ကလေးမြို့မှာ နေအိမ်တလုံး မီးလောင် ၊ သားအမိနှစ်ယောက်သေဆုံး

ဧပြီ ၊ ၁၂ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ မြို့လှရပ်ကွက် ၊ ဆည်းဆာဘီယာဆိုင်နားမှာ ဧပြီ ၁၁ ရက် မနေ့ကည ၉ နာရီဝန်းကျင်က နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး ၊ အဲ့ဒီ မီးလောင်ကျွမ်းမှုကြောင့် လူနှစ်ယောက် ထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မီးလောင်တဲ့အိမ်မှာက မိသားစု လေးယောက်ရှိတယ် ၊ သားအဖနှစ်ယောက်က အိမ်ပေါ်ကနေ ခုန်ချထွက်ပြေးလို့ လွတ်မြောက်သွားတယ် ၊ အိမ်ပေါ်မှာ ကျန်နေခဲ့တဲ့သားအမိနှစ်ယောက်သေဆုံးတယ် ၊ မိခင်ဖြစ်သူက အသက် ၄၀ လောက်ဖြစ်ပြီး သူ့သားက ၁၀ နှစ် ဝန်းကျင်အရွယ်ဖြစ်တယ် ၊ မီးကြွင်းမီးကျန်ကနေ စလောင်တာဖြစ်မယ်လို့ ခန့်မှန်းသုံးသပ်ကြတယ် ၊ အခုထိတော့ မီးဘာကြောင့် စလောင်တယ်ဆိုတာ အဖြေမထွက်သေးဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၇ ရက် ၊ ည ၈ နာရီအကျော်မှာ အခုမီးလောင်တယ်ဆိုတဲ့ နေရာဝန်းကျင်ဖြစ်တဲ့ကလေးမြို့ ၊ တောင်ဇလပ်ရပ်ကွက် နယ်မြေ ၇ မှာရှိတဲ့ ဆည်မြောင်းရုံးနဲ့ သစ်တောရုံးက အဆောက်ဦးတွေ မီးလောင်ပျက်စီးပေမယ့် မြို့လုံခြုံရေးအရ မီးသတ်ကားတွေ လာရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ ၊ မနေ့ညက ကလေးမြို့ မီးလောင်မှုမြင်ကွင်း (ဒေသခံ တဦး)

Related posts

Leave a Comment

VOM News

FREE
VIEW