အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှု မဟာဗျူဟာအမှား ဖြစ်တယ်လို့ အီရန် သတိပေး

 

တီဟီရန်၊ ဖေဖော်ဝါရီ-၄-၂၀၂၄

မျိုးဆက်(VOM)

အီရတ်နဲ့ ဆီးရီးယားရှိ ပစ်မှတ် ၈၅ ခုကို အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မဟာဗျူဟာ အမှားဖြစ်တယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။

အမေရိကန်စစ်အခြေစိုက်စခန်းတခုကို ပြီးခဲ့တဲ့သီတင်းပတ်က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးခဲ့တဲ့အပေါ် အီရတ်နဲ့ ဆီးရီးယားရှိ အီရန်နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွပစ်မှတ်တွေကို အမေရိကန်က လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အခြေစိုက်စခန်းကို တိုက်ခိုက်မှုမှာ ဘယ်လိုအခန်းကဏ္ဍကမှ မပါဝင်ကြောင်း အီရန် ငြင်းဆိုထားပြီး အစ္စလာမ္မစ်ခုခံရေးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေကို အမေရိကန်က ပြစ်တင်ထားပါတယ်။ အမေရိကန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် လူ ၁၆ ယောက်သေဆုံးခဲ့တယ်လို့ အီရတ်တာဝန်ရှိသူတွေက ပြောာပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံအချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ပြီး အီရတ်နဲ့ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်းရေးကို ထိခိုက်စေကြောင်း အီရတ်ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အချိန်နဲ့ နေရာ ဆက်လက်ရွေးချယ်ပြုလုပ်သွားမှာဖြစ်ပြီး အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်း သို့မဟုတ် ကမ္ဘာ့ဘယ်နေရာမှာမဆို ပဋိပက္ခကို ဖန်တီးမှာမဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုထားပါတယ်။

Ref:BBC

Photo:Getty Images/BBC

 

Related posts

Leave a Comment

VOM News

FREE
VIEW