မြန်မာ – အိန္ဒိယ မီဇိုရမ်နယ်စပ်ဂိတ်ကို လာမယ့် မေလကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်



ဧပြီ ၊ ၂၂ ၊ ၂၀၂၄
SP (VOM)

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်တဲ့ ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ရိဒ် – ဇိုခွာသာရ် ချစ်ကြည်ရေး တံတားကို လာမယ့် မေ ၁ ရက်ကစလို့ ရက်အကန့်မရှိ ပိတ်ထားတော့မယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” အခု ပိတ်မယ်ဆိုတဲ့ တံတားဟာ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသာရ်နဲ့ ချင်းပြည်နယ် ရိဒ် ဆက်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး တံတားဂိတ်ဖြစ်တယ် ၊ အဲ့ဒီ ဂိတ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၈ နဲ့ ၁၉ မှာ နှစ်ရက်ကြာပိတ်ထားခဲ့ပြီး ၊ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းမှာ အဲ့ဒီ အမှတ် ၂ ချစ်ကြည်ရေးတံတားကို အာသန်ရိုင်ဖယ်တပ်က ပြန်ဖွင့်ပေးတယ် ၊ တံတားပိတ်ရတဲ့ အကြောင်းကတော့ အိန္ဒိယ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြောင့် နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို ပိတ်တာလို့ သိရတယ် ၊ လာမယ့် မေ ၁ ရက်ကစလို့ အဲ့ဒီ ချစ်ကြည်ရေးတံတားဂိတ်ကို ရက်အကန့်အသတ်မရှိ ထပ်ပြီး ပိတ်မယ်လို့ သိရတယ် ” လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်ရှင် ဦးဂင်ရှန်ပေါင်က ပြောပါတယ်။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကို ပြေးဆွဲနေတဲ့ ကားသမားတယောက်က ” လာမယ့် မေလကးလို့ အမှတ် ၂ နယ်စပ်ဂိတ်ပိတ်မယ်လို့ မီဇိုရမ်ပြည်နယ် ၊ နယ်ခြားစောင့် လုံခြုံရေးအဖွဲ့တွေဆီက သိရတယ် ၊မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ရေးရာ မူဝါဒတွေ အပြောင်းလဲလုပ်မယ်လို့လည်း သိရတယ် ၊ လောလောဆယ် မဏိပူရ်ပြည်နယ် ၊ နယ်စပ်ဂိတ်လည်း ပိတ်ထားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကစလို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် တောင်ပိုင်း ၊ လောင်တလိုင်ခရိုင်ဘက်ကနေတဆင့် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်ကို နေ့စဥ် ပုံမှန်တင်သွင်းနေတဲ့ အခြေခံစားသောက်ကုန်စည်းတွေနဲ့ စက်သုံးဆီတွေကို တင်သွင်းခြင်း မပြုလုပ်ကြဖို့ Central Young Lai Asso ciation (CYLA) အဖွဲ့က ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်ထားပါသေးတယ်။

ဓာတ်ပုံ ၊ မြန်မာ မီဇိုရမ်နယ်စပ်ဂိတ်ကို မြင်တွေ့ရစဥ် (ဒေသခံ တဦး)

Related posts

Leave a Comment

VOM News

FREE
VIEW