တောင်ကိုရီးယား မဲရုံတွေမှာ လျှို့ဝှက်ကင်မရာ ၄၀ တွေ့ရှိမှု သံသယရှိသူတွေကို ရဲတပ်ဖွဲ့ ရှာဖွေနေ

ဆိုးလ်၊ ဧပြီ-၂-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယား မဲရုံတွေမှာ ဒါဇင်နဲ့ချီတဲ့ လျှို့ဝှက်ကင်မရာတွေ တင်ဆင်ပြီး ယူကျုသမားတယောက်ကို ကူညီနေကြောင်း စွပ်စွဲခံရသူတွေကို ရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေနေပါတယ်။

သူတို့နှစ်ဦးဟာ ရွေးကောက်ပွဲ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ သက်သေရှာကြိုးပမ်း တင်ပြလိုတဲ့ နာမည်ကျော် ယူကျုသမားတယောက်နဲ့ ကြံရာပါဖြစ်ကြောင်း အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။

အသက် ၄၀ ဝန်းကျင်ရှိ ယူကျုသမားကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယား ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ဧပြီ ၆ ရက်နဲ့ ၇ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အင်ခွျှန်းရဲတပ်ဖွဲ့ရဲ့ အဆိုအရ မဲရုံတွေနဲ့ မဲရေတွက်တဲ့ နေရာတွေ အပါအဝင် နိုင်ငံတဝန်းရှိ နေရာ ၄၀ မှာ တရားမဝင် တပ်ဆင်ထားတဲ့ လျှို့ဝှက်ကင်မရာတွေကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

ကင်မရာတွေကို ဆက်သွယ်ရေးပစ္စည်းကိရိယာများအသွင်နဲ့ တပ်ဆင်ထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သံသယရှိသူနှစ်ယောက်ဟာ အသက် ၅၀ အရွယ်နဲ့ ၇၀ ဝန်းကျင်တွေဖြစ်ပြီး သူတို့အပေါ် စွဲချက်တွေထဲမှာ အဆောက်အအုံတွေထဲကို ဥပဒေမဲ့ဝင်ရောက်မှုနဲ့ လုံခြုံရေးဥပဒေချိုးဖောက်မှုတို့ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW