မိုးမောက်မှာ လက်နက်ကြီးကျည် ထိမှန်လို့ အရပ်သား သုံးယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရ

ဧပြီ ၂၃၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ လက်နက်ကြီးကျည်စထိမှန်လို့ အရပ်သား သုံးယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အကုန်လုံး ဟိုပြေးဒီပြေးနဲ့ ဆိုတော့။ မနေ့က သုံး ယောက်လောက်ပဲ သိတယ်။ အတိအကျက ဘယ်သူမှ မသိနိုင်ဘူး။ အဲဘက်ကနေ တိုက်ပွဲ ဖြစ်နေတော့ ပြန်လာတဲ့လူတို့၊ လာခိုလှုံတဲ့ လူလောက်ပဲ သိနိုင်တယ်။” လို့ ပရဟိတအသင်း တခုရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ဆေးရုံရောက်လာတဲ့ လူနာတွေရဲ့ ပြောပြချက်အရ မိုးမောက်မြို့ ဇောတိချောင်မှာ အမျိုးသမီး တယောက် အလင်းကောင် အောက်ချိုင့်မှာ အမျိုးသား နျစ်ယောက် စုစုပေါင်း သုံးယောက်သေဆုံးကြောင်း သိရတယ်လို ဆိုပါတယ်။
တိုက်ပွဲမှာ မိုးမောက် ခါနန်က ဘုရားကျောင်း နဲ့ လူနေအိမ် တချို့လည်း လက်နက်ကြီးကျည်ထိလို့ ပျက်စီးတာရှိတယ်လျု့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
“နေအိမ်တော့ သုံးလေးအိမ် ပျက်စီးသွားနယ် လေယာဉ် ဗုံးလာကြဲလို့။ အဲဒီ ခါနန် ရပ်ကွက်က ဘုရားကျောင်း နားမှာ။ ကျွန်မတို့ မိသားစုကို ဆက်သွယ်နေတာ အခု ဆက်သွယ်လို့ မရဘူး။ ဖုန်းလိုင်း ပျက်သွားတာလား မသိဘူး” လို့ သူက ပြောပါတယ်။
ထိခိုက်သေဆုံး၊ ဒဏ်ရာရသူတွေတော့ ရွာကလူတွေ ဖရုဖရဲ ထွက်ပြေးနေတာကြောင့် အတိအကျမရနိုင်တဲ့ အပြင် လက်ရှိမှာတော့ မိုးမောက်က လူတွေနဲ့ ဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
ယမန်နေ့မှာတော့ လေယာဉ်ဗုံး လာကြဲပြီးနောက် မြို့ထဲ ရပ်ကွက်က ‌နေအိမ် မီးလောင်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ မနက် ၇ နာရီခန့်ကစ စစ်တပ် နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
Photo Crd# သုည + ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW