ဘုရားသုံးဆူက နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်နေအိမ် တိုက်ခိုက်ခံရပြီး လူ ငါးယောက်သေဆုံးပြီးနောက် နယ်စပ် ဂိတ်ကို ထိုင်းကပိတ်

မေ ၊၁၁ ၊ ၂၀၂၄ TT (VOM) ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးခရိုင် ၊ ဘုရားသုံးဆူမြို့ ၊ ဥဒေါင်းကန်နားမှာရှိတဲ့ နယ်ခြားစောင့် (BGF) တပ်ဖွဲ့နေအိမ်တလုံးကို မနေ့ မေ ၁၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဒရုန်းဗုံးချတိုက်ခိုက်ခံရလို့ လူ ငါးယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဘုရားသုံးဆူ ဒေသခံတယောက်က ” ဒရုန်းဗုံး လေးလုံးချပြီး တိုက်ခိုက်ခံရတဲ့ နေအိမ်က BGF 2023 တပ်ရင်းက ဗိုလ်မှူး ဝင်းလေးရဲ့ တပည့်ဖြစ်သူ အောင်ခိုင်ဦး (ခေါ်) ဂတုံးရဲ့ အိမ်ဖြစ်တယ် ၊ အဲ့ဒီ တိုက်ခိုက်ခံရမှုမှာ လူ ငါးယောက်သေဆုံးတယ်လို့ ကနဦးသိရတယ် ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတော့ မသိရသေးဘူး ၊ နောက်ဆက်တွဲသတင်းကြားရတာကအောင်ခိုင်ဦး(ခေါ်) ဂတုံးက ဘုရားသုံးဆူဒေသမှာ…

Read More

ရန်ကုန် – မော်လမြိုင်ကားလမ်း ကျုံအိတ်တံတား နောက်တကြိမ် မိုင်းခွဲခံရလို့ လမ်းပိတ်နေ

မေ ၊ ၁၁ ၊ ၂၀၂၄ SP (VOM) မွန်ပြည်နယ် ၊ ရန်ကုန် – မော်လမြိုင် ကားလမ်း ၊ ဘီးလင်းနဲ့ ကျိုက်ကောလမ်းပိုင်းမှာရှိတဲ့ ကျုံအိတ်တံတားဟာ ဒီမနက် အစောပိုင်း ၂ နာရီခွဲဝန်းကျင်လောက်က မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစင်းလုံးပျက်စီးကာ ယာဥ်သွားယာဥ်လာတွေ လုံးဝ မရတော့ဘူးလို့ ကားသမားတွေဆီက သိရပါတယ်။ ” အဲ့ဒီတံတားဟာ မနှစ်ကလည်း အခုလို မိုင်းခွဲခံရပြီး လူသေဆုံးမှုတွေရှိခဲ့တယ် ၊ ဒီမနက်ပိုင်းက အဲ့ဒီ တံတားကို နောက်တကြိမ် မိုင်းခွဲခံရတယ် ၊ တံတားတစင်းလုံး ပျက်စီးသွားတယ် ၊ ကားတွေဆိုင်ကယ်တွေ လုံးဝ သွားမရတော့ဘူး ၊ ရထားလမ်းပိုင်းဘက်က ထိခိုက်မှုမရှိတော့ ရထားနဲ့သွားလို့ ရနိုင်သေးတယ် ” လို့ သထုံခရိုင် လုံခြုံရေးအဖွဲ့နီးစပ်သူတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်…

Read More

This Day in History

Voice of Myanmarစကော့တလန်နွယ်ဖွား ဗြိတိန်နိုင်ငံရေးသမားဖြစ်သူ လေဘာပါတီမှ ​ ဂေါ်ဒွန်ဘရောင်းသည် ဗြိတိန်၀န်ကြီးချုပ်အဖြစ်မှ ၂၀၁၀ခုနှစ် မေ၁၁ရက်တွင် တရား၀င်နှုတ်ထွက်ခဲ့သည်။

Read More

ဒီးမော့ဆိုမြို့နယ်မှာ ကလေးငယ်တွေ ရေကျောက်ရောဂါ အဖြစ်များလာပြီး ကုသဖို့ ဆေးဝါးတွေလိုအပ်နေ

မေ ၊ ၁၁ ၊ ၂၀၂၄ SP (VOM) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိ ကလေးတွေ အများစုဟာ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် ၊ အေနောင်ပုလဲကျေးရွာနေ ဒေသခံတယောက်က ” ရွာမှာ ကလေးအယောက် ရှစ်ဆယ်ကျော်လောက် အရေပြားအပူဖုတွေ ပေါက်ကြတယ် ၊ ပထမကတော့ အရေပြားပေါ်မှာ အနီစက်လေးတွေဖြစ်တယ် ၊ အနည်းငယ်ရက်ကြာလာတော့ အဲ့ဒီ အနီစက်လေးတွေက အရည်ကြည်တွေစုလာတယ် ၊ အဲ့နောက် အဖျားဝင်လာပြီး အစားသောက်ပျက်တယ် ၊ နားလည်တဲ့သူတွေပြောတာတော့ ရေကျောက် ရောဂါလို့ သိရတယ် ၊ လွန်ခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိဖြစ်နေတယ် ၊ အဲ့ဒီလိုဖြစ်နေတာ ဒီးမော့ဆို တနယ်လုံးနီးပါးဖြစ်နေတာပါ” လို့ပြောပါတယ်။ ဒါ့အပြင် ကယားပြည်နယ်၊ ဒီးမော့ ဆိုမြို့နယ်(အရှေ့ဘက်ခြမ်း) ဒေါတမကြီးကျေးရွာအုပ်စု၊…

Read More

ပြည်ကြီးမွန်ဖောင်တော်

      ဆူးငှက်   မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင် ကတည်းက မြို့တည်နန်းတည် ခုနစ်ဌာန နှင့်အတူ နိုင်ငံနှင့်အဝှန်းအာဏာ၃ရပ် တည်ရှိရာ အဓိက အမြင့်မားဆုံး နေရာဖြစ်သည်။ သက်ဦးဆံပိုင် ပဒေသရာဇ်နှင့် အတူ အာဏာ၃ရပ်ကို ကိုင်စွဲထားသော မူးကြီး မတ်ရာ၊ စစ်သူကြီး သေနာပတိတို့၏ စိုးစံ၊ ရုံးစိုက်ရာ ဖြစ်သည်။ အာဏာ၏ အထွတ်အထိပ် ဖြစ်သောရာဇပလ္လင် ၉ရပ် ရှိသည့် နန်းတော်ကြီးနှင့်အတူ လွှတ်တော် ရုံးတော်လည်း ရှိသည်။ ကိုယ့်အရှင် ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါတွင် မန္တလေးနန်းမြို့သည် တစ်တိုင်းတစ်ပြည်လုံး၏ အထွတ်အထိပ်၊ အမြင့်အမြတ် နေရာဖြစ်ပါ၏။     ဤကဲ့သို့ အရေးပါလှသော နေရာဌာနကို ဓာတ်တံခါး မိတ်တံခါး ၁၂၊ ထောင့်ပြကြီး ၄၊ ပြငယ် ၃၂ အပါအဝင်…

Read More

ရွှေကုက္ကိုလ်ကို ပေးထားတဲ့ ထိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကို ထိုင်းဘက်က ဖြတ်တောက်

မေ ၁၀ -၂၀၂၄ GG (VOM ) ထိုင်း – မြန်မာနယ်စပ်မြဝတီခရိုင်၊ ရွှေကုက္ကိုလ်က ကာစီနိုရုံတွေ၊ အွန်လိုင်းတရားမဝင်လောင်းကစား ဂိုဏ်းတွေကို ထိုင်းဘက်ကနေ တရားမဝင် ပေးထားတဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို မေလ ၉ ရက်နေ့ကစပြီး ဖြတ်တောက်လိုက်ပြီလို့ ထိုင်းအမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)က သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ” ရွှေကုက္ကိုလ်မြို့သစ်ဘက်မှာတော့ AIS-dtac-true ဆင်းကဒ် သုံးမျိုးရှိတဲ့ အနက် true ဆင်းကဒ်တစ်မျိုးကလွှဲပြီး ကျန်တဲ့ ဆင်းကဒ်တွေ အင်တာနက်သုံးလို့ မရတော့ဘူးသိရတယ်။ မနေ့ကစပြီး ထိုင်းအစိုးရကဖုန်းလိုင်းနဲ့အင်တာနက်လိုင်းစဖြတ်တယ် ” လို့ မြဝတီဒေသခံကပြောပါတယ်။ အဓိက ရွှေကုက္ကိုလ်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ၊ လူကုန်ကူးမှုတွေ လုပ်နေတဲ့ KK Park နေရာတွေကို ပေးထားတဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ထိုင်းဘက်က ဖြတ်တောက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” ရွှေကုက္ကိုလ်မှာက…

Read More

တိုက်ပွဲတွေကြောင့် ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်းမှာ မော်တော်ယာဉ်တွေ ပိတ်မိနေပြန်

မေ ၁၀ – ၂၀၂၄ SN (VOM) မနေ့ မေ ၉ ရက်က ပြန်ဖွင့်ပေးခဲ့တဲ့ ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်း ထမင်းမစားရွာအနီး တိုက်ပွဲကြောင့် ပြန်ပိတ်နေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက နကစရဲ့ စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ချိန်ကစလို့ ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်း ပိတ်နေတာဖြစ်ပြီး လက်ရှိမှာ နှစ်ဖက် အတက်၊ အဆင်းယာဉ် အစီးရေ ရာနဲ့ချီ လမ်းပေါ်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် မေ ၅ ရက်ကစပြီး အဲဒီလမ်းပိုင်းမှာ ဖြတ်သန်းသွားလာခွင့်…

Read More

ကျောက်မဲ စခန်းသာရွာမှာ လေပြင်းတိုက် မိုးသီးကြွေတာကြောင့် နေအိမ် ၃၀ နီးပါး ပျက်စီး

မေ ၁၀၊ ၂၀၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ စခန်းသာရွာမှာ မနေ့ မေလ ၉ ရက်နေ့ညပိုင်းက လေပြင်း မိုးကြီးပြီး မိုးသီးတွေ ကြွေကျတာကြောင့် အိမ်ခြေ ၃၀ နီးပါး ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လေပြင်း မိုးကြီးပြီး မိုးသီးတွေ ကြွေကျတာကြောင့် အိမ်ခြေ ၃၀ နီးပါး ပျက်စီးသွားတယ်။ စာသင်ကျောင်းလည်း အမိုး တွေလွှင့်ပါသွားတယ်။ ဘုန်းကြီးကျောင်း အုတ်တံတိုင်း ၁၅ ခန်းကျော် ပြိုကျသွားတယ်။” လို့ ဒေသခံ အမျိုးသား တ​ယောက်က ပြောပါတယ်။ တောင်ယာခင်း တွေထဲက စိုက်ပျိုးသီးနှံတွေပါ ပျက်စီးကုန်တဲ့ အပြင် ငှက်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ တချို့လည်း သေဆုံးတယ်လို့ သူက ပြောပါတယ် “ငှက်တွေ ရောသေ၊ ဆိတ်ကလေးတွေလည်းသေတယ်။ ပြောင်းဖူးခင်းတွေ‌ရော ပျက်စီးကုန်တယ်။ သစ်ပင်ကြီး‌တွေလဲကျ၊ တဲအိမ်တွေလဲပြိုကျ”…

Read More

မတ္တရာနယ်မှာ ထိတွေ့တိုက်ပွဲဖြစ်လို့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံး

မေ ၊ ၁၀ ၊ ၂၀၂၄TT(VOM)မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ တံငါတောင်ကျေးရွာအနီး ၊ မန္တလေး – မိုးကုတ်ကားလမ်းမှာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်က နစကတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” တံငါတောင် တံတားဂိတ်မှာ တိုက်ပွဲဖြစ်တာပါ ၊ မနက် ၇ နာရီဝန်းကျင်အထိဖြစ်တယ် ၊ အဲ့ဒီ ထိတွေ့တိုက်ပွဲမှာ စစ်သား နှစ်ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရတယ် ၊ အဲ့ဒီနောက် PDF တွေဆုတ်ခွာသွားပြီးနောက် စစ်ကူတွေရောက်လာပြီး PDF နောက်ကို လိုက်လံရှင်းလင်းတယ် ၊ အဲ့ဒီ ရှင်းလင်းမှုဖြစ်စဥ်မှာ ပြည်သူ့စစ် ခုနှစ်ယောက် ထပ်မံသေဆုံးတယ် ၊ အဲ့ဒီ တံငါတောင်ထိတွေ့မှုဖြစ်စဥ်မှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးယောက်သေဆုံးပြီး ၊…

Read More

ပခုက္ကူမြို့ပေါ်မှာ maskမတပ်ရ ၊ လွယ်အိတ် စလွယ်မသိုင်းမရလို့ မြို့နယ်ထွေ/အုပ်က အမိန့်ထုတ်

မေ ၊ ၁၀ ၊ ၂၀၂၄ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မနေ့က မေ ၉ ရက်ပါ ရက်စွဲနဲ့ ရုံးအမိန့်စာတစောင် ထုတ်ပြန်လိုက်တယ်လို့ ပခုက္ကူမြို့ခံတွေဆီကသိရပါတယ်။ အဲ့ဒီ ရုံးအမိန့်စာထဲမှာ ဖော်ပြပါရှိတာက ” ပခုက္ကူမြို့နယ်အတွင် Mask များတပ်ဆင်ခြင်း ၊ လက်နက်ခဲယမ်းထည့်ဝင်သည့် လွယ်အိတ်များ စလွယ်သိုင်း၍ သွားလာခြင်းတို့ မပြုလုပ်ရန် လုံးဝ(လုံးဝ) တားမြစ်လိုက်သည် ” လို့ ပါရှိပါတယ်။ အဲ့ဒီရုံးအမိန့်စာဟာ အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်လို့ ဖော်ပြပါရှိသေးပါတယ်။ ” ပခုက္ကူမြို့ဆိုတာ ရေစကြို ၊ ပေါက် ၊ မြိုင် ၊ ဆိပ်ဖြူ စတဲ့မြို့နယ်တွေဘက်က တောသူတောင်သားတွေ နေ့စဥ်…

Read More
VOM News

FREE
VIEW