မြန်မာနှစ်ဆန်းတရက်နေ့ (ဧပြီ ၁၇ ရက်) နံနက်ပိုင်းရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးကုသိုလ်ပြုသူများ စည်ကား

မြန်မာနှစ်ဆန်းတရက်နေ့ (ဧပြီ ၁၇ ရက်) နံနက်ပိုင်းရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးကုသိုလ်ပြုသူများ စည်ကား ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

Read More

မော်လမြိုင် ၊ မုပွန်နယ်မြေရဲစခန်းက အချုပ်သား သုံးယောက်က သေနတ် နှစ်လက်ယူပြီး ထွက်ပြေး

ဧပြီ ၊ ၁၇ ၊ ၂၀၂၄SP (VOM)မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ မုပွန်ရပ်ကွက်မှာရှိတဲ့ မုပွန်နယ်မြေရဲစခန်းမှာ ဧပြီ ၁၇ ရက် ဒီကနေ့ ၊ နေ့လယ်ပိုင်းက ရဲစခန်း အချုပ်ခန်းကို ဖောက်ပြီး အချုပ်သားသုံးယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” မုပွန်နယ်မြေရဲစခန်းက အချုပ်သား သုံးယောက်က အချုပ်ခန်းကို ဖောက်ပြီးထွက်ပြေးသွားတယ် ၊ နောက်ပြီး စခန်းက သေနတ် နှစ်လက်လည်း ပါသွားတယ် ၊ ဖြစ်စဥ် အသေးစိတ်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မော်လမြိုင်မြို့နယ် လုံခြုံရေးအဖွဲ့ဆီ VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။ဒါ့အပြင် မော်လမြိုင်မြို့ပေါ်ကို လုံခြုံရေးတွေ ထူထပ်စွာချထားပြီး လမ်းတချို့မှာ ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။ရဲစခန်းနဲ့ နီးစပ်သူတယောက်က” အဲ့ဒီ မုပွန်နယ်မြေရဲစခန်း…

Read More

နစကရဲ့ လွတ်ငြိမ်းထဲ နိုင်ငံရေးဖြစ်စဥ်ကြောင့် ဖမ်းဆီးခံထားရသူတွေ ပါဝင်နိုင်ခြေ နည်းပါး

ဧပြီ ၁၇ – ၂၀၂၄ KT + SN (VOM) နစကရဲ့ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ထဲမှာ နိုင်ငံရေးဖြစ်စဥ်ကြောင့် ဖမ်းဆီးခံထားရသူတွေ ပါဝင်နိုင်ခြေ နည်းပါးနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီ ၁၇ ရက် (နှစ်ဆန်း ၁ ရက်နေ့) လွတ်ငြိမ်းခွင့် ၆ပုံတပုံ လျှော့ရက်ခံစားခွင့်ပေးတာမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းအက်ဥပဒေအရ အဖမ်းခံထားရသူတွေ၊ နိုင်ငံရေးပုဒ်မဖြစ်တဲ့ မတရားအသင်းနဲ့ ဆက်သွယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ ၁၈၇၈ ခုနှစ်လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) အရ ဖမ်းဆီးခံထားရသူတွေ မပါဘူးလို့ နစကရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲ့ဒီ့လိုပဲ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု)…

Read More

သင်္ကြန်ကာလအတွင်း မြန်မာပြည်အလယ်ပိုင်းမှာ ပစ်ခတ်မှု၊ယာဥ်မတော်တဆမှုကြောင့် ၂၇ ယောက်သေဆုံးပြီး ၊ ၆၀ နီးပါးဒဏ်ရာရ

ဧပြီ ၊ ၁၇ ၊ ၂၀၂၄ SP (VOM) ဧပြီ ၁၂ ရက်ကနေ ဧပြီ ၁၆ ရက်ထိ သင်္ကြန်ကာလအတွင်း မြန်မာပြည် အလယ်ပိုင်းမှာရှိတဲ့ မန္တလေးတိုင်း ၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၂၇ ယောက်ရှိပြီး ၊ လူပေါင်း ၆၀ နီးပါးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာ ထိခိုက်သေဆုံးရသူ အရေအတွက် အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ၊ မန္တလေးတိုင်းက ဒုတိယအများဆုံးဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေထဲမှာ ပေါက်ကွဲမှုကြောင့် သေဆုံးရသလို ၊ ယာဥ်မတော်တဆမှုကြောင့် သေဆုံးရတာတွေ ပါဝင်တယ် လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်းဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ဧပြီ ၁၃ ရက်က မုံရွာခရိုင် ၊…

Read More

သရက်ကုန်းရွာမှာ စစ်တပ်နဲ့ TNLA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး ရွာထဲ ပိတ်မိနေတဲ့ ပြည်သူတွေ ရှိသလို ထိခိုက် သေဆုံးသူတွေရှိနေ

ဧပြီ ၁၅၊ ၂၀၂၄Shy V(VOM)ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာမှာ စစ်တပ်နဲ့ TNLA ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တို့အကြား ဒီနေ့ ဧပြီလ ၁၅ ရက်နေ့မနက် သုံးနာရီခွဲ ဝန်းကျင်ခန့်ကစ တိုက်ပွဲပြင်းထန်နေပြီး ရွာခံတချို့ တိုက်ပွဲကြားထဲ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။“ရွာတော့ ပျက်ပြီထင်တယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ရွာခံတွေ တချို့ ပိတ်မိနေတုန်း။ ရွာခံတွေက အခုက တနေရာစီရှောင်ကြတာ။ လေယာဉ်တော့ မပါဘူး။ လက်နက်ကြီးပဲ။ ရွာကျောင်းက ပြာကျပြီ။ ရှောင်တဲ့သူတွေက တချို့က ဘာမှ ပါမလာဘူး။ အကုန်ထား ပြေးရတာ။ ရွာမှာ ပိတ်မိနေတဲ့ သူတွေက တအားပစ်နေတော့ ဖုန်းခေါ်တာ မကိုင်ကြဘူး။ အလစ်လာတိုက်တာ။ ဘယ်သူမှ ကြိုမသိဘူး။” လို့ တိုက်ပွဲရှောင်လာတဲ့ ဒေသခံ တယောက်က VOM ကို…

Read More

မင်းပြားက စျေးကြီးမီးလောင်မှု ဆိုင်ခန်း၃၀၀ လောက်ပျက်စီးခဲ့သလို မတည်ငြိမ်တဲ့ဒေသတွေက စျေးတွေလောင်တဲ့မီး

ရခိုင် ၊ ဧပြီ ၁၅ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်က မြို့မဈေးကြီး မီးလောင်မှုဖြစ်ပြီး ဆိုင်ခန်းပေါင်း ၃၀၀လောက် မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ မီးငြိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့ မင်းပြားမြို့နယ်လူမှုကူညီရေးအသင်းက သိရပါတယ်။ မင်းပြားစျေးမီးလောင်မှုက သကြင်္ န်အကြိုနေ ဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့ပေါ်မှာ မီးသတ်ကားတစီးသာရှိတဲ့အပြင် မီးလောင်အားများတာကြောင့် မနက် ၄ နာရီလောက်မှသာမီးထိန်းနိုင်ပြီး ၊ မနက်၁၀ နာရီလောက်အထိမီးကြွင်းမီးကျန်တွေကိုလိုက်လံငြိမ်းသတ်ခဲ့ရတယ်လို့ဆိုပါတယ်။ ” ဟင်းတန်းက စလောင်တာပေါ့။အပြင်ကိုမီးညွှန့်ထွက်မှဘေးကလည်းသိတာပေါ့။ဆိုင်ခန်းပေါင်းကတော့အနည်းဆုံး ၃၀၀ လောက်တော့ရှိမယ်။စျေးတတန်းပဲကျန်တယ်၊ကျန်တာအကုန်လုံးလောင်တာပေါ့။မလောင်ပဲကျန်တဲ့ဆိုင်ခန်းက ၁၀၀ ကျော်လောက်တော့ကျန်မယ်ထင်တယ်။မီးမလောင်ခင် ဂျက်ဖိုက်တာသွားတာတွေ့လိုက်တယ်၊သွားပြီးမကြာဘူးမီးကစလောင်တယ်၊ဒါပေမယ့် ကျနော်ထင်တာ လေယာဥ်ကမဖြစ်နိုင်ဘူး။ မီးလောင်တဲ့ပုံက တနေရာလုံးဝလောင်ကျွမ်းသွားတယ်၊နောက်နှစ်နေရာလောက်ကတခြားစီပဲလောင်တာကဆိုတော့ ရှို့မီးလို့ပဲထင်မိတယ်။ဘယ်သူဘယ်ဝါဆိုတာတော့မပြောနိုင်ပါဘူး ” လို့မင်းပြား နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ကိုရွှေထူးက ပြောပြပါတယ်။ မင်းပြားမြို့ခံအများအပြားစစ်ဘေးရှောင်နေကြချိန်ဖြစ်လို့ မင်းပြားမြို့စျေးကြီးကလည်းပိတ်ထားကြစဥ် အခုလိုမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ စျေးဆိုင်ခန်းအများစုကတော့ ပစ္စည်းတွေကို သယ်ယူထားပြီးဖြစ်တယ်လို့သိရပါတယ်။…

Read More

မန္တလေးကဗဟိုမဏ္ဍပ် နောက်ကျော ကားနဲ့ဆိုင်ကယ်ထားရာနေရာ ၂ခု ဗုံးကွဲ

ဧပြီ – ၁၄-၂၀၂၄ Voice of myanmar မန္တလေး ချမ်းအေးသာစံမြို့နယ် စည်ပင်သာယာဗဟိုမဏ္ဍပ် အနီး ဆိုင်ကယ်ထားရာနေရာမှာ ဆိုင်ကယ်မှာထောင်ထားတဲ့ဗုံးတွေ ၂ နေရာကွဲတာကြောင့် လူ ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးပြောပြတာက ” ကျုံးဘေးမဟုတ်ဘူးဗျ ၇၁ လမ်းပေါ် ၂၇လမ်းနဲ့ ၂၈ လမ်းမှာထားခဲ့တဲ့ဆိုင်ကယ်ကနေပေါက်တာ ၂ခါပေါက်တာမှာ လတ်တလော လူ ၁၂ ဦးဒဏ်ရာရတယ်။ကလေး ၅ဦး လူကြီး၇ဦးပါ သေတာမရှိပါဘူး” မြို့တော်ဝန်မဏ္ဍပ်ရှေ့မှာ ဖြစ်တာမဟုတ်တာကြောင့်တချို့မသိလိုက်ကြဘဲ ကျုံးဘေး တလျှောက်နဲ့ မြို့ထဲတွေမှာ အရင်နှစ်ကထက် လူစည်ကားေနဆဲဖြစ်ပါတယ်။ ဗဟိုမဏ္ဍပ်မှာလည်း ကပြဖျော်ဖြေတာတွေ တိုက်ရိုက်ထုတ်လွှင့်ဆဲဖြစ်ပါတယ်။ သင်္ကြန်မတိုင်ခင် မဏ္ဍပ်ဆောက်လုပ်ဆဲကာလကလည်း ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း ၁၀၃ လမ်း မင်္ဂလာမန္တလေးမဏ္ဍပ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အေသးစားဗုံးတလုံးကွဲခဲ့ပါသေးတယ်။

Read More

မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများ

မန္တလေး၊ ဧပြီ- ၁၃- ၂၀၂၄ SA(VOM) ဒီကနေ့ ဧပြီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မြန့်မာရိုးရာ အတာသင်္ကြန် အကြိုနေ့မှာ မန္တလေးမြို့က မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားမြင်ကွင်းတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

Read More
VOM News

FREE
VIEW