ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မြို့မှာ အစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့နေရာကနေ အလောင်း ၂၀၀ ကျော်တွေ့



ဂါဇာစီးတီး၊ ဧပြီ-၂၃-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မြို့ကို ပြန်လာကြတဲ့ ဒေသခံပါလက်စတိုင်းတွေဟာ အစုလိုက်အပြုံလိုက်မြုပ်နှံထားတဲ့ အလောင်း ၂၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ခန်းယွန်နစ်မြို့ရှိ နက်ဆာဆေးရုံကို ဟားမတ်စ်တို့က အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတယ်ဆိုကာ အစ္စရေးတပ်တွေက နှစ်ပတ်ကြာ ဝင်ရောက်စီးနှင်းတိုက်ခိုက်ပြီးနောက် ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ဆေးရုံအပျက်အစီးတွေအောက်မှာ မြုပ်နှံထားတဲ့ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုတွေအတွက် အစ္စရေးတပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံးကို အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က တိုက်တွန်းထားပါတယ်။

မြုံနှံထားရာနေရာသို့ မိသားစုဝင်များက လာရောက်ပြီး ဆွေမျိုးတွေရဲ့အလောင်းတွေကို ပြန်လည်ရှာဖွေမြုပ်နှံနေကြရတဲ့ မြင်ကွင်းက လွန်စွာခက်ခဲလှတယ်လို့ ပါလက်စတိုင်းအမျိုးသမီးတယောက်က ပြောပါတယ်။

လူ ၁၂၀၀ သေဆုံးစေခဲ့တဲ့ ဂါဇာနယ်စပ်တလျှောက်ရှိ ကျေးရွာတွေကို အစ္စရေးရဲ့တိုက်ခိုက်မှုအပြီးမှာတော့ ဒီကိစ္စကို တားဆီးဖို့ ပျက်ကွက်ခဲ့ခြင်းအတွက် အစ္စရေးခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး စစ်ထောက်လှမ်းရေးအကြီးအကဲဟာလည်း ရာထူးကနေ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။

အစ္စရေးခေါင်းဆောင်တွေ ရာထူးကနေဆင်းဖို့အချိန်တန်ပြီလို့ အစ္စရေးပြည်သူတွေက ယူဆနေကြပြီး အစ္စရေးဒီမိုကရေစီ အင်စတီကျုရဲ့စစ်တမ်းတွေအရ တာဝန်ရှိသူတွေနှုတ်ထွက်သင့်တယ်လို့ ပြည်သူ ၆ ၂ ရာခိုင်နှုန်းက ယုံကြည်နေကြတယ်လို့ ဆိုပါထားပါတယ်။

Ref:NHK
Photo: Press TV

Related posts

Leave a Comment

VOM News

FREE
VIEW