လိူင်သာယာမှာ တရက်တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပြီး နှစ်ယောက်သေ ရှစ်ယောက်ဒဏ်ရာရ

 

ရန်ကုန် ၊ ဧပြီ ၂ – ၂၀၂၄

GG (VOM)

ရန်ကုန် ၊ လိူင်သာယာမြို့နယ်မှာ ဧပြီလ ၁ ရက်နေ့ တရက်တည်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပြီး နှစ်ယောက်သေဆုံးကာ ရှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီရေးအသင်းကသိရပါတယ်။

လိူင်သာယာမှာ တရက်တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပြီး နှစ်ယောက်သေ ရှစ်ယောက်ဒဏ်ရာရ

ပထမ ယာဉ်တိုက်မှုဖြစ်စဉ်က ဧပြီလ ၁ ရက်နေ့ ညနေပိုင်း ဒဂုံဧရာအဝေးပြေးကားဝန်း အကျော်၊အလုပ်သမားဆေးရုံအနီးမှာ ခရီးသည်တင် ကား နဲ့ ဆီဘောက်ဆာကား ၊ သုံးဘီးဆိုင်ကယ်တို့ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီ ဖြစ်စဉ်မှာ အမျိုးသားတယောက်သေဆုံးပြီး ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရ ပါတယ်။

” ညနေပိုင်း ကားတိုက်မှုက ဖယ်ရီကားက ဘရိတ်ပေါက်တယ်လို့ပြောတယ်။ဘရိတ်ပေါက်ပြီး တဖက်လမ်းမှာရှိတဲ့ ဆီဘောက်ဆာကားကိုဝင်တိုက်တာ၊ဆီဘောက်ဆာကားက ဧရာဝတီကနေ လာတာ၊ သမာဓိကားက ဧရာဝတီတိုင်းကိုပြန်ဆင်းတဲ့ကားပေါ့။ဆီဘောက်ဆာကားကလမ်းမှန်ပေါ့။ယာဉ်တိုက်မှုမှာ ဆီဘောက်ဆာကားပေါ်က နှစ်ယောက်ဒဏ်ရာရတယ်၊ ဖယ်ရီကားပေါ်က သုံးယောက်ဒဏ်ရာရတယ်၊ တယောက်ကဆုံးတယ်။အကုန်အမျိုးသားတွေချည်းပါပဲ။ကားက ဧရာဝတီတိုင်းနဲ့ လိူင်သာယာပြေးဆွဲနေတဲ့ သမာဓိယာဉ်လိုင်းပါ၊ ” လို့ ကူညီရေးလမ်းကြောင်းပါဝင်ခဲ့တဲ့ သွေးဒါနမျိုးဆက် လူမှုကူညီအေသင်းဝင်တယောက်ကပြောပါတယ်။

ဒုတိယ ယာဉ်တိုက်မှုကလည်း ဧပြီလ ၁ ရက်နေ့ ညပိုင်း BOC အဝိုင်းအနီးမှာ Taxi အငှားယာဉ်တစီးက အရှိန်လွန်ပြီး လမ်းတဖက်မှာရပ်ထားတဲ့ အငှားတက္ကစီးနှစ်စီးကို ဝင်တိုက်မိသလို လမ်းဘေး ကားစောင့်နေတဲ့ ခရီးသွားပြည်သူတွေကိုပါ ထပ်မံဝင်တိုက်ခဲ့လို့ တယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သူကထပ်မံပြောပြ ပါတယ်။

” ဒီဖြစ်စဉ်မှာလည်း တက္ကစီက အရှိန်လွန်ပြီး တဖက်မှာရပ်ထားတဲ့ကားတွေကို ဝင်တိုက်တာ၊ကားတွေကရပ်ထားတာဆိုတော့ကားသမားထိခိုက်တာမရှိပေမယ့် ကံဆိုးချင်တော့ ကားစောင့်နေတဲ့ သူတွေကိုထပ်ပြီး ဝင်တိုက်မိတယ်။အဲဒီမှာ တယောက်သေသွားတယ်။ ကားသမားကိုတော့ဖမ်းထားတယ် ” လို့ ဆိုပါတယ်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွေထဲက ဒဏ်ရာရသူတွေအနက် ဒဏ်ရာပြင်းထန်သူ တယောက်ကိုတော့ မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်လိုက်ပြီး ကျန်ဒဏ်ရာရရှိသူအချို့ကိုတော့ လိူင်သာယာဆေးရုံကိုပို့ဆောင်ထားကြောင့် ၊ ထိခိုက်ဒဏ်ရာ နည်းသူနှစ်ယောက်ကိုတော့ ဆေးရုံးကနေ ပြန်ပို့လိုက်ပြီလို့သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ခြေထောက်ကျိုး၊လက်ကျိုး၊ ခေါင်းထိခိုက်၊ ပွန်းပဲ့ ဒဏ်ရာရရခဲ့ကြတာဖြစ်ပါတယ်။ မတ်လ ၂၇ ရက်နေ့ကလည်း ရန်ကုန်၊ပုသိမ်လမ်းမကြီး လှိုင်သာယာမြို့နယ် ၊ အနောက်ပိုင်းနည်းပညာတက္ကသိုလ်လမ်းထိပ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ငါးယောက်ရှိခဲ့သလို မတ်လအတွင်းမှာ အခြားသောယာဉ်မတော်နဆမှုဖြစ်စဉ်အချို့လည်းရှိခဲ့တယ်လို့သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း လိူင်သာယာ BOC အဝိုင်းနားမှာ ယာဉ်တိုက်မှုဖြစ်ပြီး လူလေးယောက်ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ပါတယ်။

photo – သွေးဒါနမျိုးဆက် အသင်း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW