၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ၁၂ ဆု ချီးမြှင့်ပေးအပ်

 

ဖေဖော်ဝါရီ ၃ – ၂၀၂၄

SN (VOM)

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ထူးချွန်ဆု‌ စုစုပေါင်း ၁၂ ဆုကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၆ နာရီက နေပြည်တော်ရှိ MICC 1 မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်ထူးချွန်ဆုတွေကို အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ချီးမြှင့်ခဲ့တာမှာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် တသက်တာထူးချွန်ဆုကို ဒါရိုက်တာ စည်သူအောင်မြင့်မြတ်၊ စည်သူ ဒေါ်နွဲ့နွဲ့စန်း၊ ဒါရိုက်တာ အလင်္ကာကျော်စွာ ပန်းချီစိုးမိုးတို့က ရရှိခဲ့ပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကံကောင်း ရုပ်ရှင်ဇာတ်ကား၊ ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) (စောင်နီလေးတထည်

ဇာတ်ကား)၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို သရုပ်ဆောင် ရန်အောင်က (စောင်နီလေးတထည် ဇာတ်ကား)၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို သရုပ်ဆောင် စိုးမြတ်သူဇာက ( ဘယ်တော့မှအရှုံးမပေးဘူးဇာတ်ကား)၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို သရုပ်ဆောင် နေဝင်းက (ရည်ရွယ်မိုး ဇာတ်ကား)၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို သရုပ်ဆောင် မေမြင့်မိုရ်က (မုန်းခွင့် ဇာတ်ကား)တို့နဲ့ ရရှိခဲ့ပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ဓာတ်ပုံပညာရှင် ဝင်းလွင်ထက်က (ကံကောင်းဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ကောင်းဆက်ပိုင် (ဂီတမြို့) က ( ကံကောင်းဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို ညိုမင်းလွင်က (ဆရာမ ဇာတ်ကား) တို့နဲ့ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် လေးယောက်ကို မြန်မာ့အကယ်ဒမီ ဖက်ရှင်ဆု (Myanmar Academy Fashion Award) တွေပေးအပ်ခဲ့တာမှာ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆု ခန့်စည်သူ၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆု ခင်သီတာထွန်း၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသားဆု ဟင်နရီဆန်နဲ့ အကောင်းဆုံး ဝတ်စားဆင်မှု အမျိုးသမီးဆု အိချောပိုတို့က ရရှိခဲ့ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW