ဝေလမင်းသမီး ကက်သရင်း ကင်ဆာရောဂါ ကုသမှုခံယူနေရ

လန်ဒန်၊ မတ်-၂၃-၂၀၂၄
မျိုးဆက်(VOM)

ဝေလမင်းသမီး ကက်သရင်းဟာ ကင်ဆာရောဂါဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အစောပိုင်းအဆင့် ကုသမှုတွေကို ခံယူနေကြောင်း နန်းတော်က ထုတ်ပြန်ပါတယ်။

ဒီလို ကင်ဆာရောဂါဖြစ်ပွားမှုကြောင့် လွန်စွာထိတ်လန့်တုန်လှုပ်ခဲ့ရပေမယ့် လက်ရှိမှာ အခြေအနေကောင်းမွန်ပြိး နေ့ရက်တိုင်း ပိုမိုသန်မာလာကြောင်း သူမက ဗီဒီယိုတခုကတဆင့် ပြောပါတယ်။

သူမ ခံစားနေရတဲ့ ကင်ဆာရောဂါအမျိုးအစားကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဝေလမင်းသမီးဟာ အပြည့်အ၀ ပြန်လည်ကောင်းမွန်းကျန်းမာလာမယ်လို့ ယုံကြည်ကြောင်း သူမနေထိုင်တဲ့ ကန်ဆင်တန်နန်းတော်က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလအတွင်းက ဝမ်းဗိုက်ခွဲစိတ်မှုပြုလုပ်စဉ်က ကင်ဆာရေးဂါရှိမှန်း မသိခဲ့ကြောင်း ဝေလမင်းသမီး ကက်သရင်းကဆိုပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာ စမ်းသပ်စစ်ဆေးမှုများအရ ကင်ဆာရောဂါတွေ့ရှိခဲ့ပြီး ဓါတ်ရောင်ခြည်ကုထုံးနဲ့ အစောပိုင်းအဆင့် ကုသခံနေတယ်လို့ ပြောပါတယ်။

ကုသမှုတွေကို ဖေဖော်ဝါရီနှောင်းပိုင်းမှာ စတင်ခဲ့ပြီး ကင်ဆာရောဂါအပါအဝင် ဝေလမင်းသမီးရဲ့ နောက်ထပ်ပုဂ္ဂိုဟ်ရေး ဆေးဘက်ဆိုင်ရာ အချက်အလက်တွေကို မျှဝေထုတ်ပြန်မှာမဟုတ်ကြောင်း ကန်ဆင်တန် နန်းတော်က ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW