နစကတပ်နဲ့ PNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားလို့ ဟိုပုံး – မိုင်းပွန် – လွိုင်လင်လမ်း သွားလာမရ ဖြစ်နေ

 

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄

Shy V (VOM)

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံး နဲ့ လွိုင်လင်ကြားက မိုင်းပွန် အနီး နစကတပ်၊ PNO နဲ့ PNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားလို့ ဟိုပုံး – မိုင်းပွန် – လွိုင်လင် လမ်း အသွားအလာ မရတော့ကြောင်း ဒေသခံတွေနဲ့ ယာဉ်‌ေမာင်း တွေဆီက သိရပါတယ်။

ကုန်တင် ယာဉ်မောင်း တယောက်ကဝောာ့ တိုက်ပွဲကြောင့် မိုင်းပွန်မြို့မှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။

“မန္တလေးဘက် အဆင်းကားက လုံးဝ အဆင်မပြေသေးဘူး။ အတက်ကား‌ေလးတွေက ပြတ်တောက် ပြတ်တောက် ထွက်လာတာ တွေ့ရတယ်။ ကားလေးပဲ တွေ့တာပေါ့နော်။ ကားကြီး မရှိဘူး။ လုံးလုံး ပိတ်တဲ့ အနေအထား ဖြစ်နေတယ် လောလောဆယ်။ ဒီနေ့အတွက်တော့ လုံးလုံး လမ်းမမြင်ပါ၊ လမ်းမဖွင့်ပါ” လို့ သူက ပြောပါတယ်။

တိုက်ပွဲက မိုင်းပွန်အနီး ပုံးအယ်ရွာ နဲ့ နမ့်ဗော်ခမ်းရွာ ဖြစ်ပွားနေပြီး မိုင်းပွန်မြို့အတွင်း လက်နက်ကြီးအသံကြောင့် ဒေသခံတွေထိတ်လန့် စိုးရိမ်နေရတယ်လို့ မိုင်းပွန် ဒေသခံ တယောက်က ပြောပါတယ်။

“ကားလမ်း အသွားအလာ၊ အဝင်အထွက်ကို မနက်ပိုင်း ၁၁ နာရီဝန်းကျင်ကစ ပိတ်တာ။ ညနေ လေးနာခွဲမှာ ပြန်ဖွင့်ပေးတယ်။ ပိတ်မိနေတဲ့ ကားတွေတော့ အရမ်းများလို့ မပြောပြတတ်ဘူး။ မိုင်းပွန်တံတားကြီးမှာ ပိတ်တာ။ မိုင်းပွန် – လွိုင်လင် – ထမ်စန်း အကုန်ပိတ်တယ်။” လို့ သူက ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်သံတွေက မိုင်းပွန်မြို့က နေအိမ်တွေတောင် တုန်ခါ တယ်လို့ ဆိုပါတယ်။

“အိမ်တွေတောင်လှုပ်တယ်။ ဒေသခံတွေ ကြောက်လန့်နေရတယ်။ မိုင်းပွန်က ဒေသခံ ပြည်သူ‌ေတွ အကုန်ဘေးကင်းတယ်။ ရွာဖက်က လူတွေတော့ မသိရဘူး။ လက်နက်ကြီးသံ အခုထိကြားနေကတုန်းပဲ။ သတင်းတိတိကျကျမရသေးဘူးဗျ။ ရွာဖက်နဲ့ဆက်သွယ်ရခက်တော့။ ခြေနေတွေကအရမ်းရှုပ်နေလို့ သတင်းအတိကျမရနိုင်ဘူးဖြစ်နေတာ။ မနက်ပိုင်းကထက် အခြေနေပိုဆိုးနေတယ်။ ရွာဖက်ကတော့ ပြေးကုန်ပြီ။ သက်ကြီးရွယ်အိုအနည်းငယ်ကျန်တယ်လို့ပြောကြတယ်။ မိုင်းပွန်မှာကောပဲ စစ်တပ်နဲ့ နီးတဲ့သူတွေ မြို့ထဲပြေးဝင်ကုန်ပြီ။ အခြေနေမဟန်တော့ဘူးလို့ပြောကြတယ်” လို့ သူက ရှင်းပြပါတယ်။

ဟိုပုံး – မိုင်းပွန် – လွိုင်လင် လမ်းမ အနီးတွေဘက် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ စစ်တပ်၊ PNO ပြည်သူ့စစ်တို့ အကြား ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစ လက်ရှိထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Photo Crd# CJ

 

Related posts

Leave a Comment

VOM News

FREE
VIEW