ဖားကန့်နယ်မှာ စျေးဝယ်ထွက်လာတဲ့ ရဲသုံးယောက် ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၄ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဆိုင်တောင်စျေးကို စျေးဝယ်ထွက်တဲ့ ရဲသုံးယောက်ဟာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ပစ်သတ်ခံရလို့ တယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ တယောက်က ” ဖားကန့်မှာ လေးငါးရက်ရှိပြီ မိုးဆက်တိုက်ရွာနေတာ ၊ ဒီမနက်က မိုးဆဲတုန်းအချိန်လေး ရဲတွေစျေးဝယ်ထွက်ကြတယ် ၊ အဲ့ဒီ အချိန် လမ်းမှာ ပစ်သတ်ခံရတာ ၊ အရာရှိတယောက်က နေရာတင် သေဆုံးပြီး ၊ သူနဲ့အတူပါလာတဲ့ ရဲတယောက်က အဖမ်းခံလိုက်ရတယ် ၊တယောက်ပျောက်နေတယ်။ ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့နဲ့…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပင်လည်ဘူးမြို့မှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ထိခိုက်သေဆုံးသူတွေ များပြား

ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်ကစလို့ နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ KIA – PDF အဖွဲ့တွေကြား ၂ ရက်တာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ထိခိုက်သေဆုံးသူတွေ များပြားလာတယ်လို့ ပင်လည်ဘူး ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပင်လည်ဘူး ဒေသခံတယောက်က ” ပင်လည်ဘူး မြို့တည်ဆောက်ထားပုံက အင်္ဂလိပ်အက္ခရာ ဝိုင် ပုံ သဏ္ဍန်ဖြစ်တယ် ၊ ကောလင်း ပင်လည်ဘူး ဖောင်းပြင် လမ်းနဲ့ ပင်လည်ဘူး ဗန်းမောက်လမ်းဆိုပြီ လမ်းဆုံမှာ ပင်လည်ဘူးမြို့ရှိတာဖြစ်တယ် ၊ အဲ့ဒီ ကားလမ်းတွေအားလုံးမှာ ဒေသတွင်း လက်နက်ကိုင် KIAနဲ့ PDF တွေက ထိန်းချုပ်ထားတယ်…

Read More

ထားဝယ်အရှေ့တော တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရ

  ဖေဖော်ဝါရီ ၂၅ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲ့ဒီ့ ဒေသခံတွေဆီက သိရပါတယ်။ ထားဝယ်အရှေ့တောဒေသမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တနင်္သာရီတိုင်းအတွင်းက PDF ပူးပေါင်းတပ်တွေနဲ့ နစကတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ပခပ်၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုန်း၊ သရက်ငုတ်၊ ဝကုန်း၊ ဘဝပင်၊ ကျောက်မဲတောင်၊ ဟိန္ဒား၊ မေတ္တာ စတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ပြေးတာကတော့ ဘေးလွတ်ရာ တခြားရွာတွေကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၅ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၅ ကျပ် ဝယ်ဈေး – ၂၆၁၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၄ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၂ ကျပ် ဝယ်ဈေး – ၇၅၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၀ ကျပ် ဝယ်ဈေး – ၄၉၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယီမင်ရှိ ဟူသီပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန် လေးကြိမ်မြောက် လေကြောင်းတိုက်ခိုက်

  ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၅-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နဲ့ ဗြိတိန်လေတပ်ဟာ ယီမင်ရှိ ဟူသီသူပုန်အဖွဲ့ရဲ့ ပစ်မှတ် ၁၈ နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဒါဟာ ဟူသီတို့အပေါ် လေးကြိမ်မြောက် ပူးတွဲလေကြောင်း တိုက်ခိုက်တာဖြစ်ပါတယ်။ မဟာမိတ် တိုက်လေယာဉ်တွေဟာ ဟူသီတို့ရဲ့ စွမ်းဆောင်ရည် ကျဆင်းအောင်လို့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဗြိတိန်စစ်တပ်က ပြောပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေဟာ ပင်လယ်နီမှာ သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်နေပါတယ်။ မြို့တော်ဆာနားအပါအဝင် ယီမင်ရဲ့ အစိတ်အပိုင်းအများအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေဟာ အစ္စရေးအပြင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။ ယီမင်ရှိ ဟူသီပစ်မှတ်ရှစ်နေရာက ပစ်မှတ် ၁၈ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဟူသီတို့ရဲ့ မြေအောက်လက်နက် သိုလှောင်ရုံ၊ အလိုအလျောက်ပစ်ခတ်မှုစနစ်၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ ရေဒါပစ်မှတ်တွေကို ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့လုံးဆိုင်ရာ…

Read More

This Day in History

Voice of Myanmar ချက်ကိုစလိုဗားကီးယား ကွန်မြူနစ်ပါတီသည် ဆိုဗီယက်တို့၏ ကျောထောက်နောက်ခံပြုမှုဖြင့် အစိုးရကို အငြင်းပွားဖွယ်မရှိထိန်းချုပ်နိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် နိုင်ငံကို ကွန်မြူနစ်စနစ်ဖြင့် ဆယ်စုနှစ်လေးခုကြာ အုပ်ချုပ်မှုစတင်ခဲ့သည်။

Read More

တန့်ဆည်နယ် ကံထူးမ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံ ရွာပေါင်း ၂၀ ကျော် တိမ်းရှောင်နေရ

ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကံထူးမ စံပြကျေးရွာမှာရှိတဲ့ ကံထူးမ နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်စပြီး အဲ့ဒီ ကံထူးမတိုက်နယ်ကို နစက စစ်ကြောင်းတွေက နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတာကြောင့် အနားက ရွာပေါင်း ၂၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကံထူးမ ဒေသခံတယောက်က “ကံထူးမစံပြကျေးရွာဆိုတာ တန့်ဆည်မြို့ရဲ့ အနောက်ဘက် ၉ မိုင်လောက်ပဲဝေးတယ် ၊ မုံရွာ – ကလေးဝ မဟာမြိုင် ကားပေါ်မှာရှိတယ်…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၄ ရက်၊ ညနေ ၄ နာရီ)

ပြည်တွင်း ရွှေစျေး ဆက်လက်မြင့်တက်လာ Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW