ပြုံးယမ်း၊ မေ-၂၂-၂၀၂၅ မျိုးဆက်(VOM) မြောက်ကိုရီးယား စစ်သင်္ဘောသစ်တစင်းကို ရေချချိန်မှာ ပြင်းထန်တဲ့ မတော်တဆမှုဖြစ်ပွားတာနဲ့ပတ်သက်ပြီး ကင်ဂျုံအန်က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ သည်းမခံနိုင်တဲ့ ရာဇဝတ်မှုတခုဖြစ်တယ်လို့ ပြောပါတယ်။ ဒီမတော်တဆမှုကြောင့် တန်ချိန် ၅၀၀၀ ရှိတဲ့ ဖျက်သင်္ဘောသစ်ရဲ့ အောက်ခြေကိုယ်ထည် အစိတ်အပိုင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။ အဲဒီသင်္ဘောဟာ မြောက်ကိုရီးယားစစ်တပ်ရဲ့ ရေတပ်ဖွဲ့တွေ ခေတ်မီတိုးတက်ရေးမှာ အောင်မြင်မှုတရပ်လို့ ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုထားပြီး လာမယ့်နှစ်အစောပိုင်းမှာ တပ်တော်ဝင် ဖြန့်ကြက်သွားမှာလို့ ဆိုပါတယ်။ သင်္ဘောကို ဇွန်လမှာကျင်းပမယ့် အာဏာရပါတီရဲ့ အဓိကအစည်းအဝေးမတိုင်ခင်မှာ ပြန်လည်ပြင်ဆင်ဖို့နဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းစေမှုဖြစ်စေခဲ့တဲ့ သင်္ဘောဒီဇိုင်းရေးဆွဲတည်ဆောက်ရာမှာ ပါဝင်သူတွေကို ထိန်းသိမ်းဖို့ ကင်ဂျုံအန်က အမိန့်ပေးထားပါတယ်။ အရှေ့ဘက်ဆိပ်ကမ်းမြို့ ချောင်ဂျင်ရှိ သင်္ဘောကျင်းတခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ လုံး၀သတိမထားမှုနဲ့ တာဝန်မဲ့မှုဖြစ်တယ်လို့…
Read MoreDay: May 22, 2025
တိုင်းနဲ့ ပြည်နယ်တချို့မှာ လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးမှု၊ လေပြင်းတိုက်ခတ်မှုတွေ ထပ်မံ ဖြစ်ပေါ်နိုင်
မေ ၂၂ – ၂၀၂၅ SN (VOM) ငလျင်သင့်ဒေသတွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးမှု၊ လေပြင်း တိုက်ခတ်မှုတွေ ထပ်မံ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ မေ ၂၂ ရက်၊ မနက် ၇ နာရီအချိန် ထုတ်ပြန်တဲ့ အထူး မိုးလေဝသ သတင်း အသိပေးချက်မှာ မေ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တို့မှာ လေထု မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုံလေ အားကောင်းလာနိုင်ခြင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ “အခုက မိုးကလည်း ရွာနေတာ။ ပြီးတော့ မြန်မာနိုင်ငံ အလယ်ပိုင်းကို…
Read Moreဝါရှင်တန်ဒီစီ မြို့လယ်မှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ယောက် ပစ်သတ်ခံရ
ဝါရှင်တန်၊ မေ-၂၂-၂၀၂၅ ရတီ(VOM) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့လယ်ရှိ ဂျူးပြတိုက်တခုပြင်ပမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သံရုံးဝန်ထမ်း အမျိုးသမီးနဲ့ အမျိုးသားတို့ဟာ ဂါဇာရှိ ပါလက်စတိုင်းတွေကို ကူညီဖို့ ရည်ရွယ်ပြီး ဂျုးပြတိုက်မှာ ပြုလုပ်မယ့် အခမ်းအနားပွဲတခုကို သွားရောက်ချိန်မှာ အသတ်ခံခဲ့ရတာလို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ သံသယရှိသူ အသက် ၃၀ အရွယ် အီလစ်ရိုဒရီရဂါဇ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သံသယရှိသူဟာ ဖမ်းဆီးခံရပြီးနောက် ပါလက်စတိုင်းလွတ်မြောက်ရေးလို့ အော်ဟစ်ခဲ့ပြီး ဒီပစ်ခတ်မှုဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်နေနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမားဟာ သံရုံးဝန်ထမ်းနှစ်ယောက်ကို အနီးကပ်ပစ်သတ်ခဲ့တာဖြစ်ပြီး ဒါဟာ တုန်လှုပ်ခြောက်ခြားဖွယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဒါဟာအလွန်ဝမ်းနည်းဖွယ်ကောင်းပြီး ကိုးကွယ်ယုံကြည်မှုအပေါ် အခြေခံတာ ထင်ရှားနေတယ်လို့ ပြောပါတယ်။ ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့ကတော့ သံသယရှိသူဟာ ယခင်ပြစ်မှုမှတ်တမ်းတွေမတွေ့ရဘူးလို့ ပြောပါတယ်။…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၂၂)
ဆူးငှက် ရှေးမြန်မာများရဲ့ မြို့တည်ဗိသုကာ စနစ်ကို မျက်ဝါးထင်ထင်မြင်တွေ့လေ့လာနိုင်တာ မန္တလေးတစ် မြို့တည်းပဲ ကျန်တော့တယ်။ မန္တလေးဟာ မြို့စတည်တဲ့ မြန်မာကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှသည် နှစ် ၁ဝဝ ပြည့်တဲ့ ၁၃၂၁ ခုနှစ်အတွင်း မူလပန္နက်မြို့ ပြကွက်များဟာ ထူးထူးခြားခြားပြောင်းလဲမှု မရှိလှ ပါဘူး။ ဒီဘက် နှစ် ၅ဝ၊ နှစ် ၆၀ ကာလများ နှောင်းပိုင်းမှာမှ သိသာထူးခြားစွာ ပြောင်းလဲသွားတာပါ။ တချို့နေရာများဆိုရင် မမှတ်မိနိုင် လောက်အောင်ပါပဲ လို့ ပြောရ မလိုပါပဲ။ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလမှာ မန္တလေးကို အင်္ဂလိပ်တို့ က သိမ်းယူအပြီး ၁၈၈၇ ခုနှစ်မှာ မန္တလေး မြူနီစီပါယ်ကို ဖွဲ့စည်း တယ်။ ဒီ့နောက် မူလမြန်မာဗိသုကာ မြို့ပြအကွက်အကွင်း များမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ ထူးထူး ခြားခြားတော့ မဟုတ်ပါဘူး။…
Read Moreကြားနေသူတွေဟာ မှားနေတာလား
AT “တော်လှန်ရေးမှာ ကြားနေမရှိဘူး” ဆိုတဲ့ စကားကို ကိုယ့်ကိုကိုယ် တော်လှန်ရေး ဘက်တော်သားလို့ ခံယူထားသူအချို့ ပြောတာ ကြားဖူးမှာပါ။ သူတို့ အဓိက ရည်ညွှန်းပြောကြားတာက မြို့ပြ၊ ကျေးလက်နဲ့ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိ နေထိုင်နေကြတဲ့ သာမန် မြန်မာပြည်သူ လူထုကို ဖြစ်ပါတယ်။ အလားတူပဲ လက်နက်ကိုင် အဖွဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေ ဖြစ်တိုင်းမှာ နစက ထောက်ခံသူတွေပြောလေ့ရှိတာက သူပုန်တွေသေတာ ဘာဆန်းလဲ ဆိုတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဘယ်ဖက်ကမှ မရပ်တည်ဘဲ ကြားနေခွင့်ကို နိုင်ငံတကာဥပဒေတွေက အာမခံပေးထားသလို အခြေခံကျတဲ့ လူ့အခွင့်အရေးလည်းပဲ ဖြစ်ပါတယ်။ သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြကတော့ “ကြားနေဝါဒဆိုတာ မိန်းမရွှင်ဝါဒနဲ့ အတူတူပဲ ။ အမှန်နဲ့အမှား ဓမ္မ…
Read More