အလှူပွဲကနေ ဘုရားဖူးပြီးပြန်လာတဲ့ကား ရန်ုကုန်-ပြည်လမ်းမှာ မှောက်လို့ လေးယောက်သေ ၊ ၁၀ ယောက်ဒဏ်ရာရ

 

 

ပြည် ၊ မတ် – ၂၃ – ၂၀၂၄

GG (VOM)

ပဲခူးတိုင်း ၊ ပြည်ခရိုင်၊ရွေတောင်မြို့နယ်၊ ပြည်-ရန်ကုန် လမ်း၊ စိုက်ပျိုးရေးရွာသစ်အနီးမှာ ကားတစီး အရှိန်များပြီး တိမ်းမှောက်ခဲ့လို့ ကားပေါ်ပါသူထဲက လေးယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်က မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ ရွှေတောင်မြို့နယ်ထဲကအလှူပွဲကိုလာရောက်ပြီးနောက် ရွှေနတ်တောင်ဘုရားဖူးပြီး အပြန်မှာ ကားကအရှိန်များပြီး လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်မိခဲ့ရာကနေ လူသေဆုံးမှု နဲ့ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်ပါတယ်။

” ကားက ဟိုက်ဂျက်အသေး ကားပေါ့၊ အလှူကိုလာကြတယ်။ပြီးတော့ ရွှေတောင်မြို့က ရွှေနနတ်တောင်ဘုရားကိုဝင်ဖူးတာ်အပြန်မှာ ကားမတော်တဆဖြစ်တာပေါ့။ ကားကအရှိန်များပြီးမထိန်းနိုင်ဘဲဝင်တိုက်မိတာလို့သိရတယ်၊ဒဏ်ရာရသူရော သေဆုံးရော ဆေးရုံပို့လိုက်ကြ တယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့ရာမှာပါဝင်ခဲ့သူဒေသခံတယောက်ကပြောပါတယ်။

ကားပေါ်ပါ လူထဲကမှ အမျိုးသား နှစ်ယောက်၊အမျိုးသမီးတယောက်နဲ့ ကလေးတယောက် ပေါင်းလေးယောက်သေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ ရွှေတောင်ဆေးရုံနဲ့ ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။

ကားပေါ်လိုက်ပါလာသူတွေကတော့ ဧရာဝတီတိုင်းကြံခင်းမြို့နယ်ထဲက ကျေးရွာတရွာကဖြစ်တယ်လို့သိရပါတယ်။

မတ်လ ၁၈ရက်နေ့ကလည်း ပြည်မြို့နယ်၊ မြို့အဝင်ရှိ ဆင်မကြပ်လမ်းဆုံအနီး၊ မြို့ရှောင်လမ်းဖြစ်တဲ့ ပြည်-ရန်ကုန်ကားလမ်းပေါ်မှာ ဘုန်းကြီးကားတစီး အရှိန်များပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်လို့ဘုန်းကြီး တပါး ပျံလွန်တော်မူခဲ့ပြီး မယ်သီလရှင်၊ဘုန်းကြီးနဲ့ ကိုရင်အပါ ၅ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မတ်လ ၁၇ ရက်နေ့ကလည်း မကွေး၊မင်းဘူးမြို့မှာ ရွှေစက်တော်ဘုရားပွဲကနေ ဘုရားဖူးပြီးပြန်လာတဲ့ ကားတစီး ကားကအရှိန်များပြီးမထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့လို့ လူ ၁၁ ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့ကလည်း ပုဂံမှာ ဘုရားဖူးကားတစီးတိမ်းမှောက်လို့ ၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW