ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်တော့မယ်

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ ဘီလျံနာတယောက်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံရေးမှာ သြဇာကြီးခဲ့တဲ့ သက်ဆင်ဟာ ထောင်ကျမှုကို ရှောင်ရှားဖို့အတွက် ပြည်ပမှာ ၁၅ နှစ်ကြာ နေထိုင်ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့တာဖြစ်ပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ပြည်တော်ပြန်လာပြီးနောက် ချမှတ်ခံခဲ့ရတဲ့ ထောင်ဒဏ်ရှစ်နှစ်ကို ထိုင်းဘုရင်က လျှော့ပေါ့ပေးခဲ့ပြီးနောက်မှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာသာ နေထိုင်နေရတာဖြစ်ပါတယ်။

“ တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ အကျဉ်းထောင်ဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း ကိုက်ညီပါတယ်”လို့ သက်ဆင်မိသားစုရဲ့ မဟာမိတ်ဖြစ်သူ ထိုင်းဝန်ကြီးချုပ် သာဗီဆင်က ပြောပါတယ်။

အကျဉ်းထောင်ဌာနရဲ့ စည်းမျဉ်းအရ သက်ဆင်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နှောင်းပိုင်းမှာ လွတ်မြောက်လာနိုင်ပါတယ်။ ဒါပေမယ့် သက်ဆင်ရဲ့ ရှေ့နေဖြစ်သူကတော့ လွတ်မြောက်မယ့်ရက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW