အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှု အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ် ထိပ်တန်းတပ်မှူး သေဆုံး

 

ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ-၈-၂၀၂၄

မျိုးဆက်(VOM)

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်ထိပ်တန်းတပ်မှူး သေဆုံးသွားပါတယ်။

ခါတိုက်ဟဇ်ဘိုလာအဖွဲ့ ထိပ်တန်းတပ်မှူးနဲ့ အခြားနှစ်ယောက်ဟာ အီရန်မြို့တော်အရှေ့ဘက်မှာ ပစ်မှတ်ထားတိုက်ခိုက်ခံရချိန်မှာ ယာဉ်တစီးပေါ်မှာ အတူရှိနေခဲ့ပြီး သုံးယောက်စလုံးသေဆုံးခဲ့ပါတယ်။

ဒါဟာ လူရှုပ်ထွေးတဲ့လမ်းပေါ်မှာ ရွေ့လျားနေတဲ့ ကားတစင်းကို အမေရိကန်ရဲ့ တိကျတဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ သေဆုံးသွားတဲ့တပ်မှူးဟာ အဘူဘာကာအယ်လ်ဆာဒီဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက ဂျော်ဒန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်သုံးယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေကို အမေရိကန်က အပြစ်တင်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ ဆီးရီးယားနဲ့ အီရတ်ရှိ စစ်သွေးကြွပစ်မှတ် ၈၅ ခုကို လက်တုံ့ပြန်တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ စစ်သွေးကြွထိပ်တန်း တပ်မှူးကို မောင်းသူမဲ့လေယာဉ်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Ref:BBC

Photo: Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW