ဖယ်ခုံမှာ လက်နက်ကြီးကျလို့ သုံးယောက်သေ ၊ ငါးယောက်ဒဏ်ရာရ

ကယား၊ ဧပြီ ၁၂ -၂၀၂၄ GG (VOM) ကယားပြည်နယ်၊ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတရွာမှာ မနေ့က ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ ကလေးငယ်အပါအဝင် လူသုံးယောက်သေဆုံးပြီး ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့သိရပါတယ်။ ဒါ့အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ” မနေ့က ညက ၁၀ နာ ရီခွဲလောက်မှ လေ‌ကြောင်းပစ်ခတ်မှုဖြစ်ခဲ့တာပါ။အဲဒီပစ်ခတ်မှုက ဖယ်ခုံမြို့နယ်အနောက်ခြမ်း၊ ရီနွဲ့ကျေးရွာအုပ်စု ၊ ပီကင်းရွာ နဲ့ လွယ်ယင်းရွာမ ရွာထဲကိုကျခဲ့တာပါ။ညတုန်းကတော့အဲ့ဘက်ခြမ်းမှာတိုက်ပွဲဖြစ်တာမျိုးလည်းမရှိပါဘူး။ ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်ကပြောပါတယ်။ လက်နက်ကြီးထိမှန်သေဆုံးသူတွေကတော့ အသက် ၆၅ နှစ်အရွယ် ဒေါ်မူဆူး ၊ အသက် ၁၂ နှစ်အရွယ် မသန္တာဦးနဲ့ အသက် ၃ နှစ်အရွယ် မောင်ဆန်းမင်းအောင် တို့ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အသက် ၃၇…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၀၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မုံရွာမြို့မှာ ပိုင်ရှင်မဲ့ အလောင်းတွေ အတွေ့များလာ

ဧပြီ ၊ ၁၂ ၊ ၂၀၂၄ SP ( VOM) ၂၀၂၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးပဋိပက္ခတွေဖြစ်တဲ့ သုံးနှစ်ကျော်ကာလ မုံရွာဝန်းကျင်မှာ ပိုင်ရှင်မဲ့ ရုပ်အလောင်းပေါင်း နှစ်ရာနီးပါး သဂြိုလ်ပေးခဲ့ရတယ လို့ မုံရွာမြို့ခံ ပရဟိတသမားတွေမှတမ်းအရ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက် ဧပြီ ၉ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ သာစည်လမ်းအနီး ဆရာအတတ်သင် ပညာရေး ကောလိပ်ကျောင်းနားမှာရှိတဲ့ မြနန္ဒာသုဿန်မှာ ဦးခေါင်းပိုင်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း ငါးလောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ မြနန္ဒာ သုဿန်အနီးဝန်းကျင်မှာနေတဲ့ ဒေသခံတယောက်က ” ပြီးခဲ့တဲ့ ဧပြီ ၈ ရက် ( တပေါင်း လကွယ်) ည ၈ နာရီထိုးပြီးတော့…

Read More

အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင် အဂတိကိစ္စနဲ့အမှုဖွင့်ခံရတဲ့ နောက်ကွယ်က ဘာလဲ

နေပြည်တော် ဧပြီ ၁၀-၂၀၂၄ KT(VOM) ဧပြီ ၁၀ ရက်မနက်ပိုင်းက ဖမ်းဆီးခံရတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးလည်းဖြစ် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုဖွင့် စစ်ဆေးနေပြီလို့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ဦးမြင့်လှိုင်ဟာ သူ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်း ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်စဥ်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ လယ်မြေ ၁၇၃၂ ဧကကို သူ့သားမက်နာမည်နဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့တာပေါ်ပေါက်လို့ အဂတိကော်မရှင် စစ်ဆေးရေးမှူးတဦးက အမှုဖွင့်တိုင်ကြားတာမို့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဦးမြင့်လှိုင်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တပ်မတော်ကနေ အငြိမ်းစားယူထားတဲ့ အဆင့်မြင့် အရာရှိကြီးတဦး သုံးသပ်တာက ” သူ့အပတ်စဥ် ၁၇မှာ သူက ထက်တယ် အရင်ဆုံးတပ်မမှူးဖြစ်ခဲ့သလို အရင်ဆုံး ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူပါ။ ခုကိစ္စ နောက်ကွယ်က အကြောင်းအရင်းက ဘာလဲမသိနိုင်ဘူး။ အခုလောက်ပမာဏ အဂတိအမှုတွေက ပြည်ထောင်စုအဆင့်မပြောနဲ့ ညွှန်မှူးအဆင့်လောက်စစ်ဆေးရင်တောင် အဂတိအမှုတွေက…

Read More

မြန်မာပြည်သူ ထက်ဝက်နီးပါး ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေရကြောင်း ကုလသမဂ္ဂထုတ်ပြန်

ကုလသမဂ္ဂ၊ ဧပြီ-၁၂-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းရဲ့ ထက်ဝက်နီးပါးဟာ ၂၀၁၇ ကနေ ၂၀၂၃ ခုနှစ်အတွင်း ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေရကြောင်း ကုလသမဂ္ဂက ဧပြီ ၁၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ လူလတ်တန်းစားတွေ ဝင်ငွေကျဆင်းလာမှုကို ထင်ဟပ်ဖော်ပြနေတာဖြစ်ပြီး မြန်မာပြည်သူ ၄၉ ဒသမ ၇ ရာခိုင်နှုန်းဟာ တရက်ကို မြန်မာငွေ ၁၅၉၀ ကျပ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၇၅ ဆင့်အောက်သာ ဝင်ငွေရရှိခဲပတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၇ ခုနှစ်ကတော့ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသာရှိပြီး ၂၀၂၃ ခုနှစ် အောက်တိုလာထိ နောက်ထပ် ၂၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ထပ်မံရောက်ရှိခဲ့ပြီး အစီရင်ခံစာထုတ်ပြန်ချိန်မှာ အခြေအနေ ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ ပြောပါတယ်။ ဒါအပြင်…

Read More

မြဝတီမှာ တိုက်ပွဲငြိမ်နေပြီး BGFနဲ့KNU ကင်းလှည့် ၊ ခလရ၂၇၅ တပ်သားအချို့ ထိုင်းဘက်ကခိုလှုံခွင့်မပေးသလို စစ်ရှောင်တွေလည်းနေရာချပေးတာမရှိသေး

မြဝတီ ၊ ဧပြီ ၁၂ – ၂၀၂၄ GG (VOM ) ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီနေ့ ဧပြီလ ၁၂ ရက်နေ့မှာလည်း ပစ်ခတ်မှုမရှိ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် မြို့ထဲမှာတော့ BGF နဲ့ KNU ၊ KNLA ၊PDF ပူးပေါင်းတပ်တွေက သွားလာလှုပ်ရှားမှုတွေ ရှိနေတယ်လို့သိရပါတယ်။ မြို့ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှည့်ပတ်မှုရှိပေမယ့်တိုက်ပွဲတွေမရှိတာကြောင့် မြို့ခံတွေကလည်း မြို့အတွင်းသွားလာလှုပ်ရှားမှုရှိသလို သကြင်္ န်မဏ္ဍပ်တွေပါဆောက်နေကြကာ စျေးတွေလည်း ဖွင့်လှစ်မှုရှိတယ်လို့သိရပါတယ်။ မြို့ခံတွေက သွားလာလှုပ်ရှားမှုရှိပေမယ့် အစိုးရရုံးတွေကတော့ လုပ်ငန်းလည်ပတ်မှုမရှိသလောက်ဖြစ်သွားပြီး မြဝတီဆေးရုံတခုသာ ဝန်ထမ်းအချို့နဲ့ ဖွင့်လှစ်ထားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ” ဆေးရုံကတော့ဖွင့်တယ်၊ဒါပေမယ့် ပုံမှန် ဝန်ထမ်းတော့မရှိတော့ ဘူး၊ မဖြစ်မနေ လိုအပ်တဲ့ဝန်ထမ်းလေးယောက်၊ခြောက်ယောက်လောက်ပဲရှိတယ်။ကျန်တဲ့အစိုးရရုံးတွေကတော့တရားဝင်ပိတ်တာမကြေငြာသေးပေမယ့် သွားလာလှုပ်ရှားမှုကတော့ သိပ်မရှိဘူး။ မြို့ကတော့ တိုက်ပွဲမရှိတော့ သွားလာမှုရှိနေတယ်။မြေနီကုန်းအထိရှိတယ်။အဲ့ကနေတော့ ကျော်မသွားရဲဘူး၊လမ်းလည်းပိတ်ထားတယ် ၊ မြို့ထဲမှာ လက်နက်ကိုင်တွေတော့လှည့်နေတာတွေ့တယ်၊…

Read More

ကလေးမြို့မှာ နေအိမ်တလုံး မီးလောင် ၊ သားအမိနှစ်ယောက်သေဆုံး

ဧပြီ ၊ ၁၂ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ မြို့လှရပ်ကွက် ၊ ဆည်းဆာဘီယာဆိုင်နားမှာ ဧပြီ ၁၁ ရက် မနေ့ကည ၉ နာရီဝန်းကျင်က နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး ၊ အဲ့ဒီ မီးလောင်ကျွမ်းမှုကြောင့် လူနှစ်ယောက် ထိခိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မီးလောင်တဲ့အိမ်မှာက မိသားစု လေးယောက်ရှိတယ် ၊ သားအဖနှစ်ယောက်က အိမ်ပေါ်ကနေ ခုန်ချထွက်ပြေးလို့ လွတ်မြောက်သွားတယ် ၊ အိမ်ပေါ်မှာ ကျန်နေခဲ့တဲ့သားအမိနှစ်ယောက်သေဆုံးတယ် ၊ မိခင်ဖြစ်သူက အသက် ၄၀ လောက်ဖြစ်ပြီး သူ့သားက ၁၀ နှစ် ဝန်းကျင်အရွယ်ဖြစ်တယ် ၊ မီးကြွင်းမီးကျန်ကနေ စလောင်တာဖြစ်မယ်လို့ ခန့်မှန်းသုံးသပ်ကြတယ် ၊ အခုထိတော့ မီးဘာကြောင့် စလောင်တယ်ဆိုတာ…

Read More

This Day in History

Voice of Myanmar ရုရှား အာကာသယာဉ်မှူး ယူရီဂါဂါရင်သည် ၁၉၆၁ ခုနှစ် ဧပြီ ၁၂ ရက်တွင် အာကာသအတွင်းသို့ ပထမဆုံး ရောက်ရှိခဲ့သည့် လူသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Read More

မန္တလေးမှာ အနုကြမ်းစီးခံရပြီး မိသားစုလိုက် သုံးလောင်းပြိုင် သတ်ဖြတ်ခံရ

ဧပြီ ၊ ၁၂ ၊ ၂၀၂၄ SP(VOM) မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့ နယ်၊ညောင်ကွဲရပ်ကွက်၊အောင်သပြေရပ် ၊ ၁၀ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား ၊အကွက်အမှတ် ၊ ၄၁၅ မှာနေထိုင်တဲ့ နေအိမ်တလုံးမှာ ဧပြီ ၁၁ ရက် မနေ့က ညနေပိုင်း ၇ နာရီဝန်းကျင်မှာ မိသားစုလိုက် သုံးလောင်ပြိုင် အသတ်ခံရတာ ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “အဲ့ဒီ နေအိမ်မှာ နေတဲ့ မိသားစုဝင်သုံးယောက်ဆီကို သူတို့အမျိုးတွေက ဖုန်းခေါ်ဆိုတဲ့အခါ ၊ တယောက် မှ ဖုန်းမကိုင်းတာကြောင့် ၊ အိမ်သွားကြည့်တဲ့အခါ ၊ မသင်္ကါဖွယ်ရာ တံခါးသော့ခတ်ထားထားတာကိုတွေ့ရတယ် ၊ အဲ့ဒါနဲ့ သူ့အမျိုးတွေက သက်ဆိုင်ရာကို အကြောင်းကြားပြီး သော့ခတ်ထားတဲ့ တံခါးကို…

Read More
VOM News

FREE
VIEW