ကျိုက်ထိုမြို့က ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီရဲ့ လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ယှဥ်ပြိုင်ဘူးသူ ပစ်သတ်ခံရ

မတ် ၂၃ ၊ ၂၀၂၄
TT (VOM)

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့ ၊ ဘူတာလမ်းမှာနေထိုင်တဲ့ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သူကို မနေ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ဒေသတွင်းလက်နက်ကိုင်း PDF အဖွဲ့တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ (၂၀၂၀ ရွေးကောက်ပွဲ) လွတ်တော်ကိုယ်စားလှယ် ဟောင်း ဖြစ်သူ ဦးနေမင်းကြည် ၅၂ နှစ် ဆိုသူ ပစ်သတ်ခံရတာဖြစ်တယ်၊ မနေ့မနက်ပိုင်းက ဦးနေမင်းကြည်ဖွင့်ထားတဲ့ ကွတ်တီယိုဆိုင်ထဲကို အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့ လာရောက်ပြီး ဆိုင်ရှင် ဦးနေမင်းကြည်နဲ့ ဆိုင်အကူ မဥမ္မာထွေးဆိုသူနှစ်ယောက်ကို ပစ်သတ်သွားတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ဦးနေမင်းကြည် ဟာ နေရာမှတင် သေဆုံးပြီး ၊ ဆိုင်အကူ မဥမ္မာထွေးက ပြင်းထန်ဒဏ်ရာရသွားတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတာက ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ကိုယ်စားလှယ်ဟောင်း ဦးနေမင်းကြည် ဆိုသူဟာ ခရိုင် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တယောက်ဖြစ်တာကြောင့် ၊ PDF တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ – ၄၊ UG အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားတာကို တွေ့ရတယ်ပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း ပါတီ နိုင်ငံရေး လုပ်ကိုင်သူ လွတ်တော်ကိုယ်စားလှယ်လောင်း (ဟောင်း )တချို့ ပစ်သတ်ခံရတာတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်တွေအနက် စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွတ်တော်ကိုယ်စားလှယ်ဟောင်း၊ တမူး ပြည်ခိုင်ဖြိုးလွတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ မုံရွာမြို့နယ် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ကိုယ်စားလှယ်ဟောင်း စတာတွေ အသတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၈ ရက်က NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ် ဒီပဲယင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဝင်းမြင့်အောင်ဟာ သူ့ရဲ့ ယောက္ဖတော်စပ်တဲ့ နိုင်/ ကျဥ်း ဖြစ်သူ ဦးဆန်းလင်းကို ထောင်စာတွေ့ပြီး ပြန်အလာ ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီးကျေးရွာနားမှာ ရွှေဘိုခရိုင် ဒေသတွင်းလက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရဘူးလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW