မေ ၊ ၂၇ ၊ ၂၀၂၄SP (VOM)မန္တလေးတိုင်း တောင်ပိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ် ၊ ကျွဲခြံကျေးရွာအုပ်စု ၊ ထနောင်းကိုင်းကျေးရွာမှာ ဒီမနက်ပိုင်း ၇ နာရီဝန်းကျင်က ကျောင်းထိုင်ဘုန်းကြီးတပါးနဲ့ ပြည်ခိုင်ဖြိုးပါတီဝင် တဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။နယ်ခံ ပရဟိတသမား တယောက်က” ဒီမနက်ပိုင်းက သတင်းကြားရတာက ထနောင်းကိုင်းကျေးရွာက ပြည်ခိုင်ဖြိုး ပါတီဝင် တယောက်ဖြစ်သူ ကိုမြင့်ဝင်းဟာ နေအိမ်ရှေ့မှာ တံမြက်စီးထွက်လှည်းနေတုန်း အမည်မသိ(စုံစမ်းနေဆဲ) လူသုံးယောက်က သေနတ်နဲ့ လာပစ်သွားတယ် ၊ အဲ့ဒါကြောင့် ကိုမြင့်ဝင်းဆိုသူရဲ့ သေနတ်ထိမှန်ပြီး နေရာမှာပဲ သေဆုံးသွားတယ် ၊ အဲ့ဒီနောက် သေနတ်သမားတွေဟာ ထနောင်ကိုင်း အလယ် ဘုန်းကြီးကျောင်းကိုသွားပြီး ကျောင်းထိုင်ရာတော် ဘုန်းကြီးကို ဆက်လက်ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မိတ္ထီလာခရိုင် လုံခြုံရေးအဖွဲ့နဲ့…
Read MoreDay: May 27, 2024
မိုးများပြီး မြဝတီ−ထို့ကော်ကိုးလမ်းပိုင်း ပျက်စီးနေတာကြောင့် ယာဉ်တွေ သွားလာရခက်ခဲပြီး ကုန်သွယ်မှု ကြန့်ကြာနေ
မေ ၂၇ – ၂၀၂၄ SN (VOM) မိုးရွာသွန်းမှုများလို့ မြဝတီ−ထို့ကော်ကိုးလမ်းပိုင်း ပျက်စီးနေတာကြောင့် ယာဉ်တွေ သွားလာရခက်ခဲနေပြီး ကုန်သွယ်မှုတွေ ကြန့်ကြာနေတယ်လို့ ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းမကြီးနဲ့ အရင် လမ်းဟောင်း ဒေါနတောင်တက် လမ်းပိုင်းတို့မှာ ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစပြီး ပိတ်ထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေဟာ မြဝတီမြို့ကို သွားလာနိုင်တဲ့ ထို့ကော်ကိုးလမ်းပိုင်း၊ နယ်ခြားစောင့်တပ် (၁၀၁၈) က ဖောက်လုပ်ထားတဲ့ လမ်းပိုင်း (ဒေသအခေါ် ၁၈ လမ်း) နဲ့ သက္ကတေရွာဘက်မှ ဖောက်လုပ်ထားတဲ့ လမ်းပိုင်း (ဒေသအခေါ် ကြက်ဥတောင်လမ်း) စတဲ့ လမ်းပိုင်း သုံးခုရှိတဲ့အနက် သွားလာရ အလွယ်ကူဆုံးဖြစ်တဲ့ ထို့ကော်ကိုးလမ်းကို အများဆုံးအသုံးပြု သွားလာနေကြတယ်လို့ သိရပါတယ်။ “ထို့ကော်ကိုးလမ်းပိုင်းက…
Read Moreတီးတိန်မြို့ပေါ်မှာ မနေ့ညကစလို့ တိုက်ပွဲဖြစ် ၊ တိုက်ပွဲရှောင်သူတွေ ပိတ်မိနေ
မေ ၊ ၂၇ ၊ ၂၀၂၄SP (VOM)ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်ခရိုင် ၊ တီးတိန်မြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ မနေ့ မေ ၂၆ ရက် ၊ ည ၁၀ နာရီဝန်းကျင်ကစလို့ ဒီမနက်အထိ ဆက်တိုက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။တီးတိန်မြို့ခံတယောက်က ” ညကစလို့ ခလရ ၂၉၆ ဘက်မှာ ပစ်ခတ်သံတွေစကြားရတယ် ၊ ဒီမနက် အစောပိုင်း မနက် ၄ နာရီဝန်းကျင်လောက်ကစပြီး မြို့ပေါ်လူနေရပ်ကွက်တွေဖြစ်တဲ့ Leilum နဲ့ Leitawhtan ရပ်ကွက် ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မရှိရသေးဘူး ၊ အဲ့ဒီ ရပ်ကွက်တွေထဲ ထိခိုက်ဒဏ်ရာရထားသူတွေ လေးငါးယောက်ထက်မနည်းရှိတယ်လို့ ကြားရတယ် ၊ အခုချိန်ထိတော့ ရပ်ကွက်ထဲက လူတွေ ပိတ်မိနေဆဲဖြစ်တယ်…
Read Moreမန္တလေး ကုန်စည်ဒိုင် ၂၇- ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
မန္တလေး- ၂၇- ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…
Read Moreဟားမတ်စ်တို့က တဲလ်အဗစ်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်၊ အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်လို့ ၃၅ ယောက်သေဆုံး
တဲလ်အဗစ်၊ မေ-၂၇-၂၀၂၄မျိုးဆက်(VOM)ဂါဇာရှိ ရာဖာမြို့ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၅ ယောက်သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။ဒါဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဟားမတ်စ်တို့ဟာ ရာဖာကနေ ဒုံးကျည်တွေနဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်ကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်ခဲ့တာဖြစ်ပြီး လေးလအတွင်း ပထမဆုံးအကြိမ် တာဝေးပစ်လက်နက်နဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ဟားမတ်စ်တို့ပစ်ခတ်လိုက်တဲ့ ဒုံးကျည်အများအပြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အသေအပျောက်သတင်း ထွက်ပေါ်လာတာမရှိပါဘူး။ ဒီအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးလေတပ်ဟာ ဟားမတ်စ်တို့ရဲ့ အခြေစိုက်ရာအဆောက်အအံတခုကို တိကျတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်အရ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာ အရပ်သားအများအပြား ထိခိုက်ခဲ့ကြောင်း အစီရင်ခံစာတွေကို ရရှိထားပြီး ဖြစ်စဉ်ကို ပြန်လည်သုံးသပ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒါဟာ အစ္စရေးကို လက်နက်နဲ့ ငွေကြေးတွေ ထောက်ပံ့ပေးနေတဲ့ အမေရိကန်တာဝန်ခံရမယ့် အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်တယ်လို့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်က ပြောပါတယ်။ဟားမတ်စ်တို့ နောက်ဆုံးခြေကုပ်ယူရာ ရာဖာမြို့မှာ ဟားမတ်စ်တို့ကို…
Read Moreအိန္ဒိယနိုင်ငံ ဒေလီရှိ ဆေးရုံတရုံမီးလောင်မှု မွေးကင်းစကလေးငယ် ခြောက်ယောက်သေဆုံး
ဒေလီ၊ မေ-၂၇-၂၀၂၄မျိုးဆက်(VOM)အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ဆေးရုံတရုံမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် မွေးကင်းစကလေးငယ် ခြောက်ဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဗီဗက်ဗီဟာ ဆေးရုံမှာ မွေးကင်းစကလေးငယ် ၁၂ ယောက်ရှိပြီး မီးလောင်မှုကြောင့် ထွက်ပြေးသွားသော ဆေးရုံပိုင်ရှင်ကို အရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။မီလောင်မှုမှာ အောက်ဆီဂျင်အိုးပေါက်ံကွဲမှုကြောင့် ပိုမို ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကို ငြိမ်းသတ်ရန် မီးသတ်ကား ၁၄ စီးစေလွှတ်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။လှေကားတခုတည်းပါရှိတဲ့ ဆေးရုံအဆောက်အအဦမှ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံဟာ လူနေရပ်ကွက်ကြားမှာ တည်ရှိနေပြီး ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကိုလည်း လိုက်နာခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ပြီးခဲ့တဲ့ စနေနေ့အစောပိုင်းကလည်း အနောက်ဂူဂျာရက်ပြည်နယ်ရှိ ကစားကွင်းတခုမှာ မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ်အများစုအပါအဝင် လူ ၂၇ ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။Ref:BBCPhoto: Reuters
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၇ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၂၁၀ ကျပ်ဝယ်ဈေး – ၄၁၇၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၁၂၀ ကျပ်ဝယ်ဈေး – ၃၀၄၀ ကျပ်-ယူရိုရောင်းဈေး – ၄၅၇၀ ကျပ်ဝယ်ဈေး – ၄၄၃၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၅.၀၁ ကျပ်ဝယ်ဈေး – ၁၁၂.၇၁ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၉၄ ကျပ်ဝယ်ဈေး – ၈၆၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၈၁ ကျပ်ဝယ်ဈေး – ၅၆၇ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၈၆ ကျပ်ဝယ်ဈေး – ၂၆.၀၅ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၅၀.၆၃ ကျပ်ဝယ်ဈေး – ၄၉.၅၀ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၃.၀၈ ကျပ်ဝယ်ဈေး – ၃.၀၁ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၂၂၄ ကျပ်ဝယ်ဈေး…
Read Moreယနေ့ ရွှေဈေး (မေ – ၂၇ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၂၁၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၅၀၁၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreနိုင်ဂျီးရီးယားမှာ သေနတ်သမားတွေက လူ ၁၀ ယောက်ကိုသတ်ပြီး ၁၆၀ ကျော်ကို ပြန်ပေးဆွဲသွား
အဘူဂျာ၊ မေ-၂၇-၂၀၂၄မျိုးဆက်(VOM)နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း နိုင်ဂျာပြည်နယ်ရှိ ဝေးခံခေါင်သီတဲ့ဒေသမှာ သေနတ်သမားတွေက ရွာသား ၁၀ယောက်ကို သတ်ဖြတ်ပြီး လူ ၁၆၀ ကျော်ကို ပြန်ပေးဆွဲသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။နိုင်ဂျီးရီးယားစစ်သွေးကြွအုပ်စု ဘိုကိုဟာရမ်အဖွဲ့က သံသယရှိသူသေနတ်သမားအများအပြားဟာ ကူချီရွာကို ဝင်ရောက်တိုက်ခိုက်ပြီး ရွာသားတွေကို ပြန်ပေးဆွဲသွားတာလို့ ဒေသဆိုင်ရာတာဝန်ရှိသူတယောက်က ပြောပါတယ်။ပြန်ပေးဆွဲခံရသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး အသတ်ခံရသူတွေထဲမှာ နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ ဒေသခံမုဆိုးတွေလည်း ပါဝင်ပါတယ်။သေနတ်သမားတွေဟာ ကူချီရွာအတွင်း ဝင်ရောက်လုယူသတ်ဖြတ်ပြီးနောက် အချိန်နှစ်နာရီအကြာမှာ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံ မျက်မြင်သက်သေတွေက ပြောပါတယ်။သေနတ်သမားတွေရဲ့ အခုလိုလုပ်ရပ်တွေဟာ နိုင်ဂျီးရီးယားအာဏာပိုင်တွေအနေနဲ့ ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်ဖို့ လုံး၀ပျက်ကွက်တဲ့ အရိပ်လက္ခဏာဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။၂၀၂၁ ခုနှစ်အတွင်းကလည်း သေနတ်သမားတွေဟာ ကူချီရွာကို ဝင်ရောက်တိုက်ခိုက်ပြီး အမျိုးသမီးနဲ့ မိန်းမငယ်တွေကို အဓ္ဓမပြုကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ပြန်ပေးဆွဲတာတွေကို ရှောင်ရှားနိုင်ဖို့အတွက် သေနတ်သမားတွေကို ငွေများစွာ ပေးနေရပါတယ်။သေနတ်သမားတွေဟာ ဂျီဟတ်ဝါဒီတွေနဲ့…
Read MoreThis Day in History
Voice of Myanmarအင်ဒိုနီးရှားနိုင်ငံ ယိုဂီကတာမြို့တွင် ၂၀၀၆ ခုနှစ် မေ ၂၇ ရက်က လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၆ ဒသမ ၃ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြောင့် လူ ၅၈၀၀ ထက်မနည်း သေဆုံးပြီး ၁ ဒသမ ၅ သန်း ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
Read More