ယူကရိန်းအရှေ့ပိုင်း အက်ဗ်ဒီကာမြို့ကို ရုရှားသိမ်းပိုက်နိုင်ခြေရှိကြောင်း အမေရိကန်က သတိပေး

 

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၆-၂၀၂၄

မျိုးဆက်(VOM)

 

ကြာသေးမီလတွေအတွင်း တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း အဓိကမြို့ဖြစ်တဲ့ အက်ဗ်ဒီကာမြို့ကို ရုရှားသိမ်းပိုက်မှုအောက် ကျရောက်နိုင်ခြေရှိကြောင်း အမေရိကန်က သတိပေးလိုက်ပါတယ်။

အက်ဗ်ဒီကာမြို့ဟာ ရုရှားထိန်းချုပ်မှုအောက် ရောက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ယူကရိန်းရဲ့ လက်နက်ခဲယမ်းပြတ်လပ်မှုတွေကို ကိုးကားပြီး ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ယူကရိန်းပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်မယ်လို့ ဆိုပါတယ်။ ရုရှားတပ်တွေဟာ အက်ဗ်ဒီကာမြို့ကို ဝိုင်းရံထားပြီး စစ်ရေးအသာစီးရရှိထားပါတယ်။

လက်ရှိမှာ ရုရှားတပ်တွေဟာ အက်ဗ်ဒီကာရှိ ယူကရိန်းခံစစ်စည်း ကတုတ်ကျင်းတွေထိရောက်ရှိနေပြီး ယူကရိန်းခံစစ်ကို လွှမ်းခြုံထားတယ်လို့ ဂျွန်ခရီဘီကပြောပါတယ်။

လုံး၀ပျက်စီးလုနီးပါးဖြစ်နေတဲ့ အဲဒီမြို့ကို ၂၀၁၄ ခုနှစ်မှာ ရုရှားကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးသမားတွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ယူကရိန်းဒေသဆိုင်ရာမြို့တော် ဒွန်နက်စ်အနီးရှိ တံခါးပေါက်တခုအဖြစ် ရှုမြင်ရပါတယ်။

 

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW