ထိုင်ဝမ်ကျွန်း ပတ်လည်ဝိုင်းရံပြီး တရုတ်စစ်တပ်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေနဲ့ စစ်ရေးလေ့ကျင့်

ပေကျင်း၊ မေ-၂၃-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်ကျွန်းရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေအပေါ် ပြင်းထန်တဲ့ သတိပေးမှုအဖြစ် ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းရံပြီး နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို တရုတ်စစ်တပ်က ဒီနေ့ မေ ၂၃ ရက်တွင် စတင်လိုက်ပါတယ်။ တရုတ်နိုင်ငံက အန္တရာယ်များတဲ့ ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားတဲ့ သမ္မတ လိုင်ကျင်းတီ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သုံးရက်အကြာမှာ တရုတ်စစ်တပ်က ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု စတင်နေတာဖြစ်ပါတယ်။ တရုတ်အရှေ့ပိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့တွေ၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၂၃ ရက် နံနက် ၇ နာရီၤ ၄၅ မိနစ်မှာ ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်မှ စတင်ခဲ့ကြောင်း တရုတ်စစ်ဘက်က ထုတ်ပြန်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်း မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နဲ့ ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကင်မန်၊မက်ဆူ၊ ဝါကျူ၊ ဒေါယင်ကျွန်းများအနီးမှာ…

Read More

ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းတက်ခွင့်ရပြီလား

မေ ၂၃ – ၂၀၂၄ GG (VOM) ဒီနေ့ မေလ ၂၃ ရက်နေ့မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြဖို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားပေမယ့်လည်း စစ်ဖြစ်နေတဲ့ဒေသက ကလေးငယ်တွေကတော့ ပညာသင်ခွင့်ဆုံးရှုံးနေကြဆဲဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ နေရာဒေသအတော်များများမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူတွေ သန်းနဲ့ချီရှိနေတဲ့အထဲ ကျောင်းနေရွယ် ကလေးငယ်တွေလည်းအများအပြားပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ နေအိမ်တွေစွန့်၊ မိမိဒေသကိုစွန့်ပြီးစစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် စစ်ရှောင်မိသားစုတွေရဲ့ကလေးငယ်အများစုဟာ စာသင်ကျောင်းတွေနဲ့ ဝေးကွာနေကြ တာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ စတင်ခဲ့တာ ခုချိန်အထိပဲဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနကတော့ နယ်အခြေအနေအရ ကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ဒေသက ေ ကျာင်းသားကျောင်းသူ တွေကို အခြားအဆင်ပြေတဲ့ကျောင်းမှာ တက်ရောက်နိုင်ဖို့စီစဉ်ပေးထားတယ်ဆိုပေမယ့်လည်း မြေပြင် အခြေအနေမှာတော့ ကျောင်း တက်ရောက်နိုင်သူနည်းပါးနေပါသေးတယ်။ ” စစ်ရှောင်တွေကို ဒီမှာပဲတက်ချင်ရင်တက်လို့ရအောင် ပညာရေးဦးစီးဌာနဘက်ကတော့စီစဉ်ပေးတယ်၊ဒါပေမယ့် စစ်ရှောင်တွေက ဒီမှာ အမြဲစစ်ရှောင်ရမယ့်အခြေအနေလား၊ နယ်မြေတည်ငြိမ်ရင် နေရပ်ပြန်ရမှာလားပေါ့အဲ့လိုရှိတော့ ကျောင်းအပ်ဖို့ကသေချာတော့မသိသေးဘူး။ဒီမှာပဲ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၃ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၁၀၀ ကျပ်ဝယ်ဈေး – ၄၀၆၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၀၄၅ ကျပ်ဝယ်ဈေး – ၂၉၇၀ ကျပ်-ယူရိုရောင်းဈေး – ၄၄၅၀ ကျပ်ဝယ်ဈေး – ၄၃၁၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၂.၈၃ ကျပ်ဝယ်ဈေး – ၁၁၀.၅၇ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၇၃ ကျပ်ဝယ်ဈေး – ၈၄၆ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၆၆ ကျပ်ဝယ်ဈေး – ၅၅၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၂၃ ကျပ်ဝယ်ဈေး – ၂၅.၄၄ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၉၃ ကျပ်ဝယ်ဈေး – ၄၇.၄၆ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၈ ကျပ်ဝယ်ဈေး – ၂.၈၉ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၁၀၇ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၂၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၇၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၅၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ ငါးလအတွင်း ရပ် / ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အပါအဝင် လူပေါင်း ၄၀ ကျော် အသတ်ခံရ

မေ ၊ ၂၃ ၊ ၂၀၂၄TT (VOM)ပဲခူးတိုင်းမှာပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ မေ ၂၂ အထိ ငါးလအတွင်း လူသတ်မှုနဲ့ သေဆုံးရသူ လူပေါင်း လေးဆယ်ကျော်ရှိတယ်လို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။” လူသတ်မှုဖြစ်စဥ်တွေ အဖြစ်များလာတာက ပဲခူးတိုင်း အနောက်ဘက်ခြမ်းက ဖြစ်တယ် ၊ သေဆုံးသူ ၄၀ ကျော်ရှိတယ်၊ အသတ်ခံရသူ အများစုက ရပ်/ ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါဝင်တယ်” လို့ ပဲခူးတိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ မေ ၂၁ ရက် ၊ ညနေပိုင်း ၃ နာရီဝန်းကျင်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ အေးမကွင်းကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ရဲ့နေအိမ်မှာ ငွေစုငွေချ အစည်းဝေးလုပ်နေတာကို ပျူတွေ အစည်းဝေးလုပ်တယ်ဆိုပြီး…

Read More

ရန်ကုန် – မော်လမြိုင်လမ်းပေါ်က တံတားတစင်း မိုင်းခွဲခံရပြန်၊ တယောက်သေပြီး သုံးယောက်ဒဏ်ရာရ

မေ ၂၃ – ၂၀၂၄ GG (VOM ) ရန်ကုန် – မော်လမြိုင်လမ်း၊ဘီးလင်း – ကျိုက္ကော်ကြား၊တောင်ကလေးရွာအနီးက မစောတံတားမိုင်းခွဲဖျက်ဆီးခံရပြီး လူ တယောက်သေဆုံးကာ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မစောတံတားဟာ ဒီနေ့ မေလ ၂၃ ရက်နေ့မနက်အစော ၂ နာရီလောက်မှာ မိုင်းခွဲခံရပြီးတံတားက ထက်ပိုင်းကျိုးကာပျက်စီးခဲ့ရတာဖြစ်ကြောင်း၊တံတားဖျက်ဆီးရပြီးနောက်မနက်အစောပိုင်းမှာပဲ ဆိုင်ကယ်သုံးစီးက အရှိန်များပြီး တံတားကျိုးပေါ်ကနေပြုတ်ကျကာ တယောက်သေပြီးသုံး​ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ည ၂ နာရီကျော်လောက် မှာတံတားကျိုးတယ်၊လူတွေက တံတားကျိုးတာကိုမသိဘဲမောင်းရင်းကနေ အရှိန်များပြီး တံတားပေါ်ကနေပြုတ်ကျတာ၊ တယောက်ဆုံးတယ်၊ဒဏ်ရာရသူရှိတယ် ဆုံးတာရော၊ဒဏ်ရာရတာရောပေါင်းလေးယောက်ပါ၊ ပဲခူးနဲ့မုပ္ပလင်က ပါ ” လို့ ဘီးလင်းမြို့လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်။ မိုင်းခွဲတံတားပေါ်ကပြုတ်ကျသေဆုံးခဲ့ရသူက အမျိုးသားဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာတော့ အမျိုးသမီးတယောက်နဲ့အမျိုးသားနှစ်ယောက်ပါဝင်ကြောင်း၊ လက်ရှိမှာသူတို့ကိုဘီးလင်းဆေးရုံပို့ထားပါတယ်။ အခုမိုင်းခွဲခံခဲ့ရတဲ့တံတားက ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်မှာရှိတာကြောင့် လောလောဆယ် ကားတွေသွားလာမရတော့ဘူးလို့သိရပါတယ်။ ဧပြီလ ၁၁ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားမိုင်းခွဲခံရပြီး ထက်ပိုင်းကျိုးကျပျက်စီးခဲ့လို့…

Read More

ကမ္ဘာပတ်လမ်းကြောင်းထဲကို အာကာသလက်နက် ရုရှားဖြန့်ကြက်ထားကြောင်း အမေရိကန် စွပ်စွဲ

ဝါရှင်တန်၊ မေ-၂၃-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဂြိုဟ်တုတလုံးလွှတ်တင်ခဲ့ပြီး ဒါဟာ အာကာသအတွင်းရှိ အခြားသော ဂြိုဟ်တုတွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ရကြောင်း အမေရိကန်က ပြောပါတယ်။“ ရုရှားက ဂြိုဟ်တုတလုံးကို ကမ္ဘာမြေအနိမ့်ပတ်လမ်းကြောင်းထဲကို လွှတ်တင်ထားပြီး ဒါဟာ အာကာသလက်နက် ဖြစ်နိုင်တယ်” လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပက်ရိုင်ဒါက ပြောပါတယ်။အဲဒီဂြိုဟ်တုဟာ အမေရိကန်အစိုးရရဲ့ ဂြိုဟ်တုတလုံးနဲ့ ပတ်လမ်းကြောင်းတူဖြစ်ပြီး အမေရိကန်အနေနဲ့ အခြေအနေကို စောင့်ကြည့်နေကာ အကျိုးစီးပွားကိုကာကွယ်ဖို့ အဆင့်သင့်အနေအထားရှိတယ်လို့ ဆိုပါတယ်။ရုရှားကတော့ ဒီကိစ္စနဲပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ အမေရိကန်နဲ့ ရုရှားတို့ဟာ အာကာသလက်နက်ဆိုင်ရာပြသနာတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ အကြိမ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။အာကာသအတွင်း စစ်လက်နက်တွေဖြန့်ကြက်ဖို့ ကြိုးစားနေကြောင်း နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲထားသည်။ အမေရိကန်သည် အာကာသကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် နယ်မြေတခုအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။နည်းပညာကို တိုးတက်ထွန်းကားလာပြီး ယင်းအပေါ်…

Read More

This Day in History

Voice of Myanmarတရုတ်နိုင်ငံသည် တိဗက်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၁၉၅၁ ခုနှစ် မေ ၂၃ ရက်တွင် တရားဝင်သိမ်းယူခဲ့ပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒလိုင်းလားမားဦးဆောင်သော တိဗက်လွတ်လပ်ရေး လှုပ်ရှားမှုဖြစ်ပေါ်စေရန် ဦးတည်ခဲ့လေသည်။

Read More

မွေးမြူရေးအစာနဲ့ ကြက်သားပေါက်တွေ ဝယ်ယူရ ခက်ခဲလာတာကြောင့် ကြက်သားစျေးနူန်းတွေ အဆမတန် မြင့်တက်လာ

မေ ၊ ၂၃ ၊ ၂၀၂၄ TT(VOM) ပြီးခဲ့တဲ့ မေ ၁၇ ရက်ကစလို့ နိုင်ငံတဝှမ်းမှာ ကြက်သားပေါက်နဲ့ တိရစ္ဆာန် မွေးမြူရေး အစာတွေ ဝယ်ယူရတာ ခက်ခဲလာတဲ့အတွက် ကြက်သား စျေးနူန်းတွေဟာလည်း အဆမတန် မြင့်တက်လာနေတယ်လို့ မွေးမြူရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မေ ၁၅ ရက်အထိ ကြက်သားစျေးနူန်းက တပိဿာကို ရှစ်ထောင့်ငါးရာ (၈၅၀၀) စျေးပေါက်တယ် ၊ အသားကောင်း သီးသန့်ဆိုရင် တပိဿာကို တသောင်း နှစ်ထောင်ကျပ်ဖြစ်တယ် ၊ မေ ၁၅ ရက်နောက်ပိုင်း ကြက်သား တပိဿာကို တသောင်းခွဲကနေ တသောင်း ခုနှစ်ထောင်အထိ စျေးနူန်းတွေမြင့်တာလာတယ် ၊ ဘာကြောင့် အခုလို စျေးနူန်းတွေ မြင့်တက်လာရသလဲဆိုရင် မွေးမြူရေးခြံတွေက တိရစ္ဆာန် အစာနဲ့ ဆေးစျေးနူန်းတွေ မြင်တက်လာတဲ့အပြင်…

Read More

အိုးမကွာ…၊ အိမ်မကွာ

    ဆူးငှက်       ‘အိုးကမပူ၊ စလောင်းကပူ’ ‘အိုးချင်းထား၊ အိုးချင်းထိ’ ‘အိုးတော်လုပ်၊ ဖုတ်ရင်းကမကျက်’ ‘အိုးနှင့်ဆန်တန်ရုံ’ ‘အိုးမလုံ၊ အုံပွင်’ ‘အိုးရွဲ့ကို စလောင်းရွဲ့နှင့်ဖုံး’ ‘အိုးသည် အိုးကောင်းမသုံးရ’ တဲ့ …။     အိုးနှင့်ပတ်သက်ပြီးတွေ့ရတဲ့ မြန်မာစကားပုံတွေပါ။ တကယ်တော့ မြန်မာနှင့်‘အိုး’ဟာ အခုအချိန်အထိ နှစ်ပေါင်း အကြာဆုံး ပေါင်းဖက်သုံးစွဲနေရဆဲပါပဲ။ မည်သည့်နှစ်၊ မည်သည့် ရက်က စတင်တည်ဆောက်တယ်ဆိုတာ အတိအကျမသိနိုင်သေးပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း(၁၈၀၀)လောက်ကတည်းက ပျက်စီးခဲ့ တဲ့ ဗိဿနိုးမြို့ဟောင်းကို ပြန်လည် တူးဖေါ်တဲ့အချိန်မှာတော့မြေ အိုးသုံးစွဲမှု အကျယ်အပြန့်ရှိခဲ့တဲ့အထောက်အထားတွေ တွေ့ရ ပါတယ်။ ဗိဿနိုးဆိုတာ အခုတောင်တွင်းကြီးမြို့ရဲ့ အနောက်မြောက်ဖက် ၁၁မိုင်ကျော်လောက်မှာရှိပြီး အေဒီ၁ရာစုဝန်းကျင်က ပျူလူမျိုးတွေတည်ထောင်ခဲ့တဲ့ ရှေးဟောင်းမြို့ကြီး တစ်မြို့လို့လည်း သုတေသီတွေက ခန့်မှန်းကြပါတယ်။ ဗိဿနိုး မြို့ဟောင်း ကြီး ကိုတူးဖော်တဲ့အခါမှာ…

Read More
VOM News

FREE
VIEW