ကမ္ဘာ့ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် ၁၂ နှစ်ဆက်တိုက် မြင့်တက်လာပြီး သန်း ၁၂၀ ကျော်ထိရှိလာ

 

ကုလသမဂ္ဂ၊ ဇွန်-၂၁-၂၀၂၄
မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် ဆက်တိုက်တိုးမြှင့်လာတာဟာ လွန်စွာစိုးရိမ်ဖွယ်ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။

ကမ္ဘာတဝန်းရှိ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်ဟာ ၁၂ ဆက်တိုက်တိုးလာနေပြီး ၂၀၂၄ ခုနှစ် ဧပြီလကုန်ထိ သန်း ၁၂၀ ကျော်လွန်ခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။

အဆိုပါအရေအတွက်ဟာ ဂျပန်နိုင်ငံရဲ့ လူဦးရေအချိုးအစားနဲ့လည်း ညီမျှနေပါတယ်။ အခုလို ဒုက္ခသည်အရေအတွက်တိုးလာခြင်းဟာ ကမ္ဘာနိုင်ငံတွေမှာ ပဋိပက္ခဖြစ်စဉ်တွေ တိုးပွားလာမှုကြောင့်လို့ သူက ထောက်ပြပြောဆိုပါတယ်။

အာဖဂန်၊ ဆီးရီးယားလို ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာတွေမှာလည်း လအနည်းငယ်ကြာတိုင်း ပဋိပက္ခသစ်များဖြစ်ပေါ်နေတယ်လို့ သူကဆိုပါတယ်။ ပဋိပက္ခများကို ဖြေရှင်းရေးအတွက် ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ကြဖို့ ပိုမိုအရေးကြီးပြီး ကွဲပြားခြားနားတဲ့ ပဋိပက္ခများကို ကိုင်တွယ်ရန်မှာလည်း လွန်စွာခက်ခဲ့ကြောင်း ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။

အထူးသဖြင့် ယူကရိန်းနဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ မကြာသေးမီက အကျပ်အတည်းအချို့ဟာ အင်အားကြီးနိုင်ငံတွေနဲ့ နိုင်ငံငယ်များအကြား ကွဲလွဲမှုတွေကို ပိုမိုနက်ရှိုင်းစေတယ်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ထောက်ပြပြောဆိုပါတယ်။

Ref:NHK
Photo:Reuters
#Voiceofmyanmar #VOM #ရွှေ့ပြောင်းဒုက္ခသည် #သန်၁၂၀ #မြင့်တက်လာ

Related posts

✕
VOM News

FREE
VIEW