မန္တလေး- ဖေဖော်ဝါရီ – ၁၂ – ၂၀၂၄
SA(VOM)
ဒီကနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မန္တလာသီရိအားကစားကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအခမ်းအနားကို တိုင်းရင်းသားတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဝန်ထမ်းတွေအပြင် ကျောင်းသား၊ ကျောင်းသူ လူဦးရေ တထောင်ကျော်တက်ရောက်ခဲ့ပြီး တိုင်းရင်းသားပေါင်းစုံက စတုဒိသာမဏ္ဍပ်တွေနဲ့ အစားအသောက်မျိုးစုံကို ကျွေးမွေးဧည့်ခံတာ တွေ့ရပါတယ်။