လန်ဒန်၊ မတ်-၂၃-၂၀၂၄ မျိုးဆက်(VOM) ဝေလမင်းသမီး ကက်သရင်းဟာ ကင်ဆာရောဂါဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အစောပိုင်းအဆင့် ကုသမှုတွေကို ခံယူနေကြောင်း နန်းတော်က ထုတ်ပြန်ပါတယ်။ ဒီလို ကင်ဆာရောဂါဖြစ်ပွားမှုကြောင့် လွန်စွာထိတ်လန့်တုန်လှုပ်ခဲ့ရပေမယ့် လက်ရှိမှာ အခြေအနေကောင်းမွန်ပြိး နေ့ရက်တိုင်း ပိုမိုသန်မာလာကြောင်း သူမက ဗီဒီယိုတခုကတဆင့် ပြောပါတယ်။ သူမ ခံစားနေရတဲ့ ကင်ဆာရောဂါအမျိုးအစားကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဝေလမင်းသမီးဟာ အပြည့်အ၀ ပြန်လည်ကောင်းမွန်းကျန်းမာလာမယ်လို့ ယုံကြည်ကြောင်း သူမနေထိုင်တဲ့ ကန်ဆင်တန်နန်းတော်က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလအတွင်းက ဝမ်းဗိုက်ခွဲစိတ်မှုပြုလုပ်စဉ်က ကင်ဆာရေးဂါရှိမှန်း မသိခဲ့ကြောင်း ဝေလမင်းသမီး ကက်သရင်းကဆိုပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာ စမ်းသပ်စစ်ဆေးမှုများအရ ကင်ဆာရောဂါတွေ့ရှိခဲ့ပြီး ဓါတ်ရောင်ခြည်ကုထုံးနဲ့ အစောပိုင်းအဆင့် ကုသခံနေတယ်လို့ ပြောပါတယ်။ ကုသမှုတွေကို ဖေဖော်ဝါရီနှောင်းပိုင်းမှာ စတင်ခဲ့ပြီး ကင်ဆာရောဂါအပါအဝင် ဝေလမင်းသမီးရဲ့ နောက်ထပ်ပုဂ္ဂိုဟ်ရေး ဆေးဘက်ဆိုင်ရာ အချက်အလက်တွေကို မျှဝေထုတ်ပြန်မှာမဟုတ်ကြောင်း ကန်ဆင်တန် နန်းတော်က ထုတ်ပြန်ထားပါတယ်။ Ref:BBC…
Read MoreMonth: March 2024
ဖောက်ပြန်နေတဲ့ ရာသီဥတုနဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်
မတ် ၂၃ – ၂၀၂၄ SN (VOM) အခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနဲ့ ရာသီဥတုဆိုင်ရာ အစွန်းရောက် အဖြစ်အပျက်တွေဟာ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ပိုမိုဖြစ်ပွားလျက်ရှိပါတယ်။ အထူးသဖြင့် ကျွန်းနိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အခံရဆုံး ဒေသတွေဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလျက်ရှိသလို မြန်မာနိုင်ငံမှာလည်း အဲဒီဒဏ်ကို သိသိသာသာ ခံစားနေရပါတယ်။ မုတ်သုံအဝင်နောက်ကျတာ၊ အထွက်စောတာတွေကြောင့် ပျမ်းမျှမုတ်သုံ ကာလတွေဟာ တိုတောင်းလာပါတယ်။ မုတ်သုံကာလဟာ အရင်က (၁၄၄) ရက် ရှိခဲ့ပေမယ့် အခုအခါ မုတ်သုံကာလ (၁၂၁) ရက်သာ ရှိတော့တဲ့အတွက် မုတ်သုံကာလ သုံးပတ်ကျော် လျော့နည်းလာတာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲလာတဲ့ ရာသီဥတုကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေ၀သ၊ ရာသီဥတုဖြစ်စဉ်တွေနဲ့ ဆက်စပ်တဲ့ အခြေအနေတွေကို အလေးထားစေလိုတဲ့အတွက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကြီးနဲ့…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၃ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၃၀ ကျပ် ဝယ်ဈေး – ၃၆၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၆၀ ကျပ် ဝယ်ဈေး – ၂၇၁၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၄၆ ကျပ် ဝယ်ဈေး – ၄၀၆၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၆၆ ကျပ် ဝယ်ဈေး – ၁၀၁.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၅ ကျပ် ဝယ်ဈေး – ၄၉၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေး (မတ် – ၂၃ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမင်းတုန်းနယ် မှန်ကျေးရွာမှာ တောမီးကူးစက်ရာကအိမ်ခြေ နှစ်ရာနီးပါး မီးလောင်
မတ် ၊ ၂၃ ၊ ၂၀၂၄ TT ( VOM) မကွေးတိုင်း ၊သရက်ခရိုင် ၊ မင်းတုန်းမြို့နယ် ၊ မှန်ကျေးရွာမှာ မနေ့ မတ် ၂၂ ရက် ၊ ညနေ ၃ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မကွေးတိုင်း မီးသတ်ဆီက သိရပါတယ်။ ” မှန်ကျေးရွာမီးလောင်မှုဖြစ်တယ် ၊ အဲ့ဒီရွာက လူဦးရေ တထောင်ဝန်းကျင်နေထိုင်တယ် ၊ ရွာအိမ်ခြေက နှစ်ရာနီးပါးရှိတယ် ၊ အဲ့ဒီထဲက အိမ်ခြေ ၁၈၀ လောက် မီးလောင်သွားတယ် ၊ ရွာဘေးက တောမီးကနေ ရွာကို ကူးစက်လောင်တာဖြစ်တယ် ၊ ရေသယ်ယာဥ်နဲ့ မီးသတ်ကား ၇ စီးခန့်နဲ့ ငြိမ်းသတ်တယ် ၊ ၄ နာရီခွဲမှာ မီးထိန်းနိုင်ခဲ့ပြီး ညနေ ၆ နာရီကျော်မှာ အပြီးတိုင်…
Read Moreရုရှားနိုင်ငံ မော်စကိုရှိ ကပွဲရုံကို အိုင်အက်စ်အဖွဲ့တိုက်ခိုက်မှု လူ ၆၀ ထက်မနည်း သေဆုံး
မော်စကို၊ မတ်-၂၃-၂၀၂၄ မျိုးဆက်(VOM) ရုရှားနိုင်ငံ မြို့တော်မော်စကိုဆင်ခြေဖုံးရှိ ကပွဲရုံမှာ ဖျော်ဖြေပွဲကျင်းပစဉ် သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်မှုကြောင်ပ လူ ၆၀ ထက်မနည်း သေဆုံးသွားတယ်လို့ ရုရှာထောက်လှမ်းရေး ကပြောပါတယ်။ ခရိုကပ်စ်မြို့တော်ခန်းမမှာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း လူ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ သေနတ်သံနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်လာချိန်မှာ ဖျော်ဖြေပွဲကို လာရောက်သူတွေဟာ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပြီး အဆောက်အအုံခေါင်းမိုးထပ်မှ မီးလောင်ခဲ့ပြီး သေနတ်သမားတွေကို ရုရှားလုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေနေပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ပိုမိုသိရှိအောင်လုပ်ဆောင်နေတယ်လို့ အမေရိကန် အိမ်ဖြူတော်က ထုတ်ပြန်ထားပြီး ဒီဖြစ်စဉ်မှာ ဘယ်လိုပတ်သက်မှုမျိုးမှမရှိကြောင်း ယူကရိန်းကလည်း ငြင်းဆိုထားပါတယ်။ ပစ်ခတ်မှုအတွင်း လူသုံးယောက်ပါဝင်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့ လောင်ကျွမ်းနေတဲ့မီးကို လူ ၃၂၀ ကျော်ဖြန့်ကြက်ငြှိမ်းသတ်နေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ…
Read Moreဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာထက် စက်သုံးဆီစျေးချိုတာ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံပဲရှိ။
ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာထက် စက်သုံးဆီစျေးချိုတာ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံပဲရှိ။
Read MoreThis Day In History
Voice of Myanmar အာကာသအတွင်း၌ ကမ္ဘာ့ပထမဆုံး အာကာသစခန်းအဖြစ် ကာလကြာရှည်တည်ရှိခဲ့သော ရုရှား၏ မီယာအာကာသ သုတေသန စခန်းသည် ၁၅ နှစ်အကြာ တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၁ ခုနှစ် မတ် ၂၃ ရက်တွင် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ကျရောက်ပြီးနောက် တာဝန်များအဆုံးသတ်ခဲ့သည်။
Read Moreကျိုက်ထိုမြို့က ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီရဲ့ လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ယှဥ်ပြိုင်ဘူးသူ ပစ်သတ်ခံရ
မတ် ၂၃ ၊ ၂၀၂၄ TT (VOM) မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့ ၊ ဘူတာလမ်းမှာနေထိုင်တဲ့ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သူကို မနေ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ဒေသတွင်းလက်နက်ကိုင်း PDF အဖွဲ့တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ (၂၀၂၀ ရွေးကောက်ပွဲ) လွတ်တော်ကိုယ်စားလှယ် ဟောင်း ဖြစ်သူ ဦးနေမင်းကြည် ၅၂ နှစ် ဆိုသူ ပစ်သတ်ခံရတာဖြစ်တယ်၊ မနေ့မနက်ပိုင်းက ဦးနေမင်းကြည်ဖွင့်ထားတဲ့ ကွတ်တီယိုဆိုင်ထဲကို အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့ လာရောက်ပြီး ဆိုင်ရှင် ဦးနေမင်းကြည်နဲ့ ဆိုင်အကူ မဥမ္မာထွေးဆိုသူနှစ်ယောက်ကို ပစ်သတ်သွားတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ…
Read Moreရေကို ငွေလိုသုံးပါ
မတ် ၂၂ – ၂၀၂၄ SN (VOM) ရေသယံဇာတဟာ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး လိုအပ်တဲ့ သဘာဝအရင်းအမြစ်ဖြစ်ပါတယ်။ လူသားတို့အတွက် စားရေရိက္ခာ၊ သောက်သုံးရေနဲ့ ဇီဝမျိုးစုံမျိုးကွဲအားလုံး အပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုတဲ့ သက်ရှိသတ္တဝါတို့အတွက် ရေလုံလောက်စွာရရှိရေးဟာ အရေးကြီးလှပါတယ်။ ‘ရေ’ ဆိုတာဟာ လူသားအားလုံးအတွက် မရှိမဖြစ် အရေးအကြီးဆုံးပါ။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းထဲ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ရာမှာလည်း ရေက အဓိက အရေးပါပါတယ်။ ဒါ့ကြောင့် ရေရှားပါးလာမှု၊ ရေထုညစ်ညမ်းမှု၊ သောက်သုံးရေချို လျော့နည်းလာမှု စတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီအစဉ်အရ ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံမှာ ပထမဆုံး အဆိုပြုခဲ့ပြီး နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေနေ့” (World Water…
Read More