တောင်တရုတ်ပင်လယ်အရေး တင်းမာမှု တရုတ်နိုင်ငံနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ဖိလစ်ပိုင်သမ္မတပြော

မနီလာ၊ ဧပြီ-၉-၂၀၂၄
မျိုးဆက်(VOM)
တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ လျှော့ချရေးအတွက် တရုတ်နိုင်ငံနဲ ဆက်လက်ဆွေးနွေးသွား မယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောပါတယ်။
ရေပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဆွေးနွေးဖို့ အခွင့်အလမ်းတိုင်းကို ရယူနေပြီး ဝန်ကြီးအဆင့် ၊ လုပ်ငန်းဖော်ဆောင်ရေးအဆင့် စတာတွေကို လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
ဆွေးနွေးမှုတွေကတဆင့် အငြင်းပွားဖွယ်ရေပြင်မှာ ထိပ်တိုက်တွေ့ဆုံမှုတွေကို တားဆီးနိုင်မယ်လို့ ဖိလစ်ပိုင်အနေနဲ့ မျှော်လင့်ကြောင်း မားကို့စ်က ပြောပါတယ်။ ဒီလိုထိပ်တိုက်တွေ့ဆုံမှုတွေမှာ စက္ကန်းသောမတ်စ်ကျွန်းကို ရိက္ခာသွားပို့တဲ့ ဖိလစ်ပိုင်ထောက်ပံ့ရေးသင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်တပ်က ရေအမြောက်တွေနဲ့ ပစ်ခတ်တာလည်း ပါဝင်ပါတယ်။
ဒီလိုအခြေအနေမှာ အမေရိကန်၊ ဖိလစ်ပိုင်၊ ဩစတြေးလျနဲ့ ဂျပန်ရေတပ်တို့ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ရန်လိုမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့နေ့က ပြုလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်မှာ ရေတပ်နဲ့ လေကြောင်း ကင်းလှည့်မှုတွေအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်နေပြီး အာဆီယံနိုင်ငံအချို့နဲ့လည်း ရေကြောင်းပို်ငဆိုင်မှု အငြင်းပွားနေပါတယ်။
Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW