ပါကစ္စတန်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုတွေ စတင်၊ တရက်အလိုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ယောက်သေဆုံး

 

အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ-၈-၂၀၂၄

မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကြားမှာ ပြည်သူသန်းပေါင်းများစွာဟာ ဖေဖော်ဝါရီ ၈ ရက် ရွးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုများစတင်နေပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် တရက်အလို မှာ ဖေဖော်ဝါရီ ၇ ရက်က ဘာလိုချီစတန်ပြည်နယ်မှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ယောက် သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိသွားပါတယ်။

အတိုက်အခံပီတီအိုင်ပါတီကိုဦးဆောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းဟာ အကျင့်ပျက်ချစားမှု နိုင်ငံတော် လျှိဝှက်ချက်ပေါက်ကြားမှုတွေကြောင့် ထောင်ဒဏ်ချမှတ်ခံရပြီးရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် အပိတ်ခံထားရပါတယ်။

ပါလီမန်အမတ်နေရာ ၃၃၆ နေရာအတွက် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဝင် ရောက်ယှဉ်ပြိုင်နေကြပါတယ်။လက်ရှိအာဏာရပါကစ္စတန်မွတ်ဆလင်လင်အဖွဲ့ချုပ်ပါတီက ဝန်ကြီးချုပ်နာဝပ်ဇ်ရှရစ်ဖ်ကို ရွေးကောက်ပွဲမှာ ဦးဆောင်အနိုင်ရမယ့်သူအဖြစ် ရှုမြင်ထားကြပါတယ်။

ပါကစ္စတန်မှာ လူဦးရေသန်း ၂၄၀ ကျော်ရှိရာ ရွေးကောက်ပွဲမဲပေးဖို့ အတွက် ၁၂၈ သန်းစာရင်းပေးထားပြီး သူတို့ထဲက ထက်ဝက်နီးပါးဟာ အသက် ၃၅ နှစ်အောက် အရွယ်တွေဖြစ်ကြပါတယ်။ ရွေးကောက်ပွဲလဒ်ကိုတော့ သီတင်းနှစ်ပတ်အတွင်း ကြေညာသွားမှာဖြစ်ပါတယ်။

ပါကစ္စတန်မှာ မကြာသေးမီနှစ်တွေ အတွင်းရေကြီးရေလျှံမှုများအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ အပြင် နိုင်ငံရေးနဲ့ စီးပွားရးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒီအကျပ်အတည်းကို အစိုးရသစ်အနေနဲ့ ဦးဆောင်ဖြေရှင်းနိုင်ဖွယ်ရှိမရှိ အကဲခတ်များကစောင့်ကြည့်နေကြပါတယ်။

Ref:BBC/NHK

Photo:Getty Images/ Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW