AA က အမ်း-ပဒါန်းကားလမ်းကို ဒီနေ့ကစပြီး အကန့်သတ်မရှိ ပိတ်

ရခိုင် ၊ဧပြီ ၂ -၂၀၂၄ GG (VOM) ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်းဆက်သွယ်ထားတဲ့ အမ်း – ပဒါန်း ကားလမ်းကို ဒီနေ့ ဧပြီလ ၂ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း AA ဘက်က အရေးပေါ်ထုတ်ပြန် သတိပေးလိုက်ပါတယ်။ ရက္ခိုင်ပြည်၊ အမ်းမြို့ နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းမှာ စစ်တပ်က စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာ နဲ့ စစ်လက်နက်ခဲယမ်းတွေကို အရပ်သားကားနဲ့ သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ် မိုင်းထောင်ထားခြင်းတွေ ကို ပြုလုပ်နေတာကြောင့် အဆိုပါကားလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ စတင် ဖြစ်ပွားလာပြီဖြစ်လို့ အမ်း-ပဒါန်း ကားလမ်း ကို အကန့်အသတ်မရှိ ပိတ်လိုက်တာဖြစ်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ” အမ်းကလူတွေ ပဒါန်းကိုပဲအဓိကအားကိုးနေရတာ ၊ ခုတော့ ဒုက္ခရောက်ပြီပေါ့။…

Read More

မြောက်ကိုရီးယား ပစ်ခတ်လိုက်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် ဂျပန်စီးပွားရေးဇုန်အနီး ကျရောက်

ဆိုးလ်၊ ဧပြီ-၂-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် တစင်းကို ဧပြီ ၂ ရက်မှာ စမ်းသပ် ပစ်ခတ်ခဲ့ပြီး ဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်အနီး ရေပြင်ကိုကျရောက်ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ဇန်နဝါရီလနှင့်မတ်လတို့အတွင်း ဒုံးကျည်ဆိုင်ရာ စမ်းသပ်မှုနှစ်ကြိမ် မြောက်ကိုရီးယားက ပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း တတိယမြောက် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းအနီးဝန်းကျင်ကနေ အရှေ့ဘက်ပင်လယ် သို့မဟုတ် ဂျပန်ပယ်လယ်ထဲကို တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒုံးကျည်ဟာ ကီလိုမီတာ ၆၀၀ ထိ ပျံသန်းခဲ့ပြီး ပစ်လွှတ်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အမေရိကန် ၊ ဂျပန်တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းဖလှယ်နေကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားရဲ့ ပြောင်ပြောင်တင်းတင်း ရန်စမှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း တောင်ကိုရီးယာစစ်တပ်က ထုတ်ပြန်ထားပါတယ်။…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၅၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်ရေး တရုတ်နဲ့အငြင်းပွားမှု ဖိလစ်ပိုင်နဲ့ အမေရိကန် ဆွေးနွေး

မနီလာ၊ ဧပြီ-၂-၂၀၂၄ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အတင်းအကျပ်၊ ရန်လိုပြီး လှည့်ဖြားတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေးနဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးတို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။ ဒီလို အငြင်းပွားမှုတွေနဲ့ သံတန်ရေးရာ တင်းမာနေချိန်မှာ ဖိလစ်ပိုင်ကို အမေရိကန်က ဆက်လက်ထောက်ခံ အာမခံချက် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုတဲ့အတွက် ကျေးဇူတင်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေး အယ်ဒူရာဒိုအာနိုက ပြောပါတယ်။ မကြာသေးမီရက်ပိုင်းအတွင်း အငြင်းပွားဖွယ်ရေပြင်မှာ တရုကမ်းခြေစောင့်တပ်ဖွဲ့က ရေအမြှောက်တွေနဲ့ ပစ်ခတ်မှုကြောင့် ဖိလစ်ပိုင် စစ်တပ်ထောက်ပို့သင်္ဘောက အမှုထမ်းတွေ ဒဏ်ရာရခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာကတော့ တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေကို တန်ပြန်အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ ဖိလစ်ပိုင်ကို သစ္စာဖောက်အဖြစ် စွပ်စွဲထားပြီး အငြင်းပွားဖွယ် ကမ်းရိုးတန်းတခုမှာ ရည်ရွယ်ချက်ရှိရှိ ထားတဲ့ ရေတပ်သင်္ဘောဟောင်းကို ဖယ်ရှားမယ့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။…

Read More

ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးသွင်းသူ စံချိန်တင်မြင့်တက်

ဧပြီ ၂ – ၂၀၂၄ SN (VOM) ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် အခု ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) ဖြေဆိုဖို့ စာရင်းပေးသွင်းသူ အရေအတွက်ဟာ တသိန်းကျော်အထိ ရှိလာပြီး စံချိန်တင် မြင့်တက်လာတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ကနေ သိရပါတယ်။ အရင်နှစ်တွေက တနှစ်ကို သုံးသောင်းကျော်လောက်သာ ဝင်ရောက် ဖြေဆိုခဲ့ကြတာဖြစ်ပြီး အခုနှစ်မှာတော့ လူဦးရေ တသိန်းကျော်အထိ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ “ဒီနှစ်မှာတော့ အံ့ဩဖွယ် ကောင်းလောက်အောင်ကို လူဦးရေက စံချိန်တင် များလာတယ်။ တခါမှ အခုလောက် မများဖူးဘူး။ မိန်းကလေးတွေ ခေါ်လိုက်တာကြောင့်လည်း လူပိုများလာတယ်လို့ ထင်ပါတယ်။ စာမေးပွဲမှတ်ပုံတင်ကြေးကို မတ်လ ၁၉ ရက်နေ့ကစပြီး ပေးသွင်းခွင့်ပြုလိုက်တာပါ။ စပြီး ခွင့်ပြုပေးလိုက်တဲ့ နေ့ကတည်းက မှတ်ပုံတင်ကြေး…

Read More

တောင်ကိုရီးယား မဲရုံတွေမှာ လျှို့ဝှက်ကင်မရာ ၄၀ တွေ့ရှိမှု သံသယရှိသူတွေကို ရဲတပ်ဖွဲ့ ရှာဖွေနေ

ဆိုးလ်၊ ဧပြီ-၂-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယား မဲရုံတွေမှာ ဒါဇင်နဲ့ချီတဲ့ လျှို့ဝှက်ကင်မရာတွေ တင်ဆင်ပြီး ယူကျုသမားတယောက်ကို ကူညီနေကြောင်း စွပ်စွဲခံရသူတွေကို ရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေနေပါတယ်။ သူတို့နှစ်ဦးဟာ ရွေးကောက်ပွဲ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ သက်သေရှာကြိုးပမ်း တင်ပြလိုတဲ့ နာမည်ကျော် ယူကျုသမားတယောက်နဲ့ ကြံရာပါဖြစ်ကြောင်း အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။ အသက် ၄၀ ဝန်းကျင်ရှိ ယူကျုသမားကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယား ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ဧပြီ ၆ ရက်နဲ့ ၇ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အင်ခွျှန်းရဲတပ်ဖွဲ့ရဲ့ အဆိုအရ မဲရုံတွေနဲ့ မဲရေတွက်တဲ့ နေရာတွေ အပါအဝင် နိုင်ငံတဝန်းရှိ နေရာ ၄၀ မှာ တရားမဝင် တပ်ဆင်ထားတဲ့ လျှို့ဝှက်ကင်မရာတွေကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။ ကင်မရာတွေကို ဆက်သွယ်ရေးပစ္စည်းကိရိယာများအသွင်နဲ့ တပ်ဆင်ထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။…

Read More

လိူင်သာယာမှာ တရက်တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပြီး နှစ်ယောက်သေ ရှစ်ယောက်ဒဏ်ရာရ

  ရန်ကုန် ၊ ဧပြီ ၂ – ၂၀၂၄ GG (VOM) ရန်ကုန် ၊ လိူင်သာယာမြို့နယ်မှာ ဧပြီလ ၁ ရက်နေ့ တရက်တည်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပြီး နှစ်ယောက်သေဆုံးကာ ရှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီရေးအသင်းကသိရပါတယ်။ ပထမ ယာဉ်တိုက်မှုဖြစ်စဉ်က ဧပြီလ ၁ ရက်နေ့ ညနေပိုင်း ဒဂုံဧရာအဝေးပြေးကားဝန်း အကျော်၊အလုပ်သမားဆေးရုံအနီးမှာ ခရီးသည်တင် ကား နဲ့ ဆီဘောက်ဆာကား ၊ သုံးဘီးဆိုင်ကယ်တို့ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီ ဖြစ်စဉ်မှာ အမျိုးသားတယောက်သေဆုံးပြီး ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရ ပါတယ်။ ” ညနေပိုင်း ကားတိုက်မှုက ဖယ်ရီကားက ဘရိတ်ပေါက်တယ်လို့ပြောတယ်။ဘရိတ်ပေါက်ပြီး တဖက်လမ်းမှာရှိတဲ့ ဆီဘောက်ဆာကားကိုဝင်တိုက်တာ၊ဆီဘောက်ဆာကားက ဧရာဝတီကနေ လာတာ၊ သမာဓိကားက ဧရာဝတီတိုင်းကိုပြန်ဆင်းတဲ့ကားပေါ့။ဆီဘောက်ဆာကားကလမ်းမှန်ပေါ့။ယာဉ်တိုက်မှုမှာ ဆီဘောက်ဆာကားပေါ်က နှစ်ယောက်ဒဏ်ရာရတယ်၊ ဖယ်ရီကားပေါ်က သုံးယောက်ဒဏ်ရာရတယ်၊ တယောက်ကဆုံးတယ်။အကုန်အမျိုးသားတွေချည်းပါပဲ။ကားက ဧရာဝတီတိုင်းနဲ့ လိူင်သာယာပြေးဆွဲနေတဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၈၀ ကျပ် ဝယ်ဈေး – ၃၈၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၀၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၁၀ ကျပ် ဝယ်ဈေး – ၄၁၂၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၂၆ ကျပ် ဝယ်ဈေး – ၁၀၃.၀၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၉ ကျပ် ဝယ်ဈေး – ၈၅၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၄ ကျပ် ဝယ်ဈေး – ၅၁၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၄၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဒီနှစ်သင်္ကြန်ပွဲ နွှဲကြမယ့် မဏ္ဍပ်တွေ ဆောက်လုပ်နေတဲ့ မန္တလေး

  မန္တလေး၊ ဧပြီ- ၂- ၂၀၂၄ SA(VOM) မန္တလေးမြို့မှာကျင်းပမယ့် သင်္ကြန်ပွဲတော်အတွက် မန္တလေးမြို့တော်ဝန် မဏ္ဍပ်အပြင် မြို့အနှံ့မှာ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးနဲ့ စတုဒိတာမဏ္ဍပ် အများအပြားဆောက်လုပ်နေကြပြီး တချို့မဏ္ဍပ်တွေလည်း ဆောက်လုပ် ပြီးစီးနေပြီဖြစ်ပါတယ်။ မန္တလေးကျုံးမြို့ရိုးပတ်လည်မှာ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ်အကြီး ၁၂ ခု၊ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၄ ခု ရှိတယ်လို့ မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီကနေ သိရပါတယ်။ ကျုံမြို့ရိုးအရှေ့ဘက်ခြမ်း ၆၆ လမ်းပေါ်၊ ၁၂ လမ်းကနေ ၂၆ လမ်းအထိ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ်အကြီး ၄ ခု၊ ၁၂ လမ်းနဲ့ ၁၉ လမ်းကြား ၆၆ လမ်းပေါ်မှာ ရေကစားမဏ္ဍပ်အကြီး ၂ ခု၊ ၁၉ လမ်းနဲ့ ၂၆ လမ်းကြား ၆၆ လမ်းပေါ်မှာ ရေကစားမဏ္ဍပ်အကြီး ၂ ခု…

Read More
VOM News

FREE
VIEW