တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးအကြံပေး တောင်းဆို



မနီလာ၊ မေ-၁၁-၂၀၂၄
မျိုးဆက်(VOM)

တောင်တရုတ်ပင်လယ်မှာ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်ဝေတယ်ဆိုကာ တရုတ်သံတမန်တွေကို နှင်ထုတ်ဖို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီက နို်င်ငံခြားရေးဝန်ကြီးဌာနကို မေ ၁၀ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဒါဟာ ဖိလစ်ပိုင်ပြည်သူတွေကို စိတ်ဝမ်းကွဲစေဖို့ ကြိုးစားခြင်းဖြစ်ပြီး မနီလာရှိ တရုတ်သံရုံးဟာ သတင်းမှားတွေကို ထပ်တလဲလဲဖြန့်ဝေရာမှာ ပါဝင်ပတ်သက်နေတယ်လို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေး အကြံပေး အက်ဂွါဒိုအာနိုက ပြောပါတယ်။

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေတဲ့ စက္ကတန်းသောမတ်စ်သောင်ခုံမှာ ဖိလစ်ပိုင်ရဲ့ ထောက်ပံ့ရေးမစ်ရှင်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဇန်နဝါရီလမှာ သဘောတူညီၤချက်တရပ် ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံဘက်ကပြောဆိုခဲ့မှုကို ကိုးကားပြီး သူကတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင် ထိပ်တန်းစစ်ဘက်အရာရှိတယောက်နဲ့ တရုတ်သံတမန်တယောက်တို့ စက္ကန်းသောမတ်စ်သောင်ခုံနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့တဲ့ တယ်လီဖုန်းပြောဆိုမှုမှတ်တမ်းကို တရုတ်သံရုံးက ဖိလစ်ပိုင်မီဒီယာတွေကို မေ ၇ ရက်မှာ ပေးပို့ခဲ့တယ်လို့ သူက စွပ်စွဲထားပါတယ်။

ဆွေးနွေးမှုမှာ အမှန်တကယ်ဖြစ်ပေမယ့် နှစ်နိုင်ငံအစိုးရများအကြား သဘောတူညီချက်မရရှိခဲ့ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေးက ပြောပါတယ်။ ဖုန်းမှတ်တမ်းတွေ ပေါက်ကြားမှုဟာ သံတမန်ရေးရာ စည်းမျဉ်းတွေကို တရုတ်နိုင်ငံဘက်က ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း သူက ဝေဖန်ပြောဆိုပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW