မင်းပြားရှိ နစက တပ်ရင်းအားလုံးကို AA သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်

  ဖေဖော်ဝါရီ ၆ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ နစကတပ်ရင်းတွေ အားလုံးကို ရက္ခိုင့်တပ်တော် (AA) က မနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ညပိုင်းက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရခိုင်ဘက်က လာတဲ့သတင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ မင်းပြားမြို့မှာ နစကရဲ့ ခမရ (၃၈၀)၊ ခမရ (၃၇၉) နဲ့ ခမရ (၅၄၁) တပ်ရင်းတို့ရှိပြီး အဲ့ဒီ့ တပ်ရင်းတွေထဲက ခမရ (၃၈၀) ကို AA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ သိမ်းပိုက် ရရှိခဲ့ပြီးဖြစ်ကာ ဆက်လက်ပြီး ကျန်ရှိနေတဲ့ တပ်ရင်းနှစ်ခုကိုလည်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “နစကဘက်က ဒဏ်ရာ ရတဲ့သူတွေများတယ်။ ခမရ- ၃၇၉…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၆ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဆီနီဂေါရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့ သမ္မတ ဆုံးဖြတ်ချက် ဖွဲ့စည်းပုံအရ အာဏာသိမ်းတာလို့ အတိုက်အခံတွေ ဝေဖန်

  ဒက်ကာ၊ ဖေဖော်ဝါရီ-၆-၂၀၂၄ မျိုးဆက်(VOM) ဆီနီဂေါနိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို သမ္မတက ရွှေ့ဆိုင်းလိုက်တဲ့ကိစ္စအပေါ် လွှတ်တော်ရှေ့မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ သုံးပတ်အလိုမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီးနောက်မှာ သမ္မတ မက်ကီဆေးလ်ရဲ့ ရာထူးသက်တမ်း တိုးဖို့နဲ့ ရွေးကောက်ပွဲရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အခုလို ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းတာဖြစ်ကြောင်း အတိုက်အခံခေါင်ဆောင်နဲ့ ဒက်ကာမြို့တော်ဝန်ဟောင်းဖြစ်သူ ခါလီဖာဆေးလ်က ဝေဖန်ထားပြီး ဒီကိစ္စအပေါ် ဆန့်ကျင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ သူရဲ့ နိုင်ငံရေးညွှန့်ပေါင်းအဖွဲ့ဟာလည်း တရားရုံးချုပ်ကို သွားရောက်မှာဖြစ်ပါတယ်။ “ ဒါဟာ နိုင်ငံတော် သစ္စာဖောက်မှုကြီးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သမိုင်းရဲ့ အမှန်တရားဘက်မှာ ရပ်တည်ကြပါ” လို့ သမ္မတလောင်း ကိုယ်စားလှယ်တယောက်ဖြစ်သူ သီယာနိုအယ်လ်စိန်းဆေးလ်က ပြောပါတယ်။ လွှတ်တော်ဟာ ရွေးကောက်ပွဲကို ခြောက်လရွှေ့ဆိုင်းဖို့ မူလက…

Read More

KIA နဲ့ PDF အဖွဲ့တွေက သုံးလကျော် ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို နစကတပ်က ပြန်လည်ထိုးစစ်ဆင်လို့ ကျေးရွာ ၃၀ ကျော် တိမ်းရှောင်နေရ

ဖေဖော်ဝါရီ ၊ ၆ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၇ ရက်ကစလို့ KIA နဲ့ PDF လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့နယ်မှာ ဒီမနက်ပိုင်းကစလို့ ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ယာယီတိုက်ပွဲရှောင် ပြည်သူတွေဆီက သိရပါတယ်။ ကောလင်းမြို့နယ် ရဲ့ ဒီကနေ့ အခြေအနေနဲ့ ပတ်သက်လို့ ယာယီတိုက်ပွဲရှောင် တယောက်က ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ၊ ညပိုင်းကစလို့ ကောလင်းမြို့ခံတွေ ထွက်ခွာပေးဖို့ ကြေညာတယ် ၊ အဲ့ဒီ ကြေညာချက်ကြောင့် မြို့ပေါ်က လက်ကျန် ပြည်သူတွေ ထွက်ပြေးကြတယ် ၊ နောက်ပြီး ကောလင်းမြို့နယ်ထဲက ကျောက်ပြင်သာ…

Read More

တအာင်းတိုင်းရင်းသားတွေကို TNLA က တအိမ်တယောက် စစ်မှုမထမ်းမနေရ ခေါ်နေတာ ကြာပြီဖြစ်ပြီး သုံးနှစ် ထမ်းဆောင်ရမယ်လို့ ပြောပေမယ့် ပြန်ထွက်ဖို့ခက်

  ဖေဖော်ဝါရီ ၆၊ ၂၀၂၄ Shy V (VOM) TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက သူတို့ထိမ်းချုပ်ရာနယ်မြေတွေမှာ လူငယ်ေတွ စစ်မှုထမ်းဖို့ စစ်မှုထမ်း ဥပဒေဆိုတာကို ဖေဖော်ဝါရီ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာပါတဲ့ တအိမ်တယောက် စစ်မှုမထမ်းမနေရဆိုတာ တအာင်းလူမျိုးတွေအနေနဲ့ တအိမ် တယောက် TNLA စစ်မှုမထမ်းမနေရ ခေါ်နေတာ ကြာပြီဖြစ်ပြီး သုံးနှစ် ထမ်းဆောင်ရမယ်လို့ ပြောပေမယ့် သုံးနှစ်ပြည့်လည်း ပြန်မထွက်ခိုင်းကြောင်း တအာင်းတိုင်းရင်းသားတွေဆီက သိရပါတယ်။ “သူတို့က ပါးစပ်ကပဲ ရှိတာပါ။ ဘယ်လိုလဲ ဆိုလို့ ရှိရင် ကျနော် ပြောမယ်ဗျာ သူတို့က သုံးနှစ်လို့ ပြောလိုက်တာပဲ ရှိတယ်။ ကျနော့် အသိတွေလည်း ရှိတယ်။ ပညာတတ်တာ၊ မတတ်တာ အကုန် တအိမ် တယောက်နဲ့ ဆွဲခေါ်သွားတဲ့ ဥစ္စာ သုံးနှစ် ထမ်းဆောင်ပေးရမယ်…

Read More

ပါကစ္စတန်မှာ ရဲစခန်းကို စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် ရဲ ၁၀ ယောက်သေဆုံး

အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ-၆-၂၀၂၄ မျိုးဆက်(VOM) ပါကစ္စတန်ရဲစခန်းတခုကို စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်သွေးကြွ ၃၀ ကျော်ဟာ ဖေဖော်ဝါရီ ၅ ရက် နံနက်အစောပိုင်းက ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်နာရီခွဲ ကျော်ကြာ တိုက်ခိုက်မှုအတွင်း အခြားလေးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်ဘာပက်ခ်တွန်ဝါ ပြည်နယ်ရဲမှူးက အတည်ပြုပြောဆိုပါတယ်။ စစ်သွေးကြွတွေဟာ ရဲစခန်းကို စနိုက်ပါနဲ့ အရင်ပစ်ခဲ့ပြီးနောက် လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး မတူညီတဲ့ လမ်းကြောင်းသုံးခုကနေ တိုက်ခိုက်အပြီးမှာတော့ ရဲစခန်းကို ခေတ္တထိန်းချုပ်ထားခဲ့ကြောင်း ပြည်နယ်ရဲမှူးက ပြောပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်အဖွဲ့ကကြိုးကိုင်လုပ်ဆောင်တာ သို့မဟုတ် လာမယ့် ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ဆက်နွယ်မှုရှိမရှိ ရှင်းလင်းစွာ မသိရသေးပါဘူး။ လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်ဟာလည်း အဲဒီပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပစ်သတ်ခံရမှုအပါအဝင် မကြာသေးမီသီတင်းပတ်တွေအတွင်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၆ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၂၀ ကျပ် ဝယ်ဈေး – ၃၄၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၀ ကျပ် ဝယ်ဈေး – ၂၅၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ- ၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ချားလ်စ်ဘုရင် ကင်ဆာဖြစ်နေတယ်လို့ ဘက်ကင်ဟမ်နန်းတော် ထုတ်ပြန်

  လန်ဒန်၊ ဖေဖော်ဝါရီ-၆-၂၀၂၄ မျိုးဆက်(VOM) ချားလ်စ်ဘုရင်မှာ ကင်ဆာရောဂါတမျိုး ဖြစ်ပွားနေတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ဖေဖော်ဝါရီ ၅ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ဆီးကြိတ်ကင်ဆာမဟုတ်ဘူးလို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ချားလ်စ်ဘုရင်ဟာ ဆီးကြိတ်ကြီးတာကို ကုသရင်းနဲ့ ကင်ဆာရောဂါကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူဟာ မနေ့ကစပြီး ပုံမှန်ကုသမှုတွေကို စတင်ခဲ့ပြီး ဒီကာလအတွင်း လုပ်ငန်းတာဝန်တွေကို ရွှေ့ဆိုင်းထားမယ်လို့ နန်းတော်ကထုတ်ပြန်ထားပါတယ်။ အသက် ၇၅ နှစ်အရွယ် ချားလ်စ်ဘုရင်ဟာ ကုသမှုအပေါ် ယုံကြည်မှုရှိပြီး တာဝန်တွေကို အမြန်ထမ်းဆောင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ ကင်ဆာရောဂါဖြစ်ပွားနေတဲ့ အဆင့်ကိုတော့ ဘက်ကင်ဟမ်နန်းတော်က အသေးစိတ်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ကင်ဆာဖြစ်နေတာနဲ့ပတ်သက်ပြီး ချားလ်စ်ဘုရင်ဟာ သားတော်နှစ်ပါးကို အသိပေးခဲ့ပြီး ဝေလမင်းသားဟာ ခမည်းတော်ဖြစ်သူနဲ့ ပုံမှန်အဆက်အသွယ်ရှိတယ်လို့ ပြောပါတယ်။ အမေရိကန်မှာနေထိုင်တဲ့ မင်းသားဟယ်ရီကတော့ ချားလ်စ်ဘုရင်ကို တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး လာမယ့်ရက်အနည်းငယ်အတွင်း ဗြိတိန်ကို လာရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ ချားလ်စ်ဘုရင်ဟာ…

Read More

This Day in History

Voice of Myanmar မန်ချက်စတာယူနိုက်တက် ဘောလုံးသမားများ လိုက်ပါသွားသည့် လေယာဉ်သည် ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ပျံတက်ပြီးများမကြာမီ ပျက်ကျမှုကြောင့် ကစားသမား ရှစ်ဦးနှင့် အခြား ၁၅ ဦးပါအဝင် လူ၂၃ ဦးသေဆုံးခဲ့သည်။

Read More
VOM News

FREE
VIEW