မင်းပြားက စျေးကြီးမီးလောင်မှု ဆိုင်ခန်း၃၀၀ လောက်ပျက်စီးခဲ့သလို မတည်ငြိမ်တဲ့ဒေသတွေက စျေးတွေလောင်တဲ့မီး

ရခိုင် ၊ ဧပြီ ၁၅ – ၂၀၂၄
GG (VOM)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်က မြို့မဈေးကြီး မီးလောင်မှုဖြစ်ပြီး ဆိုင်ခန်းပေါင်း ၃၀၀လောက် မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ မီးငြိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့ မင်းပြားမြို့နယ်လူမှုကူညီရေးအသင်းက သိရပါတယ်။
မင်းပြားစျေးမီးလောင်မှုက သကြင်္ န်အကြိုနေ ဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့ပေါ်မှာ မီးသတ်ကားတစီးသာရှိတဲ့အပြင် မီးလောင်အားများတာကြောင့် မနက် ၄ နာရီလောက်မှသာမီးထိန်းနိုင်ပြီး ၊ မနက်၁၀ နာရီလောက်အထိမီးကြွင်းမီးကျန်တွေကိုလိုက်လံငြိမ်းသတ်ခဲ့ရတယ်လို့ဆိုပါတယ်။
” ဟင်းတန်းက စလောင်တာပေါ့။အပြင်ကိုမီးညွှန့်ထွက်မှဘေးကလည်းသိတာပေါ့။ဆိုင်ခန်းပေါင်းကတော့အနည်းဆုံး ၃၀၀ လောက်တော့ရှိမယ်။စျေးတတန်းပဲကျန်တယ်၊ကျန်တာအကုန်လုံးလောင်တာပေါ့။မလောင်ပဲကျန်တဲ့ဆိုင်ခန်းက ၁၀၀ ကျော်လောက်တော့ကျန်မယ်ထင်တယ်။မီးမလောင်ခင် ဂျက်ဖိုက်တာသွားတာတွေ့လိုက်တယ်၊သွားပြီးမကြာဘူးမီးကစလောင်တယ်၊ဒါပေမယ့် ကျနော်ထင်တာ လေယာဥ်ကမဖြစ်နိုင်ဘူး။ မီးလောင်တဲ့ပုံက တနေရာလုံးဝလောင်ကျွမ်းသွားတယ်၊နောက်နှစ်နေရာလောက်ကတခြားစီပဲလောင်တာကဆိုတော့ ရှို့မီးလို့ပဲထင်မိတယ်။ဘယ်သူဘယ်ဝါဆိုတာတော့မပြောနိုင်ပါဘူး ” လို့မင်းပြား နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ကိုရွှေထူးက ပြောပြပါတယ်။
မင်းပြားမြို့ခံအများအပြားစစ်ဘေးရှောင်နေကြချိန်ဖြစ်လို့ မင်းပြားမြို့စျေးကြီးကလည်းပိတ်ထားကြစဥ် အခုလိုမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ စျေးဆိုင်ခန်းအများစုကတော့ ပစ္စည်းတွေကို သယ်ယူထားပြီးဖြစ်တယ်လို့သိရပါတယ်။
” ပစ္စည်းတွေက​တော့ AA က မြို့ပေါ်လူတွေကိုအပြင်ထုတ်လိုက်ပြီးနောက် အဝင်အထွက်မလုပ်ရဘူးဆိုပြီးပိတ်လိုက်တယ်။နောက်အခြေအနေမှန်တဲ့အချိန်ကြ ပစ္စည်းတွေထုတ်လို့ရတဲ့အချိန်ထုတ်ဆိုတော့ စျေးထဲကရော အိမ်ထဲကရောပစ္စည်းတွေကိုထုတ်ကြတယ်။တော်တော်များများတော့ထုတ်ကြတယ်။၃ပုံ၂ပုံလောက်ကတော့အကုန်ထုတ်ကြတယ်။မထုတ်သူအချို့လည်းကျန်ပါတယ်။ဆိုင်ခန်းတိုင်းကတော်ပစ္စည်းမရှိတော့ဘူး”လို့ သူကထပ်ပြောပါတယ်။
လက်ရှိမှာ မင်းပြားမြို့က AA က ထိန်းချုပ်ထားတဲ့မြို့တမြို့ဖြစ်တာကြောင့် မီးလောင်မှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ၊ ရှင်းလင်းရေးလုပ်ငန်းတွေလုပ်ဖို့စီစဥ်နေတာမျိုးတွေ့ရတယ်လို့ဆိုပါတယ်။
AA က မင်းပြားမြို့ကိုထိန်းချုပ်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမရှိတော့ပေမယ့် နစကဘက်ကတော့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာမျိုး ရှိတာကြောင်​့ တိုက်ပွဲထပ်မံဖြစ်ပွားမှာကိုစိုးရိမ်တဲ့အတွက် ဒေသခံ စစ်ရှောင်တွေက ခုချိန်ထိနေရပ်ကိုပြန်လာခြင်းမရှိသေးဘူးလို့ သူကဆိုပါတယ်။
မင်းပြားမြို့မှာက လက်ရှိ နေထိုင်တဲ့ဒေသခံအရေအတွက်ဟာ အရင်ကနေထိုင်ခဲ့တဲ့ လူဦးရေရဲ့ ၄ ပုံ ၁ ပုံလောက်သာရှိကြောင်း၊ ကျန်တဲ့မင်းပြားဒေသခံအများအပြားဟာ ေနအိမ်ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။
မင်းပြားမြို့ကိုတော့ AA က ပြီးခဲ့တဲ့ ဖေဖောိဝ ၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂ ရက်နေ့ညပိုင်းကလည်း ပဲခူးတိုင်း၊ပဲနွယ်ကုန်းမြို့က စည်ပင်သာယာစျေးကြီးမီးလောင်ခဲ့ပြီး ဆိုင်ခန်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က မြို့မစျေးမီးလောင်ခဲ့သလို ဇန်နဝါရီလ ထဲမှာလည်း မိုးမိတ်က မြို့မစျေးလည်းမီးလောင်ခဲ့ပါတယ်။
ဒါ့ပြင် ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ ထဲမှာလည်း မုန်းမြို့မစျေး မီးလောင်ခဲ့သလို ကယပြည်နယိက လွိုင်ကော်မြို့မစျေးကြီးလည်းမီးလောင်ခဲ့ရပြီး နိုဝင်ဘာလမှာလည်း ရခိုငိပြည်နယ်က ပုဏ္ဍားကျွန်းမြို့နယ်က မြို့မစျေးကြီးမီးလောင်ခဲ့တယ်လို့သိရပါတယ်။
Photo – Kyaw Hla Sein

Related posts

Leave a Comment

VOM News

FREE
VIEW