အာဂျင်တီးနားသမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် ပြည်သူတွေဆန္ဒပြပွဲ ရဲတပ်ဖွဲ့ အင်အားသုံးဖြိုခွင်း

 

ဗျူနိုအေရိစ်၊ ဇွန်-၁၃-၂၀၂၄
မျိုးဆက်(VOM)

အာဂျင်တီးနားနိုင်ငံ မြိုတော်ဗျူနိုအေရိစ်ရှိ ကွန်ဂရက်လွှတ်တော်ပြင်ပမှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို အာဂျင်တီးနားရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

လွှတ်တော်မှာ အသုံးစရိတ်လျှော့ချခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးနေမှုအပေါ် ပြည်သူတွေက ဆန္ဒပြကန့်ကွက်နေကြတာဖြစ်ပြီး အဒီပြုပြင်ပြောင်းလဲမှုတွေဟာ အာဂျင်တီးနားပြည်သူ သန်းပေါင်းများစွာကို ထိခိုက်စေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဓါတ်ဆီဗုံး၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်မှုတွေ ပြုလုပ်ခဲ့ပြီး ကားတစီးကိုလည်း မီးတင်ရှို့ခဲ့ကြကာ ဆန္ဒပြပွဲအတွင်း လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

လက်ယာယိမ်းသမ္မတ ဂျာဗီယာမိုင်လေ အဆိုပြုတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ စီးပွားရေးအရေးပေါ်အခြေအနေကြေညာခြင်း၊ ပင်စာလစာဖြတ်တောက်ခြင်းနဲ့ အလုပ်သမားအခွင့်အရေး ယုတ်လျော့လာမှာတွေ ပါဝင်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

သမ္မတအဆိုပြုခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ် လက်ဝဲနိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများနဲ့ လူမှုရေးအဖွဲ့အစည်းတွေကလည်း ကန့်ကွက်မှုတွေ ပြုလုပ်နေကြကြောင်း သိရပါတယ်။

Ref:BBC
Photo:AP/Reuters

Related posts

Leave a Comment

VOM News

FREE
VIEW