မင်းတုန်းနယ် မှန်ကျေးရွာမှာ တောမီးကူးစက်ရာကအိမ်ခြေ နှစ်ရာနီးပါး မီးလောင်

မတ် ၊ ၂၃ ၊ ၂၀၂၄
TT ( VOM)
မကွေးတိုင်း ၊သရက်ခရိုင် ၊ မင်းတုန်းမြို့နယ် ၊ မှန်ကျေးရွာမှာ မနေ့ မတ် ၂၂ ရက် ၊ ညနေ ၃ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မကွေးတိုင်း မီးသတ်ဆီက သိရပါတယ်။
” မှန်ကျေးရွာမီးလောင်မှုဖြစ်တယ် ၊ အဲ့ဒီရွာက လူဦးရေ တထောင်ဝန်းကျင်နေထိုင်တယ် ၊ ရွာအိမ်ခြေက နှစ်ရာနီးပါးရှိတယ် ၊ အဲ့ဒီထဲက အိမ်ခြေ ၁၈၀ လောက် မီးလောင်သွားတယ် ၊ ရွာဘေးက တောမီးကနေ ရွာကို ကူးစက်လောင်တာဖြစ်တယ် ၊ ရေသယ်ယာဥ်နဲ့ မီးသတ်ကား ၇ စီးခန့်နဲ့ ငြိမ်းသတ်တယ် ၊ ၄ နာရီခွဲမှာ မီးထိန်းနိုင်ခဲ့ပြီး ညနေ ၆ နာရီကျော်မှာ အပြီးတိုင် ငြိမ်းသတ်နိုင်တယ် ” လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
အဲ့ဒီ မီးလောင်မှုကြောင့် မှန်ကျေးရွာ ဒေသခံ လူတထောင်နီးပါးဟာ အိုးအိမ်မဲ့ အဖြစ်သို့ ရောက်ခဲ့ပြီး အရေးပေါ် အဝတ်အထည်နဲ့ စားသောက်စရာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
နှစ်စဥ် ပူပြင်းခြောက်သွေ့တဲ့ ရာသီတွေမှာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်က နေရာတချို့နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂဒေသတွေမှာ တောမီးလောင်ရာကနေ မီးကူးစက်လောင်မှုတွေ ဖြစ်လေ့ရှိပြီး အိုးအိမ် ၊ တိရစ္ဆာန်တွေအပြင် သေဆုံးထိခိုက်သေတာတွေရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ မနေ့က မှန်ကျေးရွာ မီးလောင်မြင်ကွင်း၊ မကွေးတိုင်း မီးသတ်တဦး

Related posts

Leave a Comment

VOM News

FREE
VIEW