Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၄၀ ကျပ် ဝယ်ဈေး – ၃၆၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၆၀ ကျပ် ဝယ်ဈေး – ၂၇၁၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၄၆ ကျပ် ဝယ်ဈေး – ၄၀၆၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၆၆ ကျပ် ဝယ်ဈေး – ၁၀၁.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၅၆ ကျပ် ဝယ်ဈေး – ၈၄၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၂ ကျပ် ဝယ်ဈေး – ၅၀၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read MoreMonth: March 2024
ယနေ့ ရွှေဈေး (မတ် – ၂၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၅၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၀၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreလူ ၁၃၀ ကျော်သေဆုံးခဲ့တဲ့ မော်စကိုကပွဲရုံတိုက်ခိုက်မှု အဓိက သံသယရှိသူလေးယောက်ကို ဖမ်းမိ
မော်စကို၊ မတ်-၂၄-၂၀၂၄ မျိုးဆက်(VOM) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကပွဲရုံတခုမှာ လူ ၁၃၃ ယောက်သေဆုံးခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တိုက်ရိုက်ပါဝင်ပတ်သက်သူ လေးယောက်စလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ ရုရှားသမ္မတ ပူတင်ကပြောပါတယ်။ နောက်ထပ် သံသယရှိသူ ၁၁ ယောက်ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးထားပြီး မတ်လ ၂၄ ရက်ကို နိုင်ငံတော် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် သမ္မတ ပူတင်က ကြေညာထားပါတယ်။ ဒါဟာ ရိုင်းစိုင်းတဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် ပူတင်က ရှုတ်ချပြောဆိုထားပြီး အဓိကသံသယရှိသူ လေးယောက်ဟာ ယူကရိန်းကို ထွက်ပြေးဖို့ကြိုးပမ်းခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုလုပ်ဖို့ ပြင်ဆင်နေချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖျော်ဖြေပွဲမစမီမှာ ပင်ပန်းနွမ်းနယ်နေတဲ့ အသွင်အပြင်တွေနဲ့ သံသယရှိသူတွေဟာ ဝင်ရောက်လာပြီး သုံးယောက်က သေနတ်နဲ့ပစ်ခတ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း ဖောက်ခွဲခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က…
Read MoreThis Day in History
Voice of Myanmar အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်တွင် ရေနံဂါလံ ၁၁ သန်းတင်ဆောင်ထားသော ရေနံတင်သင်္ဘော အက်စ်ဇွန်ဗယ်လ်ဒက်ဇ်မှ ရေနံယိုဖိတ်မှု ၁၉၈၉ ခုနှစ် မတ် ၂၄ ရက်၌ ဖြစ်ပွားခဲ့ပြီး ယင်းမှာ အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံး ရေနံယိုဖိတ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Read Moreရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရလို့ လုံခြုံရေးရဲတချို့ ဒဏ်ရာရ
မတ် ၊ ၂၄ ၊ ၂၀၂၄ TT (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ထိမ္မလာကျေးရွာအနီး ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၉ နဲ့ ၃၂၀ ကြားမှာ မနေ့ မတ် ၂၃ ရက်က လမ်းလုံခြုံရေး ရဲကင်းတခုကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက် ဒဏ်ရာရ တာတွေရှိခဲ့တယ်လို့ အမြန်လမ်းသွား ကားသမားတွေဆီက သိရပါတယ်။ ” မိုင်တိုင် ၃၁၉ နားဖြတ်သွားတဲ့အချိန် ပေါက်ကွဲသံတွေတော့ကြားလိုက်ရတယ် ၊ ကားပေါ်ကနေ ဆင်းမကြည့်ရဲလို့ မကြည့်လိုက်ဘူး ” လို့ ကားသမားတယောက်က ပြောပါတယ်။ မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ”…
Read Moreယနေ့ ရွှေဈေး (မတ် – ၂၃ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၃၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreကားလောကမှာ ပထမဆုံးအနေနဲ့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီး ကုမ္ပဏီတခုက လိမ်လည်မှုဖြစ်ပွား
မတ် ၂၃ – ၂၀၂၄ SN (VOM) မြန်မာပြည် ကားလောကသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျပ်သိန်းပေါင်း သောင်းနဲ့ချီတဲ့ လိမ်လည်မှုတခု ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တယ်လို့ ကားလောကအတွင်းက သိရပါတယ်။ လိမ်လည်ခဲ့တဲ့ ကုမ္ပဏီဟာ King Throne အမည်ရ မော်တော်ယာဉ် အငှားကုမ္ပဏီဖြစ်ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၁၃ လမ်းမှာ တည်ရှိကာ ကုမ္ပဏီတည်ထောင်သူ အနေနဲ့ ကားပိုင်ရှင်တွေဆီ ကားပြန်မအပ်တဲ့အပြင် ပေးသွင်းရမယ့် လစာနဲ့ ကားငှားသူတွေဆီက ရယူထားတဲ့ စပေါ်ငွေတွေကို လိမ်လည်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ King Throne ကုမ္ပဏီဂယက်ကြောင့် အဲဒီကုမ္ပဏီကို ကားငှားထားသူတွေနဲ့ စပေါ်တင်ပြီး ကားငှားထားသူတွေကြား စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။ “ကုမ္ပဏီက လိမ်လည်မှုဖြစ်တယ်ဆိုတာ ဒီနေ့မနက်မှ သိလိုက်ရတာပါ။ လိမ်သွားတဲ့ ကားကုမ္ပဏီကနေ မန္တလေးမှာ ကားငှားမိထားတာပါ။ ကားပိုင်ရှင်နဲ့ ဆက်သွယ်ဖို့…
Read Moreယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်အစင်း ၉၀ ကျော်နဲ့ တိုက်ခိုက်ပြန်
ကိယက်ဗ်၊ မတ်-၂၃-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူ သန်းနဲ့ချီပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ညက ဒုံးကျည် အစင်း ၉၀ ကျော်နဲ့ ရှာဟတ်ဒ် ဒရုန်း အစင်း ၆၀ နဲ့ ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြီးဆုံးဖြစ်တဲ့ ခါကိဗ်မှာ လျှပ်စစ်ဓါတ်အားလုံး၀ မရဘူးလို့ ဒေသဆိုင်ရာ အကြီးအကဲက ပြောပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးဖို့ လုပ်ဆောင်နေတယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီး ဂျာမန်းဂလူရှန်ကိုက ပြောပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုလှိုှု်င်းတွေဟာ အနောက်မဟာမိတ်တွေအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီတွေ ထပ်မံပေးအပ်ဖို့လိုအပ်နေတယ်ဆိုတာ ပြသနေခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ယူကရိန်းအတွက် မဟာမိတ်တွေပေးမယ့် အကူအညီတွေ နှောင့်နှေးသလို့ ရုရှားဒုံးကျည်တွေက နှောင့်နှေးမှာမဟုတ်ဘူးလို့ သူကပြောပါတယ်။…
Read Moreမန္တလေး ကုန်စည်ဒိုင် ၂၃-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
မန္တလေး- မတ်- ၂၃- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)-60ပိဿာ(သစ်) 160000/ 165000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 160000/ 165000 ဂျုံ – ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -160000/ 165000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 150000/ 152000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 145000 ဂျုံ – ပန်ဆိုင်း(ကြူကုတ် – (60 ပိဿာ)- 155000/ 160000/ ဂျုံ…
Read Moreအလှူပွဲကနေ ဘုရားဖူးပြီးပြန်လာတဲ့ကား ရန်ုကုန်-ပြည်လမ်းမှာ မှောက်လို့ လေးယောက်သေ ၊ ၁၀ ယောက်ဒဏ်ရာရ
ပြည် ၊ မတ် – ၂၃ – ၂၀၂၄ GG (VOM) ပဲခူးတိုင်း ၊ ပြည်ခရိုင်၊ရွေတောင်မြို့နယ်၊ ပြည်-ရန်ကုန် လမ်း၊ စိုက်ပျိုးရေးရွာသစ်အနီးမှာ ကားတစီး အရှိန်များပြီး တိမ်းမှောက်ခဲ့လို့ ကားပေါ်ပါသူထဲက လေးယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဉ်က မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ ရွှေတောင်မြို့နယ်ထဲကအလှူပွဲကိုလာရောက်ပြီးနောက် ရွှေနတ်တောင်ဘုရားဖူးပြီး အပြန်မှာ ကားကအရှိန်များပြီး လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်မိခဲ့ရာကနေ လူသေဆုံးမှု နဲ့ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်ပါတယ်။ ” ကားက ဟိုက်ဂျက်အသေး ကားပေါ့၊ အလှူကိုလာကြတယ်။ပြီးတော့ ရွှေတောင်မြို့က ရွှေနနတ်တောင်ဘုရားကိုဝင်ဖူးတာ်အပြန်မှာ ကားမတော်တဆဖြစ်တာပေါ့။ ကားကအရှိန်များပြီးမထိန်းနိုင်ဘဲဝင်တိုက်မိတာလို့သိရတယ်၊ဒဏ်ရာရသူရော သေဆုံးရော ဆေးရုံပို့လိုက်ကြ တယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့ရာမှာပါဝင်ခဲ့သူဒေသခံတယောက်ကပြောပါတယ်။ ကားပေါ်ပါ လူထဲကမှ အမျိုးသား နှစ်ယောက်၊အမျိုးသမီးတယောက်နဲ့ ကလေးတယောက် ပေါင်းလေးယောက်သေဆုံးခဲ့တာဖြစ်ပြီး…
Read More