ဆိုးလ်၊ ဖေဖော်ဝါရီ-၂၀
မျိုးဆက်(VOM)
တောင်ကိုရီးယားနိုင်ငံမှာ ဆရာဝန် တိုးမြှင့်ခန့်ထားမယ့် အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပြီး ကျန်းမာရေးစနစ်နဲ့ပတ်သက်ပြီး အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်မှာ ဆရာဝန်ပေါင်း ၁၆၃၀ ဦး နှုတ်ထွက်စာတင်ခဲ့ကြောင်း တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အလုပ်သင်ဆရာဝန် တထောင်ကျော်ကို အလုပ်ပြန်ဆင်းဖို့ တောင်ကိုရီးယား အစိုးရက ဖေဖော်ဝါရီ ၂၀ ရက်မှာ ညွှန်ကြားထားပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ အိုအီးစီဒီနိုင်ငံတွေထဲမှာ လူနာနဲ့ ဆရာဝန်အချိုးအစားအနိမ့်ဆုံးဖြစ်နေပြီး အစိုးရအနေနဲ့ ဆေးကျောင်းဝင်ခွင့်ကို အရေအတွက်တိုးမြှင့်လိုနေပါတယ်။ ဒါပေမယ့် ဒီကိစ္စကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာမှာကို ဆရာဝန်တွေက ဆန့်ကျင်နေကြတာလို့ လေ့လာသူတွေက ပြောပါတယ်။
လက်ရှိမှာ ဆန္ဒပြကန့်ကွက်မှုတွေ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လုပ်ထုံးလုပ်နည်းအများစုဟာ အာမခံစနစ်နဲ့ ဆက်နွယ်နေတာကြောင့် ဆေးရုံတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ပုဂ္ဂလိကဖြစ်ပါတယ်။
အိုအီးစီဒီရဲ့ ၂၀၂၂ ခုနှစ်ထုတ်ပြန်ချက်အရ တောင်ကိုရီးယားရှိဆရာဝန်တွေဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံးရရှိသူတွေထဲမှာ ပါဝင်ပြီး အစိုးရဆေးရုံ အထူးကုဆရာဝန်တယောက်ဟာ တနှစ်ကို ဒေါ်လာ နှစ်သိန်းနီးပါးထိ ရရှိပါတယ်။
Ref:BBC
Photo:AFP