ဘူဒါပက်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၄
မျိုးဆက်(VOM)
ဟန်ဂေရီပါလီမန်ဟာ နေတိုးအဖွဲ့ဝင်အဖြစ် ဆွီဒင်နိုင်ငံရဲ့ လျှောက်ထားမှုကို လာမယ့် သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
နေတိုးအဖွဲ့ထဲကို ဝင်ရောက်ဖို့ ဆွီဒင်ရဲ့ လျှောက်ထားမှုကို ကန့်ကွက်ထားနေတာကို တူရကီက ဇန်နဝါရီလမှာ သဘောတူအတည်ပြုပြီးနောက် ဟန်ဂေရီဟာ ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ကန့်ကွက်နေတဲ့ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။
ဟန်ဂေရီနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ အပေါ် ဆွီဒင်ပါလီမန်က မကျေမနပ်ဖြစ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာ ဆွီဒင်ရဲ့ အဆိုပြုလျှောက်ထားခြင်းကို မဲခွဲဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဟန်ဂေရီ ပါလီလန် သတင်းရင်းမြစ်တွေကပြောပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုစတင်ပြီးနောက် ၂၀၂၂ ခုနှစ် မေလမှာ ဆွီဒင်ဟာ ဖင်လန်နိုင်ငံနဲ့ အတူ နေတိုးအဖွဲ့ဝင်ဖြစ်လာရေး လျှောက်ထားခဲ့ပါတယ်။
ဖင်လန်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဟန်ဂေရီ လက်ရှိအာဏာရပါတီဟာ ပါလီမန်မှာ နေရာအများစုရှိနေပြီး ဆွီဒင်နေတိုးအဖွဲ့ဝင်ဖြစ်လာရေး ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:NHK
Photo:Reuters