မေ ၊ ၂၈ ၊ ၂၀၂၄
SP (VOM)
ချင်းပြည်နယ် မြောက်ပိုင်း ၊ တီးတိန်ခရိုင် ၊ တီးတိန်မြို့ ၊ မြို့မရပ်ကွက် နာရီစင် အနီးတဝိုက်က လူနေအိမ်တွေဟာ မနေ့ မေ ၂၇ ရက် ၊ ညနေပိုင်း ၄ နာရီကျော်လောက်စတင်ပြီး မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” တီးတိန်မှာ ၂၆ ရက်ညနဲ့ ၂၇ ရက် မနက်ပိုင်းမှာ ဒေသတွင်း လက်နက်ကိိုင် PDF အဖွဲ့နဲ့ နစက တပ်တွေ နှစ်ဘက်ပစ်ခတ်မှုတွေဖြစ်တယ် ၊ နယ်စပ်ဒေသ တိုင်းရင်းသား ဖွဲ့ဖြိုးရေး လူငယ်သင်တန်းကျောင်း (နတလ) ကျောင်းဘက်တွေနဲ့ မိုက်ခရိုေဝဗ် ဆက်ကြောင်းတိုင်ဘက်တွေမှာ ထိခိုက်ပျက်စီးမှုတွေရှိတယ် ၊ အဲ့ဒီ အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဆောက်ဦးတွေ ပျက်စီးတယ် ၊ အဲ့ဒီ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိတယ် ၊ နောက်ပြီး မိုက်ခရိုေဝဗ့် တာဝါတိုင် တာဝန်ကျ ရဲ ကိုးယောက်လည်း ပျောက်ဆုံးနေတယ် ၊ မနေ့က ညနေ ၄ နာရီနောက်ပိုင်း မြို့မရပ်ကွက်နဲ့ အနီးဝန်းကျင်က လူနေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးတယ် ၊ အခုတော့ တီးတိန်မြို့ပေါ်မှာ ပစ်ခတ်သံတွေရပ်နေတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် ချင်းပြည်နယ် ဒေသတွင်း လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတာက ” မနေ့က တီးတိန်တိုက်ပွဲမှာ အရေးပါတဲ့ မြို့နေတချို့ကို ရှင်းလင်းနိုင်ခဲ့ပြီး ရဲ ကိုးယောက်အရှင်ဖမ်းဆီးရမိကာ ၊ ချင်းညီနောင် PDF အဖွဲ့က တယောက်သေဆုံးတယ် ” လို့ ဖော်ထားပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့ဆီ VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။
ပြီးခဲ့တဲ့ မေ ၁၅ ရက်ကနေ ၂၄ ရက်အထိ ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့မှာ နစက တပ်နဲ့ PDF အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး တွန်းဇံဒေသခံ သုံးထောင်ကျော်ဟာ တီးတိန်မြို့ဘက်မှာ ထွက်ပြေးခိုလှုံနေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ မနေ့ညနေပိုင်းက တီးတိန်မြို့ မီးလောင်နေပုံ (ဒေသခံတဦး)
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...