ကုလအဖွဲ့ဝင်နိုင်ငံအဖြစ် ပါလက်စတိုင်း ဝင်ရောက်ခွင့်ရရေး ကုလသမဂ္ဂအထွေထွေညီလာခံ ထောက်ခံ

ကုလသမဂ္ဂ၊ မေ-၁၁-၂၀၂၄မျိုးဆက်(VOM)ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာရေး ပါလက်စတိုင်းရဲ့ ကြိုးပမ်းချက်ကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက တခဲနက် မဲခွဲထောက်ခံမဲပေးခဲ့ကြပြီး ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံမဲ ၁၄၃ မဲ ၊အမေရိကန်နဲ့ အစ္စရေးအပါအဝင် ကန့်ကွက်မဲ ကိုးမဲနဲ့ မေ ၁၀ ရက်က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံက ကြားနေခဲ့ပါတယ်။ပါလက်စတိုင်းဟာ လက်ရှိမှာ ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူအဆင့်သာရှိပြီး အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့ အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုလိုက်တဲ့သဘောဖြစ်ပါတယ်။ဒီကိစ္စအပေါ် အစ္စရေးက ဝေဖန်မှုများပြုလုပ်ခဲ့သော်လည်း အမေရိကန်ကတော့ ကန့်ကွက်မဲပေးခြင်းဟာ အစ္စရေးနိုင်ငံဖြစ်လာရေးကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ ထောက်ခံကြောင်းနဲ့ သက်ဆိုင်သူတွေအကြား တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုတွေပါဝင်တဲ့ လုပ်ငန်းစဉ်ကသာ နိုင်ငံတော်ဖြစ်တည်မှု ရလာမယ်လို့ အမေရိကန်လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်က ပြောပါတယ်။ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံအဖြစ် အပြည့်အဝဖြစ်လာဖို့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ထောက်ခံမှုရရှိဖို့ လိုအပ်ပြီး ပါလက်စတိုင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးကို…

Read More

မန္တလေး ကုန်စည်ဒိုင် ၁၁ – ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၁၁ – ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ –…

Read More

အခုလအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေရှိပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

မေ ၁၁ – ၂၀၂၄SN (VOM)အခု မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ခြေရှိပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ဒီကနေ့ မေ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ မေလ ဒုတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့မှာ လေထု မငြိမ်မသက်မှု ဖြစ်ပေါ်ရာမှ လာမယ့် မေလ ၁၈ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်း စတင် အစပျိုးခြင်းမရှိသေးတဲ့အတွက် ခန့်မှန်းချက်တွေ အားလုံးဟာ တိုင်းထွာတဲ့ အချိန်၊ အသုံးပြုတဲ့ Data နဲ့ ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်တို့အပေါ် မူတည်ပြီး ရွေ့လျားမယ့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေတယ်လို့ သိရပါတယ်။“ဘင်္ဂလားပင်လယ်မှာ ထူးခြား မိုးလေဝသရှိတာနဲ့…

Read More

မကွေးတိုင်း မြို့နယ်လေးခုမှာ Mask တပ်တာနဲ့ လွယ်အိတ် စလွယ်သိုင်း သွားလာရင် အရေးယူခံရတော့မယ်

မေ ၁၁ – ၂၀၂၄ GG (VOM) မကွေးတိုင်းထဲက မကွေး မြို့အပါအဝင် မြို့နယ် လေးခုမှာ အပြင်ထွက်ပါက Mask တပ်ဆင်ခြင်းနဲ့ လွယ်အိတ်စလွယ်သိုင်း သွားလာခြင်းကို တားမြစ်လိုက်ကြောင်း သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးတွေက သတိပေးလိုက်ပါတယ်။ အဆိုပါမြို့တွေက မကွေး၊ပခုက္ကူ၊တောင်တွင်းကြီးမြို့နဲ့အောင်လံမြို့နယ်တွေဖြစ်ပြီး ခုလိုတားမြစ်တာဟာ အများပြည်သူလုံခြုံရေးနဲ့ရပ်ရွာအေးချမ်းသာယာရေးအတွက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ” မကွေးမှာ မနေ့ကစထုတ်တာ၊ Mask ်တပ်ပြီးသွားလာခြင်းမလုပ် ဖို့၊လွယ်အိတ်သိုင်းပြီးမလွယ်ဖို့ပေါ့။မနေ့ကမှ စာထုတ်တာဆိုတော့လူတိုင်းမသိကြသေးဘူး။တယောက်နဲ့တယောက်လက်ဆင့်ကမ်းပြောဖို့လိုတယ်၊မဟုတ်ရင်မသိဘဲမက်ခ်တပ်ပြီးသွားမိရင် ဘာဖြစ်မလဲမပြောနိုင်ဘူး ” လို့ မကွေးမြို့ခံတယောက်ကပြောပါတယ်။ မကွေးတိုင်းထဲမှာ ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊အပြစ်မဲ့ ပြည်သူ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်သူတွေ မကြာခဏ အကြမ်းဖက်သတ်ဖြတ်ခံရမှုဖြစ်ပေါ် နေပြီး ကျူးလွန်သူတွေဟာ Mask တပ်ဆင်ထားခြင်း၊ လက်နက်၊ ခဲယမ်း ထည့်ဝင်တဲ့ အိတ် စလွယ်သိုင်း သွားလာခဲ့ကြတယ်လို့ ထုတ်ပြန်စာမှာပါရှိပါတယ်။ ဒါကြောင့် အများပြည်သူ လုံခြုံရေးနဲ့ရပ်ရွာအေးချမ်းသာယာရေးအတွက် သတ်မှတ်မြို့နယ်လေးခုအတွင်း Mask…

Read More

တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးအကြံပေး တောင်းဆို

မနီလာ၊ မေ-၁၁-၂၀၂၄မျိုးဆက်(VOM)တောင်တရုတ်ပင်လယ်မှာ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်ဝေတယ်ဆိုကာ တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီက နို်င်ငံခြားရေးဝန်ကြီးဌာနကို မေ ၁၀ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဒါဟာ ဖိလစ်ပိုင်ပြည်သူတွေကို စိတ်ဝမ်းကွဲစေဖို့ ကြိုးစားခြင်းဖြစ်ပြီး မနီလာရှိ တရုတ်သံရုံးဟာ သတင်းမှားတွေကို ထပ်တလဲလဲဖြန့်ဝေရာမှာ ပါဝင်ပတ်သက်နေတယ်လို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေး အကြံပေး အက်ဂွါဒိုအာနိုက ပြောပါတယ်။တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေတဲ့ စက္ကတန်းသောမတ်စ်သောင်ခုံမှာ ဖိလစ်ပိုင်ရဲ့ ထောက်ပံ့ရေးမစ်ရှင်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဇန်နဝါရီလမှာ သဘောတူညီၤချက်တရပ် ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံဘက်ကပြောဆိုခဲ့မှုကို ကိုးကားပြီး သူကတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင် ထိပ်တန်းစစ်ဘက်အရာရှိတယောက်နဲ့ တရုတ်သံတမန်တယောက်တို့ စက္ကန်းသောမတ်စ်သောင်ခုံနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့တဲ့ တယ်လီဖုန်းပြောဆိုမှုမှတ်တမ်းကို တရုတ်သံရုံးက ဖိလစ်ပိုင်မီဒီယာတွေကို မေ ၇ ရက်မှာ ပေးပို့ခဲ့တယ်လို့ သူက စွပ်စွဲထားပါတယ်။ဆွေးနွေးမှုမှာ အမှန်တကယ်ဖြစ်ပေမယ့် နှစ်နိုင်ငံအစိုးရများအကြား သဘောတူညီချက်မရရှိခဲ့ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေးက ပြောပါတယ်။ ဖုန်းမှတ်တမ်းတွေ ပေါက်ကြားမှုဟာ သံတမန်ရေးရာ စည်းမျဉ်းတွေကို တရုတ်နိုင်ငံဘက်က…

Read More

စစ်ကိုင်းမြို့နယ်မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရဲ့ မိသားစု သုံးလောင်းပြိုင် အသတ်ခံရ

မေ ၊ ၁၁ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ရေခါးကျေးရွာမှာ မနေ့ မေ ၁၀ ရက်ညပိုင်းက သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” ရေခါးရွာထိပ်နေရာမှာ ပစ်သတ်ခံထားရသူ သုံးယောက်က ဦးစောမောင်မြင့် (၃၈)နှစ်၊ မောင်ဝေယံဖြိုး (၁၈) နှစ်နဲ့ ဦးခင်မောင်မြင့် (၄၀)နှစ် တို့ဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေဟာ အုပ်ကြီးရဲ့ သားရယ် ​မြေးရယ် ညီရယ် တော်စပ်ကြတယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။အဲ့ဒီ သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” ၁၀ ရက်ညက ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း ဆိုသူကို PDF အဖွဲ့က ဖမ်းဆီးဖို့ဆိုပြီး…

Read More

ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက် ပိုဖြစ်နေ

မေ ၁၀ – ၂၀၂၄SN (VOM)လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ထက် အငှားဈေးကွက် ပိုဖြစ်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ရခိုင်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အပါအဝင် ဒေသတည်ငြိမ်မှုမရှိတဲ့ နယ်မြေတွေက ငွေကြေးတတ်နိုင် တဲ့ လူတန်းစားတရပ်ဟာ တိုက်ပွဲရှောင်တဲ့အနေနဲ့ မြို့ကြီးတွေဆီ လာရောက်ပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံချင်းအိမ်တွေ ငှားရမ်း နေထိုင်လာကြတဲ့အတွက် လက်ရှိမှာ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အငှားများနေတာ ဖြစ်တယ်လို့ သိရပါတယ်။“အိမ်ခြံမြေဈေးကွက်ထဲ လက်ရှိကာလမှာကတော့ အရောင်းအဝယ်ဖြစ်တာထက် အငှားကတော့ ပိုဖြစ်လာတယ်။ အခု ကာလက အိမ်ခြံမြေစျေးကလည်း အမြင့်ပိုင်းရောက်နေတာဆိုတော့ ဝယ်ဖို့မလိုက်နိုင်တော့တာကြောင့် အငှားပိုဖြစ်လာတဲ့ သဘောမျိုးလည်း ပါတယ်။ ပြီးတော့ ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ အိမ်ဆောက်ပစ္စည်းဈေးနှုန်း ကွာဟချက်တွေကြောင့်လည်း အရောင်းထက် အငှားဈေးကွက်က ပိုဖြစ်နေတာပေါ့။ နောက်တချက်က နယ်ကနေ စစ်ရှောင်ရင်းနဲ့မှ ရောက်လာတဲ့သူတွေကလည်း ရှိနေတော့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၁ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၈၀ ကျပ်ဝယ်ဈေး – ၃၉၄၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၄၀ ကျပ်ဝယ်ဈေး – ၂၈၆၅ ကျပ်-ယူရိုရောင်းဈေး – ၄၂၉၀ ကျပ်ဝယ်ဈေး – ၄၁၆၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၈.၉၂ ကျပ်ဝယ်ဈေး – ၁၀၆.၇၄ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၄၀ ကျပ်ဝယ်ဈေး – ၈၁၄ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၁ ကျပ်ဝယ်ဈေး – ၅၃၇ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၅၆ ကျပ်ဝယ်ဈေး – ၂၄.၇၉ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၆၆ ကျပ်ဝယ်ဈေး – ၄၆.၂၃ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၀ ကျပ်ဝယ်ဈေး – ၂.၈၁ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၉၁၄ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၁၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၈၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၆၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အာဖဂန်မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၆၀ ထက်မနည်းသေဆုံး

ကဘူးလ်၊ မေ-၁၁-၂၀၂၄မျိုးဆက်(VOM)အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၆၀ ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောပါတယ်။ဘတ်ချ်လန်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပွားပြီးနောက် ခရိုင်ငါးခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကာ လူဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။ ဒေသတွင်းမှာ နောက်ထပ် မုန်တိုင်းနှစ်ကြိမ် တိုက်ခတ်နို်ငခြေရှိတာကြောင့် သေဆုံးသူအရေအတွက် တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းက ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဧပြီလမှစပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့ပါသေးတယ်။ လက်ရှိရေကြီးမှုမှာ သေဆုံးသူအများစုကတော့ ဘတ်ချ်လန်ပြည်နယ်ကလို့တာဝန်ရှိသူတွေက ပြောပါတယ်။ရေဘေးကြောင့် လူ ၂၀၀ ကျော် နေအိမ်တွေမှာ ပိတ်မိနေပြီး ကယ်ဆယ်ရေးရဟတ်ယာဉ်များ စေလွှတ်ခဲ့ပေမယ့် ညအချိန်မီးပြတ်တောက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ မအောင်မြင်ခဲ့ဘူးလို့ အာဖဂန်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ဒီအတောအတွင်း စစ်တပ်နဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့ညွှန်နဲ့ အပျက်အစီးတွေအောက်မှာ ဖြစ်နိုင်ခြေရှိတဲ့ ပိတ်မိနေသူတွေကို ရှာဖွေနေကြပါတယ်။ လက်ရှိမှာတော့ အာဖဂန်မြောက်ပိုင်းကနေ မြို့တော်ကဘူးလ်ကိုသွားတဲ့…

Read More
VOM News

FREE
VIEW