ဒေလီ၊ မေ-၂၈-၂၀၂၄
မျိုးဆက်(VOM)
ဆိုင်းကလုန်းမုန်တိုင်း ရီမယ်လ်တိုက်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ လူ ၁၆ ယောက်သေဆုံးခဲ့ပါတယ်။
မုန်တိုင်းဟာ တနာရီ ကီလိုမီတာ ၁၁၀ နှုန်းနဲ့တိုက်ခတ်ခဲ့တာကြောင့် ပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေနဲ့ ဒီလှိုင်းတွေက မြေနိမ့်ဒေသတွေကို ရေလွှမ်းခဲ့ပါတယ်။ မုန်တိုင်းဟာ တနင်္ဂနွေနေ့ညနေပိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူတသန်းနီးပါးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့အဆိုအရ ကလေးငယ် ၃ ဒသမ ၆ သန်းအပါအဝင် မုန်တိုင်းလမ်းကြောင်းမှာ လူ ၈ ဒသမ ၄ သန်းနေထိုင်ကြတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မွန်ဂလာဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါရှိ ဆာဂါကျွန်းစုကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး နောက်တနေ့မှာ အားပျော့သွားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူ ၁၀ ယောက်သေဆုံးခဲ့ပြီး အချို့မှာ ရေနစ်သေဆုံးပြီး အချို့ကတော့ နေအိမ်တွေပြိုကျပြီး အပျက်အစီးတွေပိ သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ ဓါတ်လိုက်ခံရသူသုံးယောက်အပါအဝင် လူခြောက်ယောက်ထက်မနည်း သေဆုံးခဲ့ပြီး မုန်တိုင်းမတိုက်ခတ်မီ ကြိုတင်ကာကွယ်မှုအဖြစ် လူသုံးသန်းနီးပါးကို လျှပ်စစ်ဓါတ်အား ပေးဝေမှု ဖြတ်တောက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...