ပို့မိုရက်ဘီ၊ မေ-၂၈-၂၀၂၄
မျိုးဆက်(VOM)
ပါပူဝါနယူးဂီနီမှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၂၀၀၀ ကျော်သေဆုံးဖွယ်ရှိနေပြီး အပျက်အစီးတွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို တွေ့နိုင်ဖွယ်မရှိတော့ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
မြေပြိုမှုဟာ ပြီးခဲ့တဲ့ သောကြာနေ့က မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက်မှာ ဘေးသင့်နေရာတွေကို ဝင်ရောက်ဖို့ ခက်ခဲမှုတွေကြောင့် အလာင်းတွေကို ဆယ်ယူရေးနဲ့ သေဆုံးသူအရေအတွက်ကို အတိအကျသိနိုင်ဖို့ ခက်ခဲနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ဒီနေ့ မတ် ၂၈ ရက်ထိ ရုပ်အလောင်းခြောက်လောင်းသာ ဆယ်ယူထားနိုင်သေးကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ ကျောက်တုံးတွေနဲ့ အပျက်အစီးတွေ ဆက်လက်ရွေ့လျားနေတာကြောင့် ဒေသခံ ၇၉၀၀ နီးပါးဟာ အန္တရာယ်ရှိနေပြီး ဘေးလွတ်ရာပြောင်းရွှေ့ပြောင်းဖို့အတွက် သတိပေးချက်ထုတ်ပြန်ထားပါတယ်။
အချို့နေရာတွေမှာ အပျက်အစီးတွေဟာ အနက် ၁၀ မီတာထိ ရှိနေပြီး အစုလိုက်အပြုံလိုက် တောင်ကုန်းအောက်ကို ရွေ့လျားနေဆဲဖြစ်ပြီး မြေပြိုမှုရဲ့နောက်ဆက်တွဲ သက်ရောက်မှုတွေ တိုးလာနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့အလောင်းတွေ အစုလိုက်အပြုံလိုက် ပုပ်သို ဆွေးမြေ့လာတာကြောင့် အဲဒီဒေသမှာ ကူးစက်မှုနဲ့ အခြားသောအန္တရာယ်တွေအတွက် သတိပေးချက်တွေလည်း တိုးလာပါတယ်။
Ref:BBC
Photo:UN
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...