ်လို့ ဆိုပါတယ်။ မီးဘေးသင့်ဒေသတွေကို ခရီးမသွားဖို့ ချီလီအစိုးရက ညွှန်ကြားထားပြီး တောမီးကြောင့် အိမ်ခြေ သုံးထောင်မှ ခြောက်ထောင်အကြား ပျက်စီးခဲ့ကြောင်း ချီလီတာဝန်ရှိသူများက ပြောဆိုသည်။ Ref:BBC Photo: Reutrers/BBC  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၄၀ ကျပ် ဝယ်ဈေး – ၃၄၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၃၅ ကျပ် ဝယ်ဈေး – ၂၅၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၀ ကျပ် ဝယ်ဈေး – ၃၇၂၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၂ ကျပ် ဝယ်ဈေး – ၄၈၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ- ၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှု မဟာဗျူဟာအမှား ဖြစ်တယ်လို့ အီရန် သတိပေး

  တီဟီရန်၊ ဖေဖော်ဝါရီ-၄-၂၀၂၄ မျိုးဆက်(VOM) အီရတ်နဲ့ ဆီးရီးယားရှိ ပစ်မှတ် ၈၅ ခုကို အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မဟာဗျူဟာ အမှားဖြစ်တယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။ အမေရိကန်စစ်အခြေစိုက်စခန်းတခုကို ပြီးခဲ့တဲ့သီတင်းပတ်က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးခဲ့တဲ့အပေါ် အီရတ်နဲ့ ဆီးရီးယားရှိ အီရန်နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွပစ်မှတ်တွေကို အမေရိကန်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အခြေစိုက်စခန်းကို တိုက်ခိုက်မှုမှာ ဘယ်လိုအခန်းကဏ္ဍကမှ မပါဝင်ကြောင်း အီရန် ငြင်းဆိုထားပြီး အစ္စလာမ္မစ်ခုခံရေးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေကို အမေရိကန်က ပြစ်တင်ထားပါတယ်။ အမေရိကန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် လူ ၁၆ ယောက်သေဆုံးခဲ့တယ်လို့ အီရတ်တာဝန်ရှိသူတွေက ပြောာပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံအချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ပြီး အီရတ်နဲ့ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်းရေးကို ထိခိုက်စေကြောင်း…

Read More

This Day in History

Voice of Myanmar ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးနေ့ရက်အချိန်များဖြစ်သော ၁၉၄၅ ခုနှစ်တွင် အမေရိကန်သမ္မတ ရုစဗဲ့၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီနှင့် ရုရှားဝန်ကြီးချုပ် ဂျိုးဇက်စတာလင်တို့သည် ဂျာမနီကို အပြီးသတ်ချေမှုန်း ရောလ်တာညီလာခံကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ခဲ့သည်။

Read More

မုံရွာမြို့နယ်ထဲက နဂါးတွင်းရွာနားမှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက်ထိခိုက် သေဆုံးတာတွေရှိ

ဖေဖော်ဝါရီ ၊ ၄ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် ၊ နဂါးတွင်းကျေးရွာနားမှာ မနေ့ ဖေဖော်ဝါရီ ၃ ရက် ၊ နေ့လယ်ပိုင်းက နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက် ပြောပြတာက ” နဂါးတွင်းရွာနားက ရွာအဝင်လမ်းမှာ မနက် ၁၁ နာရီဝန်းကျင်ကစလို့ တိုက်ပွဲတွေဖြစ်တယ် ၊ နဂါးတွင်း ရွာကိုဝင်လာတဲ့ စစ်ကြောင်းနဲ့ PDF တွေဖြစ်ကြတာလို့ သိရတယ် ၊ နှစ်ဘက်စလုံး သေဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…

Read More

၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ၁၂ ဆု ချီးမြှင့်ပေးအပ်

  ဖေဖော်ဝါရီ ၃ – ၂၀၂၄ SN (VOM) ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ထူးချွန်ဆု‌ စုစုပေါင်း ၁၂ ဆုကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၆ နာရီက နေပြည်တော်ရှိ MICC 1 မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆုတွေကို အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ချီးမြှင့်ခဲ့တာမှာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် တသက်တာထူးချွန်ဆုကို ဒါရိုက်တာ စည်သူအောင်မြင့်မြတ်၊ စည်သူ ဒေါ်နွဲ့နွဲ့စန်း၊ ဒါရိုက်တာ အလင်္ကာကျော်စွာ ပန်းချီစိုးမိုးတို့က ရရှိခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကံကောင်း ရုပ်ရှင်ဇာတ်ကား၊ ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ တင်အောင်စိုး…

Read More

ဖားကန့်ကိုသွားမယ့် ခရီးသည်တွေ ၊ ဖားကန့်မှာ နေထိုင်ကြောင်း ထောက်ခံစာပြနိုင်မှ ဂိတ်တွေက ဖြတ်သန်းခွင့်ပြု

ဖေဖော်ဝါရီ ၊ ၃ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်ဘက်က ကျေးရွာတချို့မှာ KIA နဲ့ နစကတပ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မန္တလေး – မုံရွာ – ဖားကန့် ကားလမ်းရဲ့ နေရာတချို့မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေက ဖားကန့်မှာနေထိုင်ကြောင်း ထောက်ခံစာပါလာတဲ့ ခရီးသည်တွေကိုပဲ သွားလာခွင့်ပေးပြီး ၊ နေထိုင်ကြောင်း ထောက်ခံစာ မပါတဲ့ ခရီးသည်တွေကိုတော့ အဲ့ဒီ စစ်ဆေးရေးဂိတ်ကနေ လာလမ်းအတိုင်း နောက်ကြောင်းပြန်လှည့်ခိုင်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကားသမားတယောက်က ” အခုရက်ပိုင်းမှာ KIA နဲ့ နစက တပ်တွေကြား နန့်တိန် ၊ ဝှေခါ ၊ ဆိုင်းတောင် ၊ မော်ရှန် ၊ ဆိပ်မူ…

Read More
VOM News

FREE
VIEW