နစကတပ်နဲ့ PNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားလို့ ဟိုပုံး – မိုင်းပွန် – လွိုင်လင်လမ်း သွားလာမရ ဖြစ်နေ

  ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံး နဲ့ လွိုင်လင်ကြားက မိုင်းပွန် အနီး နစကတပ်၊ PNO နဲ့ PNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားလို့ ဟိုပုံး – မိုင်းပွန် – လွိုင်လင် လမ်း အသွားအလာ မရတော့ကြောင်း ဒေသခံတွေနဲ့ ယာဉ်‌ေမာင်း တွေဆီက သိရပါတယ်။ ကုန်တင် ယာဉ်မောင်း တယောက်ကဝောာ့ တိုက်ပွဲကြောင့် မိုင်းပွန်မြို့မှာ ပိတ်မိနေတယ်လို့ ပြောပါတယ်။ “မန္တလေးဘက် အဆင်းကားက လုံးဝ အဆင်မပြေသေးဘူး။ အတက်ကား‌ေလးတွေက ပြတ်တောက် ပြတ်တောက် ထွက်လာတာ တွေ့ရတယ်။ ကားလေးပဲ တွေ့တာပေါ့နော်။ ကားကြီး မရှိဘူး။ လုံးလုံး ပိတ်တဲ့ အနေအထား ဖြစ်နေတယ် လောလောဆယ်။ ဒီနေ့အတွက်တော့ လုံးလုံး…

Read More

မင်းပြားရှိ နစကရဲ့ တိုင်းဗဟို (၉) ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

ဖေဖော်ဝါရီ ၂၁ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ နစကရဲ့ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့ AA က မနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ ညပိုင်းမှာ သတင်းထုန်ပြန်ထားပါတယ်။ သင်တန်းကျောင်းဟာ မင်းပြားမြို့နယ်၊ ကမ်းနီနဲ့ မေလွန်းကျေးရွာအနီး တည်ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်ကာ AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲကတော့ ပြင်းထန်နေတုန်းပဲ။ မင်းပြားမှာ AA သိမ်းဖို့က ဒီကျောင်းတကျောင်းပဲ ကျန်တော့တာလေ။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေတာဆိုတော့ ဒီနေ့နဲ့ဆို ၅ ရက်ရှိနေပြီ။ အဲ့ဒီ့စခန်းက မင်းပြားမြို့နဲ့ဆို နည်းနည်းတော့ ဝေးတယ်။…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မတ္တရာနယ်မှာ ဒီရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် လူ အသေအပျောက်တွေ များပြားလာ

ဖေဖော်ဝါရီ ၊ ၂၁ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ အောင်မြေသာစံခရိုင် ၊ မတ္တရာမြို့နယ်ထဲကို ဒီရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ထိုးစစ်ဆင် ဝင်ရောက်လာပြီးနောက်ပိုင်း မတ္တရာနယ်မှာ လူအသေအပျောက်တွေ များပြားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မတ္တရာနယ် ဒေသခံ တယောက်က ” ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ် တလပိုင်းမှာ မတ္တရာနယ်ထဲက နေရာတချို့မှာ လူသတ်မှုတွေဖြစ်တယ် ၊ ခြောက်လောင်းပြိုင် ၊ လေးလောင်းပြိုင် ၊ နှစ်လောင်းပြိုင်စတဲ့ လူသတ်မှုမျိုးတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တယ် ၊ အဲ့ဒီ အပြင် မြို့ပေါ်က ဌာနဆိုင်ရာ ရုံးတွေကိုလည်း ဒရုန်းဗုံးတွေချခံရတယ် ၊ အဲ့ဒါကြောင့် နစက လုံခြုံရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ထိုးစစ်ဆင် ဝင်ရောက်လာတယ် ၊ အဲ့ဒီနောက်…

Read More

သုံးနှစ်အတွင်း ဘဏ်နဲ့ ရွှေဆိုင် လုယက်ခံရမှု ၈၂ ခုအထိ ရှိခဲ့

  ဖေဖော်ဝါရီ ၂၁ – ၂၀၂၄ SN (VOM) ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ဘဏ်နဲ့ ရွှေဆိုင်တွေကို ပစ်မှတ်ထားတဲ့ လုယက်မှု၊ ဓားပြမှုတွေ သိသိသာသာ ဖြစ်ပွားခဲ့တာမှာ လုယက်ခံရမှု စုစုပေါင်း ၈၂ ခုအထိ ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က မနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း လုယက်ခံရမှုတွေမှာ ဘဏ်အဆောက်အဦးအတွင်း ဝင်ရောက် လုယက်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၂၅ ခုနဲ့ ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်မှုဖြစ်စဉ် စုစုပေါင်း ၅၇ ခု ရှိခဲ့တယ်လို့ သိရပါတယ်။ “ကုန်ဈေးနှုန်းတွေက တက်၊ စီးပွားရေးတွေက ကျနဲ့ လူတွေကလည်း အကုန် ကျဉ်းထဲကျပ်ထဲ ရောက်နေကြတယ်။ တံခါးပိတ်ထားတာတောင် မလုံခြုံတဲ့ခေတ်…

Read More

တန့်ဆည်နယ် မဟာမြိုင်ကားလမ်းဘေးက ကံထူးမရဲစခန်းမှာ တိုက်ပွဲတွေဖြစ် ၊ ရဲစခန်း မီးရှို့ခံရ

  ဖေဖော်ဝါရီ ၊ ၂၁ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်း ၊ မဟာမြိုင်ကားလမ်းဘေးမှာရှိတဲ့ ကံထူးမကျေးရွာ ၊ ကံထူးမရဲစခန်းမှာ ဒီမနက် အစောပိုင်း ၃ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲစခန်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကံထူးမကျေးရွာကနေ တိုက်ပွဲရှောင် ထွက်ပြေးတိမ်းရှောင်လာသူ တယောက်က ” ကံထူးမရဲစခန်းကို PDF တွေက တိုက်မယ်ဆိုတာ လွန်ခဲ့တဲ့ သုံးရက်လောက်ကစပြီး ရွာထဲမှာ သတင်းတွေပျန့်နှံနေတယ် ၊ အဲ့ဒါကြောင့် မနေ့ကပဲ ရွာကလူတွေ တိုက်ပွဲရှောင်ကြတယ် ၊ ဒီမနက် အစောပိုင်းကစပြီး တိုက်ပွဲဖြစ်တယ် ၊ ရဲတချို့လည်း ဒဏ်ရာရတယ် ၊ ဒဏ်ရာရ…

Read More

ဒေလီကို ချီတက်လာတဲ့ ဆန္ဒပြလယ်သမားတွေကို မျက်ရည်ယိုဗုံးနဲ့ ရဲတပ်ဖွဲ့ဖြိုခွင်း

  ဒေလီ၊ ဖေဖော်ဝါရီ-၂၁-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ အစိုးရနဲ့ ဆွေးနွေးမှု လေးကြိမ်တိုင် မအောင်မြင်ပြီးနောက် ဆက်လက်ပြီး ဆန္ဒပြချီတက်လာတဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က ဒီကနေ ဖေဖော်ဝါရီ ၂၁ ရက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။ ကောက်ပဲသီးနှံတွေအတွက် အာမခံဈေးနှုန်းအတွက် တောင်းဆိုနေတဲ့ လယ်သမားတွေကတော့ လနဲ့ချီပြီး လုံလောက်အောင် ရိက္ခာတွေပြင်ဆင်လာတယ်လို့ ဆိုပါတယ်။ ဒေလီရဲ့ နယ်နိမိတ်ထဲကို ဆန္ဒပြလယ်သမားတွေ မဝင်ရောက်နိုင်ဖို့ အာဏာပိုင်တွေဟာ အတားအဆီးတွေကို ထူထပ်စွာချထားပါတယ်။ ဒါပေမယ့်လည်း လယ်သမားတွေကတော့ ဒီအတားအဆီးတွေကို ဖယ်ရှားဖို့ စက်ယန္တရားကြီးတွေ အသုံးပြုမယ်လို့ ပြောပါတယ်။ အိမ်နီးချင်း ပန်ဂျပ်ပြည်နယ်နဲ့ ဟာယာနာပြည်နယ်ကြား နယ်စပ်မှာတော့ လယ်သမားတွေဟာ မြေထိုးစက်တွေအသုံးပြုပြီး အတားအဆီးတွေကို ဖယ်ရှားဖို့ ပြင်ဆင်နေပါတယ်။ ဆန္ဒပြလယ်သမားတွေဟာ ဒေလီကနေ ကီလိုမီတာ ၂၀၀ အကွာမှာ ရောက်ရှိနေပြီး ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကို…

Read More

ထိုင်းဗီဇာ ရက်ချိန်း ရယူမှု လူကိုယ််တိုင် တန်းစီစနစ် ဖျက်သိမ်းပြီး အွန်လိုင်းကသာ လျှောက်ထားရတော့မယ်

  ဖေဖော်ဝါရီ ၂၁ – ၂၀၂၄ SN (VOM) ထိုင်းသံရုံးရှေ့မှာ လူကိုယ်တိုင်တန်းစီစနစ်နဲ့ ဗီဇာရက်ချိန်းယူတာကို ဖျက်သိမ်းမယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့အခြေစိုက် ထိုင်းသံရုံးက ထပ်မံထုတ်ပြန် ကြေညာလိုက်ပါတယ်။ ထိုင်းသံရုံးရှေ့မှာ လူကိုယ်တိုင်တန်းစီပြီး ဗီဇာရက်ချိန်းယူတာကို တရက် လူ ၂၀၀ ထုတ်ပေးမယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ကြေညာထားပေမယ့် မွန်းလွဲပိုင်းမှာတော့ ကြေညာချက်တစောင် ထပ်မံ ထုတ်ပြန်ပြီး လူကိုယ်တိုင် တန်းစီစနစ်နဲ့ ဗီဇာတိုကင်ရယူတာကို ဖျက်သိမ်းတယ်လို့ ကြေညာလိုက်တာပါ။ ဒါ့အပြင် အဲ့ဒီ့ထုတ်ပြန်ချက်မှာ ထိုင်းသံရုံးဝက်ဘ်ဆိုဒ် https://thaiconsularyangon.com/visa/ နဲ့ QR Code တို့ကို အသုံးပြုပြီး အွန်လိုင်းမှတဆင့် ရက်ပေါင်း ၃ဝ စာအတွက် တိုကင် ကြိုတင်လျှောက်ထားခြင်းကို အရင်က တရက် ၂၀၀…

Read More

နေတိုးအဖွဲ့ဝင်အဖြစ် ဆွီဒင်လျှောက်ထားမှု လာမယ့်အပတ်မှာ ဟန်ဂေရီ သဘောတူဖွယ်ရှိ

ဘူဒါပက်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၄ မျိုးဆက်(VOM) ဟန်ဂေရီပါလီမန်ဟာ နေတိုးအဖွဲ့ဝင်အဖြစ် ဆွီဒင်နိုင်ငံရဲ့ လျှောက်ထားမှုကို လာမယ့် သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ဖို့ ဆွီဒင်ရဲ့ လျှောက်ထားမှုကို ကန့်ကွက်ထားနေတာကို တူရကီက ဇန်နဝါရီလမှာ သဘောတူအတည်ပြုပြီးနောက် ဟန်ဂေရီဟာ ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ကန့်ကွက်နေတဲ့ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ အပေါ် ဆွီဒင်ပါလီမန်က မကျေမနပ်ဖြစ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာ ဆွီဒင်ရဲ့ အဆိုပြုလျှောက်ထားခြင်းကို မဲခွဲဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဟန်ဂေရီ ပါလီလန် သတင်းရင်းမြစ်တွေကပြောပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုစတင်ပြီးနောက် ၂၀၂၂ ခုနှစ် မေလမှာ ဆွီဒင်ဟာ ဖင်လန်နိုင်ငံနဲ့ အတူ နေတိုးအဖွဲ့ဝင်ဖြစ်လာရေး လျှောက်ထားခဲ့ပါတယ်။ ဖင်လန်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဟန်ဂေရီ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၉၀ ကျပ် ဝယ်ဈေး – ၃၅၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၄၅ ကျပ် ဝယ်ဈေး – ၂၅၉၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၁ ကျပ် ဝယ်ဈေး – ၄၈၁ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More
VOM News

FREE
VIEW