မေ ၉၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်ကြား ဗလမင်းထင်တံနား အနီးက မိုင်းနားစုပေါင်းဂိတ်ကို မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ခွဲကျော်ခန့်က KIA နဲ့ ပူးပေါင်းအဖွဲ့က ပစ်ခတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာက ဗလမင်းထင် တံတားနားက စုပေါင်းဂိတ် လာပစ်တာ။ မီးလည်းလောင်တယ်။ လမ်းတော့ ပိတ်ထား လိုက်ပြီ” လို့ ဒေသခံ လူငယ်တယောက်က ပြောပါတယ်။
လူတွေ ဖြတ်သန်းသွားလာနေချိန် ရုတ်တရက် လာပစ်တာဖြစ်လို့ လမ်း ပေါ်က လူတွေလည်း ဖရိုဖရဲ ထွက်ပြေးနေကြတယ်လို့ သူက ပြောပါတယ်။
“ပြည်သူတွေ ဒီလောက် ဖြတ်သန်းသွားလာနေချိန်မှာ ရုတ်တရက် လာပစ်တယ်ဆိုတော့ သူတို့လည်း ဘာမှ လုပ်လို့ မရတော့ဘူးလေ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပြည်သူတွေတော့ ထိခိုက်တာ မကြားပေမယ့် ရဲမှူးနဲ့ ဂိတ်ထဲက လူတွေ ၅ ေယာက်လောက် ထိခိုက် ကျဆုံးမှု ရှိကာ ဂိတ်တဲတွေကိုလည်း မီးရှို့သွားတယ်လို့ သူက ပြောပါတယ်။
“ဂိတ်ကလူ တော်တော် ထိသွားတယ် ထင်တယ်။ အဲဒီက အလောင်းတွေ၊ သွေးတွေ ဆေးကြော၊ မီးတွေ ငြှိမ်းသတ်ပြီးမှ သွားခိုင်းမှာ ပြောတယ်။ မီးသတ်ကားက ခုမှ လာတာ။ ပြည်သူတွေကို မဖြတ်ခိုင်းသေးဘူးတဲ့။ အဲဒါတွေ ရှင်းပြီးမှ ဖြတ်ခိုင်းမှာတဲ့။” လို့ သူက ရှင်းပြပါတယ်။
လမ်းသွားလမ်းလာ ပြည်သူ အများအပြား လမ်းမှာ သောင်တင်နေကြတယ်လို့ ဆိုပါတယ်။
KIA နဲ့ ပူးပေါင်း အဖွဲ့တွေဟာ မေလ ၅ ရက်ကစ ကနေ့ မေလ ၉ ရက်နေ့အထိ နေ့တိုင်းနီးပါး ဝိုင်းမော်မြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို လာရောက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Video Crd# ဒေသခံ
Related posts
-
အမေရိကန် သမ္မတရွေးကောက်ပွဲ များမကြာခင် စတင်တော့မယ်
ဝါရှင်တန်၊ နိုဝင်ဘာ-၅-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့သတ်မှတ်ချိန်မတိုင်ခင်လေးမှာ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကမလာဟားရစ်တို့ဟာ အဓိကမဲဆန္ဒနယ်တွေမှာ... -
နစကဥက္ကဋ္ဌ တရုတ်ခရီးစဉ်ထွက်ခွာပြီးနောက် နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်
နိုဝင်ဘာ ၅ – ၂၀၂၄ SN (VOM) နေပြည်တော် အေလာလေဆိပ်မှာ... -
ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု အာကာသထဲ လွှတ်တင်ပြီ
တိုကျို၊ နိုဝင်ဘာ-၅-၂၀၂၄ ရတီ(VOM) ဂျပန်သုတေသီတွေ တည်ဆောက်ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုတလုံးကို ဒီကနေ့မှာ အာကာသထဲကို...