တရုတ်အတွက် စစ်ဘက်နည်းပညာတွေ ရယူပေးပို့နေတဲ့ ဂျာမနီနိုင်ငံသားသုံးယောက်ကို ဖမ်းဆီးထိန်းသိမ်း



ဘာလင်၊ ဧပြီ-၂၃-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံအတွက် စစ်ဘက်ဆိုင်ရာနည်းပညာတွေ ရယူပေးပို့နေခဲ့တဲ့ ဂျာမနီနိုင်ငံသားသုံးယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဂျာမနီအစိုးရရှေ့နေတွေက ပြောပါတယ်။

သံသယရှိသူတယောက်ဟာ တရုတ်နိုင်ငံ လုံခြုံရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးတယောက်အတွက် အေးဂျင့်အဖြစ် လုပ်ဆောင်ခဲ့ပြီး သံသယရှိသူဟာ ဂျာမနီမှာ ကုမ္ပဏီတခုဖွင့်လှစ်ထားတဲ့ စုံတွဲကို အသုံးချခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီစုံတွဲဟာ သူတို့ရဲ့ကုမ္ပဏီမှတစ်ဆင့် ဂျာမနီတက္ကသိုလ်တခုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၊ သူတို့ရဲ့ရည်ရွယ်ချက်ဟာ စစ်သင်္ဘောတွေအပါအဝင် သင်္ဘောအင်ဂျင်နည်းပညာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျာမနီတက္ကသိုလ်တာဝန်ရှိသူတွေဟာ တရုတ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်နေတဲ့ သူတို့ သုံးယောက်ကို သတိမပြုမိကြောင်း တာဝန်ရှိသူတွေကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

သူတို့ ဖမ်းဆီးခံရချိန်မှာ သံသယရှိသူတွေဟာ တရုတ် ရေတပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်တိုးချဲ့ဖို့ အသုံးဝင်မယ့် နောက်ထပ်သုတေနသနစီမံကိန်းအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း ဂျာမနီအစိုးရရှေ့နေများက ပြောဆိုပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW