တိုက်ပွဲတွေကြောင့် ဖားကန့်မြို့နယ်မှာ လျှပ်စစ်မီးပြန်ရဖို့ ရက်ပေါင်းများစွာ ကြာမြင့်နိုင်

ဖေဖော်ဝါရီ ၈ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်ကျေးရွာနဲ့ ခုနစ်မိုင်ကုန်းကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ မိုးကောင်း-ဖားကန့် ၆၆ ကေဗွီ ဓာတ်အားလိုင်းကို နယ်မြေအခြေအနေအရ ပြင်ဆင်ဖို့ အခက်အခဲရှိနေတဲ့အတွက် ဖားကန့်မြို့နယ်မှာ လျှပ်စစ်မီးပြန်ရဖို့ ရက်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနဲ့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် နမ့်တိန်နဲ့ ဖားကန့်မြို့ကြားက ဓာတ်တိုင်တွေ ထိမှန်ပျက်စီးခဲ့တဲ့အတွက် အခုလို ဖားကန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ “ဒီနေ့ဆိုရင် မီးပျက်နေတာ ငါးရက်လောက်ရှိပြီ။ လုံးခင်း၊ ဖားကန့်၊ ဆိုင်တောင် အကုန်ပဲ။ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကတော့ နယ်မြေတည်ငြိမ်တာနဲ့ ပြန်ပြင်ဖို့ စီစဉ်နေတယ်လို့ ပြောတယ်။ အခုကတော့ လုံခြုံရေးအခြေအနေအရ…

Read More

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုင်ငံထဲ နောက်ထပ်ဝင်ခွင့်မပေးတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ပြော

  ဒါကာ ၊ ဖေဖော်ဝါရီ-၈-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံက နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ ထွက်ပြေးလာတဲ့ ဒုက္ခသည် တသန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ ခိုလှုံနေကြပါတယ်။ “ ဘယ်ရိုဟင်ဂျာကိုမှ နိုင်ငံထဲကို နောက်ထပ်ဝင်ခွင့်မပြုတော့ဘူး။ သူတို့က မိမိတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေပြီ။ နိုင်ငံတကာ အကူအညီတွေ သိသိသာသာ လျော့သွားတာကြောင့် သူတို့ကို ဘယ်လောက်ကြာအောင် ထောက်ပံ့ပေးနိုင်မလဲ မသေချာဘူး” လို့ အစိုးရအဖွဲ့ ဝန်ကြီးတဦးဖြစ်သူ အိုဘိုင်ဒူကွာဒါက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အေအေနဲ့ စနကတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေအပါအဝင် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ဖို့ မြန်မာနယ်စပ်မှာ စုဝေးနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်နာ မိုဟာမက် မီဇာနာရာမန်က…

Read More

ပါကစ္စတန်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေ စတင်၊ တရက်အလိုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ယောက်သေဆုံး

  အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ-၈-၂၀၂၄ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကြားမှာ ပြည်သူသန်းပေါင်းများစွာဟာ ဖေဖော်ဝါရီ ၈ ရက် ရွးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုများစတင်နေပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် တရက်အလို မှာ ဖေဖော်ဝါရီ ၇ ရက်က ဘာလိုချီစတန်ပြည်နယ်မှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ယောက် သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိသွားပါတယ်။ အတိုက်အခံပီတီအိုင်ပါတီကိုဦးဆောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းဟာ အကျင့်ပျက်ချစားမှု နိုင်ငံတော် လျှိဝှက်ချက်ပေါက်ကြားမှုတွေကြောင့် ထောင်ဒဏ်ချမှတ်ခံရပြီးရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် အပိတ်ခံထားရပါတယ်။ ပါလီမန်အမတ်နေရာ ၃၃၆ နေရာအတွက် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဝင် ရောက်ယှဉ်ပြိုင်နေကြပါတယ်။လက်ရှိအာဏာရပါကစ္စတန်မွတ်ဆလင်လင်အဖွဲ့ချုပ်ပါတီက ဝန်ကြီးချုပ်နာဝပ်ဇ်ရှရစ်ဖ်ကို ရွေးကောက်ပွဲမှာ ဦးဆောင်အနိုင်ရမယ့်သူအဖြစ် ရှုမြင်ထားကြပါတယ်။ ပါကစ္စတန်မှာ လူဦးရေသန်း ၂၄၀ ကျော်ရှိရာ ရွေးကောက်ပွဲမဲပေးဖို့ အတွက် ၁၂၈ သန်းစာရင်းပေးထားပြီး သူတို့ထဲက ထက်ဝက်နီးပါးဟာ အသက် ၃၅ နှစ်အောက်…

Read More

ဆေးဝါး၊ စားသောက်ကုန် ဈေးနှုန်းတွေကြား ပျောက်ကွယ်နေဆဲ ပြည်သူ့မျှော်လင့်ချက်

  ဖေဖော်ဝါရီ-၈-၂၀၂၄ SN (VOM) “ဒီဆေးတွေမရဘူး ပစ္စည်းပြတ်နေတယ်” ဆိုတဲ့ ဆေးဆိုင်ပိုင်ရှင်ဆီက စကားကြောင့် ဒေါ်လှခင်တယောက် အလွန်စိတ်ညစ်သွားပါတယ်။ နှစ်ရှည်လများ ဆီးချိုရောဂါ ခံစားနေရတဲ့ ဒေါ်လှခင်အနေနဲ့ ပုံမှန်သောက်နေကျ ဆေးတွေ ပစ္စည်းပြတ်တာကြောင့် ဝယ်လို့မရတဲ့ အခြေအနေအပြင် ဝယ်လို့ရတဲ့ ဆေးတွေကျပြန်တော့လည်း ဈေးသုံးဆနီးပါး တက်သွားတဲ့အတွက် အခက်ကြုံနေရတာ ဖြစ်ပါတယ်။ သူမဟာ အားဆေးအပါအဝင် သွေးညှိဆေး၊ ဆီးချိုထိန်းဆေး စတဲ့ ဆေးဝါးငါးမျိုးကို မနက်၊ နေ့လယ်၊ ည သုံးကြိမ် နေ့စဉ် သောက်သုံးနေရသူတဦး ဖြစ်ပါတယ်။ သူမ သောက်နေကျဆေးတွေဟာ လက်ရှိမှာ ဈေးတက်တဲ့ဆေးက ဈေးတက်၊ ဝယ်မရတဲ့ဆေးက မရ ဖြစ်နေတယ်လို့ ပြောပါတယ်။ အရင်က လက်လီဈေးကွက်အတွင်း ဆီးချို၊ သွေးတိုး ရောဂါဆေးတွေဟာ အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၃၀၀၀ ဝန်းကျင် ရှိခဲ့တာမှာ လက်ရှိမှာတော့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပဲခူး ဇရပ်ကြီးတိုက်ပွဲမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ် နှစ်ဖက်လုံးအကျဆုံးရှိသလို ​အရပ်သားပြည်သူသေဆုံးမှုလည်းရှိခဲ့

  ရန်ကုန်၊ဖေဖော်ဝါရီ ၈-၂၀၂၄ GG (VOM) ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ်၊ဇရပ်ကြီးမြို့မှာရှိ နစကလုံခြုံရေးတပ်တွေနဲ့ KNLA ၊ PDF တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့လို့ နှစ်ဖက်အကျဆုံးရှိခဲ့သလို အရပ်သားပြည်သူသေဆုံးမှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ဇရပ်ကြီးမြို့မှာ ဖေဖော်ဝါရီ ၇ရက်နေ့ မနက် ၃ နာရီလောက်မှာ KNLA ၊PDF ပူးပေါင်းတပ်တွေက ဇရပ်ကြီးမှာရှိတဲ့ နစကရဲ့နယ်မြေခံတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း တပ်မတော်ဘက်က လေကြောင်းပစ်ကူမှုတွေပါ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း နေအိမ်စွန့်ခွာထွက်ပြေးခဲ့တဲ့ ဒေသခံပြည်သူတွေ အများအပြားရှိခဲ့သလို နေအိမ်အပျက်အစီး တွေ၊ နေအိမ်မီးလောင်တာတွေရှိခဲ့တယ်လို့ ဒေသခံကပြောပြပါတယ်။ ” မနေ့က မနက်အစောကြီးထဲကစဖြစ်နေတာတနေကုန်ပဲ။ ပြေးသူကပြေးကြတယ်။ မြို့ထဲ စျေးနားမီးလောင်တဲ့အိမ်တွေရှိတယ်။လက်နက်ကြီးကျလို့ သေဆုံးသူတွေလည်းရှိတယ်။အိမ်တွေ ထိခိုက်တာလည်းရှိတယ်။တချို့အများအပြားထွက်ရသူတွေကတော့ တောင်ငူကိုပြေးကြတယ်။ပရဟိတကားတွေလည်းလာခေါ်ကြတယ်။မနေ့ကညကတည်းကတော့အ​ခြေအနေကငြိမ်သွားတယ်၊ ခုမနက်လည်းငြိမ်နေဆဲပဲ ” လို့ ပြောပါတယ် ။ ကနဦးသိရှိရတဲ့အချက်အလက်တွေအရတော့ ဇရပ်ကြီးမြို့တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူ…

Read More

အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှု အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ် ထိပ်တန်းတပ်မှူး သေဆုံး

  ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ-၈-၂၀၂၄ မျိုးဆက်(VOM) အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်ထိပ်တန်းတပ်မှူး သေဆုံးသွားပါတယ်။ ခါတိုက်ဟဇ်ဘိုလာအဖွဲ့ ထိပ်တန်းတပ်မှူးနဲ့ အခြားနှစ်ယောက်ဟာ အီရန်မြို့တော်အရှေ့ဘက်မှာ ပစ်မှတ်ထားတိုက်ခိုက်ခံရချိန်မှာ ယာဉ်တစီးပေါ်မှာ အတူရှိနေခဲ့ပြီး သုံးယောက်စလုံးသေဆုံးခဲ့ပါတယ်။ ဒါဟာ လူရှုပ်ထွေးတဲ့လမ်းပေါ်မှာ ရွေ့လျားနေတဲ့ ကားတစင်းကို အမေရိကန်ရဲ့ တိကျတဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ သေဆုံးသွားတဲ့တပ်မှူးဟာ အဘူဘာကာအယ်လ်ဆာဒီဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက ဂျော်ဒန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်သုံးယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေကို အမေရိကန်က အပြစ်တင်ထားပါတယ်။ ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ ဆီးရီးယားနဲ့ အီရတ်ရှိ စစ်သွေးကြွပစ်မှတ် ၈၅ ခုကို လက်တုံ့ပြန်တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ စစ်သွေးကြွထိပ်တန်း တပ်မှူးကို မောင်းသူမဲ့လေယာဉ်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။…

Read More

This Day in History

Voice of Myanmar အရှေ့အလယ်ပိုင်းဒေသတွင် လေးနှစ်ကြာဖြစ်ပွားနေသော အကြမ်းဖက်ပဋိပက္ခများအဆုံးသတ်ရန်အတွက် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်စ်နှင့် အစ္စရေး၀န်ကြီးချုပ် အေရီရယ်ရှာရွန်တို့သည် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သည်။

Read More

လားရှိုး ညဈေးထိပ်က စန်းရွှင်ဟိုတယ်အနီး ဗုံးပေါက်ကွဲလို့ နှစ်ယောက်ထက်မနည်း ဒဏ်ရာရ

  ဖေဖော်ဝါရီ-၇-၂၀၂၄ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ညဈေးထိပ်၊ သုခလမ်းပေါ်က စန်းရွှင်ဟိုတယ် အနီး ကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၆ မိနစ်မှာ ဗုံး ပေါက်ကွဲလို့ အနီးနားက ပြည်သူ နှစ်ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နှစ်ယောက်‌ လောက်တော့ ထိတယ်။ ဒါပေမယ့် သေဝောာ့ မသေဘူး။ မိန်းကလေးက နှစ် ယောက်ထိတယ်။ တယောက်က သတိလစ်သွားတယ်။ တယောက်ကလက်မောင်း ထိသွားတယ်။ ယောက်ျားလေးက ဒီ စန်းရွှင်ဟိုတယ်က ။လုံခြုံရေး တယောက်က ချော်လဲတာလား ဘာလား မသိဘူး။ သူလည်း လန့်ပြီးတော့ ချော်လဲတာလားတော့ မသိဘူး လဲသွားတယ်။” ဒေသခံ တ‌ယာက်က ပြောပါတယ်။ ထိခိုက် ဒဏ်ရာရသွားတဲ့ မိန်းကလေး…

Read More
VOM News

FREE
VIEW