ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

Read More

ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်တယ်လို့ သံရုံး ကြေညာ

ဖေဖော်ဝါရီ ၂၀ – ၂၀၂၄ SN (VOM) အခုရက်ပိုင်းအတွင်း ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားသူအရေအတွက် များပြားနေတာကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး ထိုင်းဗီဇာရက်ချိန်းကို အွန်လိုင်းကတဆင့် လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဒီနေ့ရက်စွဲနဲ့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ဗီဇာရက်ချိန်းရယူခြင်းကို အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းရယူခြင်း (Visa Appointment Booking online – VABO) နဲ့ သံရုံးရှေ့မှာ လူကိုယ်တိုင် ဗီဇာရက်ချိန်းယူခြင်း စတဲ့ နည်းလမ်း နှစ်မျိုးနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။ “အခုလို စီစဉ်လိုက်တာ ကောင်းပါတယ်။ သံရုံးရှေ့မှာ အချိန်အများကြီးပေးပြီး တန်းစီစရာမလိုတော့ဘူးပေါ့။ ပြီးတော့ ပွဲ‌စားတွေအတွက် လုပ်စားခွင်လည်း မရှိနိုင်တော့ဘူး။ အရင်လို ပွဲစားနဲ့အပ်လို့မရတော့ဘူးပေါ့” လို့ ထိုင်းနိုင်ငံကို သွားရောက်ဖို့…

Read More

ကလေးဝမြို့နယ် ဆင်အိုင်မ ပြည်သူ့စစ်ရွာမှာ တိုက်ပွဲတွေဖြစ်ပွား ၊ မဟာမြိုင် ကားလမ်းမှာ ယာဥ်အသွားအလာ မရှိဖြစ်နေ

  ဖေဖော်ဝါရီ ၊ ၂၀ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်း ၊ မဟာမြိုင်တောထဲမှာ ရှိတဲ့ ၊ အောင်ချမ်းသာကျေးရွာအုပ်စု ၊ ဆင်အိုင်မ ပြည်သူ့စစ်ကျေးရွာကို ဒီကနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်ကစလို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မဟာမြိုင် ဒေသခံ တယောက်က ” ဆင်အိုင်မရွာဘက်က ပြည်သူ့စစ်စခန်းမှာ ဒီမနက် အစောပိုင်း ၁ နာရီကတည်းက တိုက်ပွဲစဖြစ်တယ် ၊ မနက် ၄ နာရီဝန်းကျင်လောက်မှာ လေကြောင်းပစ်ခတ်မှုတွေ ပါလာတယ် ၊ ဒီမနက် မိုးလင်းတော့…

Read More

ရုရှားသမ္မတ ပူတင်က ကင်ဂျုံအန်အတွက် ကားတစီး လက်ဆောင်ပေး

  ပြုံးယမ်း ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၄ မျိုးဆက်(VOM) ရုရှားသမ္မတ ပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အတွက် ရုရှားလုပ်ကားတစီး လက်ဆောင်ပေးခဲ့တယ်လို့ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မန်သတင်းစာက ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ရေးသားဖော်ပြထားပါတယ်။ အကိုဖြစ်သူအတွက် ကားလက်ဆောင်ပေးတဲ့အပေါ် ရုရှားဘက်ကို ကျေးဇူးတင်ကြောင်း ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ပြောဆိုထားပြီး ဒီလက်ဆောင်ဟာ ခေါင်းဆောင်တွေအကြား အထူးကိုယ်ရေးကိုယ်တာ ဆက်ဆံရေးရှိတယ်ဆိုတာ သိသာထင်ရှားတဲ့ လက္ခဏာတရပ်လို့ ဆိုပါတယ်။ ရုရှားသမ္မတပူတင် လက်ဆောင်ပေးလိုက်တဲ့ မော်တော်ကားရဲ့ မော်ဒယ် သို့မဟုတ် အသေးစိတ်အချက်အလက်တွေကိုတော့ ရိုဒေါင်ဆင်မန်သတင်းစာက ဖော်ပြထားခြင်းမရှိပါဘူး။ ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ရုရှားကိုသွားရောက်ခဲ့ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကြောင့် နိုင်ငံတကာက ဖိအားတွေပေးနေစဉ်မှာ ရုရှားဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုမိုနီးကပ်လာပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားအတွက် လက်နက်တွေထောက်ပံ့နေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက…

Read More

မြေပုံမြို့နယ် မီးဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ

  ဖေဖော်ဝါရီ ၂၀ – ၂၀၂၄ SN (VOM) ပေါ့ဆမီးကတဆင့် မီးလောင်မှုကြောင့် နေအိမ် ၂၇ လုံး ပျက်စီးခဲ့တဲ့ ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က မီးဘေးသင့် ပြည်သူ ၁၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကမ်းထောင်းကြီးမြို့ မီးဘေးသင့်ပြည်သူများ ကူညီရေးကော်မတီ အတွင်းရေးမှူး ကိုရန်နိုင်ဖြိုးက ပြောပါတယ်။ ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်၊ ဂုံးခွံလမ်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်၊ နေ့လယ် ၁ နာရီ၊ ၁၀ မိနစ်ဝန်းကျင်က မီးဖိုချောင်မှ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၅၅ ယောက်၊ အမျိုးသမီး ၇၁ ယောက်၊ စုစုပေါင်း လူဦးရေ ၁၂၆ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ “အိမ်တွေ မီးလောင်သွားတာက ပစ္စည်းတခုမှ…

Read More

တောင်ကိုရီးယားမှာ ဆရာဝန်တွေ သပိတ်မှောက်နေ

ဆိုးလ်၊ ဖေဖော်ဝါရီ-၂၀ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ ဆရာဝန် တိုးမြှင့်ခန့်ထားမယ့် အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပြီး ကျန်းမာရေးစနစ်နဲ့ပတ်သက်ပြီး အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်မှာ ဆရာဝန်ပေါင်း ၁၆၃၀ ဦး နှုတ်ထွက်စာတင်ခဲ့ကြောင်း တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အလုပ်သင်ဆရာဝန် တထောင်ကျော်ကို အလုပ်ပြန်ဆင်းဖို့ တောင်ကိုရီးယား အစိုးရက ဖေဖော်ဝါရီ ၂၀ ရက်မှာ ညွှန်ကြားထားပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ အိုအီးစီဒီနိုင်ငံတွေထဲမှာ လူနာနဲ့ ဆရာဝန်အချိုးအစားအနိမ့်ဆုံးဖြစ်နေပြီး အစိုးရအနေနဲ့ ဆေးကျောင်းဝင်ခွင့်ကို အရေအတွက်တိုးမြှင့်လိုနေပါတယ်။ ဒါပေမယ့် ဒီကိစ္စကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာမှာကို ဆရာဝန်တွေက ဆန့်ကျင်နေကြတာလို့ လေ့လာသူတွေက ပြောပါတယ်။ လက်ရှိမှာ ဆန္ဒပြကန့်ကွက်မှုတွေ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လုပ်ထုံးလုပ်နည်းအများစုဟာ အာမခံစနစ်နဲ့ ဆက်နွယ်နေတာကြောင့် ဆေးရုံတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ပုဂ္ဂလိကဖြစ်ပါတယ်။ အိုအီးစီဒီရဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၀ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၉၀ ကျပ် ဝယ်ဈေး – ၃၅၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၃၅ ကျပ် ဝယ်ဈေး – ၂၅၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၁ ကျပ် ဝယ်ဈေး – ၄၈၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ထိုင်းကို တရားမဝင်လာတဲ့ မြန်မာတွေကို အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ် သတိပေး

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၀-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာရောက်တဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရာက်သာ သာဗီဆင်က သတိပေးပြောဆိုလိုက်ပါတယ်။ လာမယ့် ဧပြီလကစပြီး အသက်ပြည့်မီတဲ့သူတွေအနေနဲ့ စစ်မှုထမ်းရမယ်လို့ မြန်မာအာဏာပိုင်တွေက ထုတ်ပြန်ကြေညာပြီးနောက် ထိုင်းနိုင်ငံကို သွားရောက်ခွင့်ဗီဇာလျှောက်ထားမှုတွေ သိသိသာသာမြင့်တက်လာချိန်မှာ ထိုင်းဝန်ကြီးချုပ်က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ “သူတို့တရားဝင်လာတယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် တရားမဝင်လာရောက်ခဲ့မယ်ဆိုရင်တော့ ဥပဒေအရအရေးယူသွားမှာဖြစ်ပြီး ဒီကိစ္စကို လုံခြုံရေး အေဂျင်စီတွေနဲ့ ဆွေးနွေးညှိနှိုင်းထားတယ်” လို့ ထိုင်းဝန်ကြီးချုပ် သာဗီဆင်က ပြောပါတယ်။ အခုလို လာရောက်မှုတွေကြောင့် ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို မြန်မာရွှေ့ပြောင်းလုပ်သားတွေက လုယူခံရမှာကို စိုးရိမ်နေတဲ့အပေါ်လည်း ကိုင်တွယ်ဖြေရှင်းနေတယ်လို့ သူကဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁ ရာခိုင်နှုန်းအောက်မှာသာရှိနေပြီး ထိုင်းနိုင်ငံမှာ သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ကိုက်ညီတဲ့ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားအများအပြား လိုအပ်နေသေးကြောင်း ထိုင်းဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုပါတယ်။…

Read More

This Day in History

Voice of Myanmar ပရောဂျက်မာကျူရီ အာကာသပျံသန်းမှုလေ့ကျင့်ရေးအတွက် အမေရိကန်အာကာသအေဂျင်စီမှ ရွေးချယ်ထားသော အာကာသယာဉ်မှူးခုနှစ်ဦးအနက် အသက်အကြီးဆုံးဖြစ်သူ ဂျွန်အိတ်ချ်ဂလင်းသည် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကမ္ဘာကို အာကာသတွင်းမှ သုံးကြိမ်တိုင်လှည့်ပတ်နိုင်ခဲ့သည့် ပထမဆုံးသော အမေရိကန်နိုင်ငံသား ဖြစ်လာသည်။

Read More
VOM News

FREE
VIEW