ဖားကန့် ဝှေခါ နဲ့ အင်းတော်ကြား တိုက်ပွဲ ဖြစ်နေပြီး ဆီကားတွေ အင်းတော်မှာ ပိတ်မိ

  ဇွန် ၂၂၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ အင်းတော် နဲ့ ဖားကန့် လမ်းမပေါ်ရှိ ဖားကန့် ဝှေခါ နဲ့ အင်းတော်ကြား ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ မနက် ၅ နာရီ ခန့်ကစ တိုက်ပွဲ ဖြစ်နေပြီး ဆီကားတွေ အများအပြား အင်းတော်မှာ ပိတ်မိ နေကြောင်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေ ဆီက သိရပါတယ်။ “ဖားကန့် ဝှေခါ နဲ့ အင်းတော်ကြား ဝှေလုံ၊ ညောင်ပင် (ညောင်ထောက်)၊ ချောင်းဝ တွေဘက် ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ မနက် ၅ နာရီ လောက်ကတည်းက တိုက်ပွဲ ဖြစ်နေတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မြစ်ကြီးနား လေတပ်ကနေ…

Read More

ဆန်ပွဲရုံ ၊ဆန်စက်နဲ့ ဆန်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး သတ်မှတ်စျေးထက်ပိုရောင်းသူကို ဖမ်းဆီးကာ ဆိုင်ချိတ်ပိတ်

  ဇွန် ၂၂ – ၂၀၂၄ GG (VOM) ရန်ကုန် အပါအဝင်နယ်အစုံက ဆန်ပွဲရုံ ၊ဆန်စက်တွေ၊ဆန်ရောင်းဝယ်ရေးဆိုင်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေလုပ်ပြီး ဆိုင်တွေချိတ်ပိတ်ကာ ဖမ်းဆီးမှုတွေအထိ လုပ်နေတယ်လို့ ဆန်ကုန်သည်တွေဆီကသိရပါတယ်။ “ဘုရင့်နောင်ကပွဲရုံးသုံးခုတော့ချိတ်ပိတ်သွားပြီ၊စျေးဦးပေါက်သွားတယ်။ပွဲရုံတခုဆိုရင်သူက စီးတီးမတ်တွေကိုပို့တာရှိတယ်၊သူ့ကိုတော့၃၀ရာခိုင်းတင်လို့ဆိုပြီးအကြောင်းပြဖမ်းတယ်သိရတယ်။စီးတီးမတ်ကိုပို့ဖို့ကဝန်ဆောင်မှုပေးရတာအရမ်းများတယ်၊အလီလီထုတ်ပိုးစနစ်နဲ့ရောင်းရတယ်၊ပြီးတော့လည်းစီးတီးမတ်ကလက်ငင်းလည်းမရဘူး၊ခရက်ဒစ်ထားရတာပေါ့။အခု ဆန်ပွဲရုံတွေကိုလိုက်ဖမ်းတော့ ရောင်းနိုင်သူရောင်းပေါ့၊မရောင်းနိုင်သူကအရောင်းရပ်ပေါ့။ခုလိုဖမ်းတော့မှောင်ခိုစျေးကွက်ဖြစ်လာမှာပေါ့၊သူတို့သတ်မှတ်တဲ့စျေးရောင်းဖို့က ကိုယ်ဝယ်ရတဲ့စျေးတောင်အဲ့စျေးထက်ပိုနေတာဘယ်လိုရောင်းမလဲ၊သူတို့အရင်ရောင်းပေးလေ သူတို့ဆီကဝယ်လို့ရရင် ကျနော်တို့သူတို့သတ်မှတ်စျေးရောင်းပေးလို့ရတယ်။အခုကရန်ကုန်တင်မဟုတ်ဘူးအကုန်လုံးလိုက်စစ်နေတာ ” လို့ ရန်ကုန်အခြေစိုက် ဆန်လက်ကားရောင်းဝယ်ရေးလုပ်ကိုင်ကုန်သည်တယောက်က​ပြောပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ထဲက ဆန်ရောင်းဝယ်ရေး ဆန်ပွဲရုံ သုံးရုံကိုတော့ မနေ့ကဇွန်လ ၂၁ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးပြီး ဆိုင်ကိုချိတ်ပိတ်ကာ ဆိုင်ပိုင်ရှင်တွေကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒါအပြင် မန္တလေးအပါအဝင်အခြားဒေသတွေမှာလည်း ဆန်စက်တွေ၊ပွဲရုံတွေကိုဝင်စစ်ပြီး ရွှေဘိုပေါ်ဆန်းမွှေးအပါအဝင် ဆန်ကိုသတ်မှတ်စျေးထက်ပိုမရောင်းဖို့ သတိပေးခြင်း၊ သတ်မှတ်စျေးထက်ပိုရောင်းထားကြောင့်စိစစ်တွေ့ရှိသူတွေကိုတော့ ခေါ်ယူထိန်းသိမ်းမှုတွေလုပ်​နေတာဖြစ်တယ်လို့သိရပါတယ်။ ခုလို ဆန်ပွဲရုံတွေဝင်ရောက်စစ်ဆေးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အဖွဲ့ဝင်တယောက်က” ဝင်စစ်ဆေးမှုတွေလုပ်နေတာနှစ်ရက်လောက်တော့ရှိပြီး အသင်းကတာဝန်ရှိသူတွေလည်းပါတယ်၊သတ်မှတ်စျေးထက်ပိုရောင်းလို့ခေါ်ယူမေးမြန်းနေသူတွေလည်းရှိတယ် ” လို့ပြောပါတယ်။ ဇွန်လအတွင်း ရောင်းချဖို့သတ်မှတ်ထားဆန်စျေးတွေက ဧည့်မထ ၂၅…

Read More

ဒီဂျစ်တယ်ငွေပေးချေမှုစနစ် အဆင်ပြေပြီလို့ ပြောပေမယ့် ခက်ခဲနေဆဲ

  ဇွန် ၂၂ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီဂျစ်တယ်အသုံးပြု ငွေသွင်း၊ ငွေထုတ်စနစ် အဆင်ပြေနေပြီလို့ ပြောပေမယ့် တကယ့်လက်တွေ့ မြေပြင်မှာတော့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဒီစနစ်ကို အသုံးပြုနေတဲ့သူတွေက ပြောပါတယ်။ ဗဟိုဘဏ်အနေနဲ့ လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေမှုအတွက် ဒီဂျစ်တယ်ငွေပေးချေမှုကို တကြိမ်ကို ငွေကျပ် ၁၀ သိန်းနဲ့ တရက်ကို အများဆုံး ငွေကျပ် သိန်း ၁၀၀ အထိသာ ဆောင်ရွက်နိုင်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာထားတာပါ။ ဒီထုတ်ပြန်ချက် ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ အရောင်းအဝယ်သမားတွေ၊ လုပ်ငန်းရှင်တွေကြား ဝေဖန်မှုတွေ များစွာ ရှိခဲ့ပြီး အခုလိုကန့်သတ်လိုက်တဲ့ ငွေသားပမာဏဟာ ငွေကျပ် သိန်း ၁၀၀ နဲ့အထက် အလုပ် လုပ်ရတဲ့သူတွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်သလို…

Read More

ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းမှာ ပြည်သူနှစ်သန်းကျော် ရေဘေးသင့်၊ အခြေအနေ ပိုမိုဆိုးရွားလာနိုင်

  ဒါကာ ၊ ဇွန်-၂၂-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးရွာသွန်းမှုနဲ့ မြစ်ညာကနေ ရေတွေကြောင့် ဘင်္ဂလားဒေရှ် အရှေ့မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး လူ နှစ်သန်းကျော် ရေဘေးသင့်နေပြီး အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကလေးငယ် ခုနှစ်သိန်း ခုနှစ်သောင်းကျော်အပါအဝင် ပိတ်မိနေသူတွေအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြောပါတယ်။ ကလေးသူငယ်တွေအနေနဲ့ ရေနစ်တာ၊ အာဟာရချို့တဲ့တာ၊ ရေကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ အိုးမဲ့အိမ်မဲ့အခြေအနေကြောင့် အခြေခံကျန်းမာရေး လိုအပ်ချက်ရှိလာနေပြီး အန္တရာယ်မြင့်မားနေကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ယူနက်ဆက်ဖ် ဌာနကိုယ်စားလှယ် ရှယ်ဒန်ယတ်က ပြောပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း အဲဒီဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ကုန်မြင့်ဒေသတွေမှာ မြေပြိုမှုတွေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဒုက္ခသည်စခန်းတွေမှာလည်း မုတ်သုံမိုးရွာသွန်းမှုကြောင့် ရိုဟင်ဂျာရှစ်ယောက်အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အိမ်နီးချင်း…

Read More

ယူကရိန်း စွမ်းအင်စက်ရုံတွေကို ရုရှားက အကြီးအကျယ်တိုက်ခိုက်ပြန်

  ကိဗ်ယက်၊ ဇွန်-၂၂-၂၀၂၄ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းရဲ့ မဟာဓါတ်အားလိုင်းကို ပစ်မှတ်ထားတိုက်ခိုက်မှုအဖြစ် စွမ်းအင်စက်ရုံအများအပြားကို ညလုံးပေါက် အကြီးအကျယ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။ .ယခုတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံတွေကို ရှစ်ကြိမ်မြောက် တိုက်ခိုက်ခြင်းလည်းဖြစ်တယ်လို့ ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရုရှားဟာ ယူကရိန်း ဒေသအတော်များများကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၁၂ စင်းနဲ့ ဒရုန်း ၁၃ စင်းကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စွမ်းအင်လုပ်သား နှစ်ယောက် ဒဏ်ရာရခဲ့ပြီး လာဗစ်မြို့မှာလည်း စွမ်းအင်အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။ အိုင်ဗန်နို-ဖရန်ကစ်ဗ်ဒေသမှာတော့ နေအိမ်တွေနဲ့ စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ရုရှားဟာလည်း နွေဦးရာသီကတည်းက ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယူကရိန်းနိုင်ငံတွင်းမှာ မကြာခဏဆိုသလို…

Read More

ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရုံးအနီး အစ္စရေးရဲ့တိုက်ခိုက်မှု ၂၂ ယောက်သေပြီး ၄၅ ယောက်ဒဏ်ရာရ

  ဂါဇာစီးတီး၊ ဇွန်-၂၂-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်ဒေသရှိ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ရုံးခန်းတွေ ပျက်စီးခဲ့ပြီး ရုံးဧရိယာမှခိုလှုံနေသူ ၂၂ ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ရုံးခန်းနဲ့နေအိမ်တွေရဲ့ မီတာအနည်းငယ်အကွာမှာ ဒုံးကျည်တွေ အပြင်းအထန် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ထုတ်ပြန်ပါတယ်။ အရပ်သားတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အအုံတွေကို ကာကွယ်ဖို့ ပဋိပက္ခမှာ ပါဝင်နေသူတွေ အကုန်တာဝန်ရှိတယ်လို့ ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ အဲဒီနေရာမှာ တိုက်ခိုက်မှုလုပ်တဲ့ အခြေအနေတွေမရှိဘူးလို့ အစီရင်ခံစာရပေမယ့် ဒီဖြစ်စဉ်ကို ပြန်လည်သုံးသပ် စုံစမ်းဆဲဖြစ်တယ်လို့ ပြောပါတယ်။ ပါလက်စတိုင်း လုပ်ဖော်ကိုင်ဖက် အတော်များများအပါအဝင် ရာနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ တဲတွေဝန်းရံထားတဲ့ အဆောက်အအုံနဲ့ ရုံးခန်းနေရာတွေဟာ တိုက်ခို်ကမှုကြောင့် ပျက်စီးခဲ့ရတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အနီးနားက ကြက်ခြေနီဆေးရုံမှာ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေ အစုလိုက်အပြုံလိုက်ရောက်လာပြီး ၂၂…

Read More

နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းကို ရောက်ရှိနေ

  ဆိုးလ် ၊ ဇွန်-၂၂-၂၀၂၄ မျိုးဆက်(VOM) နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော သီအိုဒိုရုစဗဲ့ဟာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့အတူ စစ်ရေးလေ့ကျင့်ဖို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းကို ဒီနေ့ ဇွန် ၂၂ ရက်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ တောင်းဆိုမှုတွေနဲ့ ရန်လိုပြီး ဘေးမကင်းတဲ့ လုပ်ရပ်တွေ မြင့်တက်နေချိန်မှာ သုံးနိုင်ငံစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်အတွက်း အခုလို လေယာဉ်တင်သင်္ဘောရောက်ရှိလာတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက အမေရိကန်မှာပြုလုပ်တဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ အခုလို နှစ်စဉ်စစ်ရေးလေ့ကျင့်ဖို့ နှစ်ဘက်အကြား သဘောတူခဲ့ကြတာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ဆက်လက်ဟန့်တားမှုကို ပြသတဲ့အနေနဲ့ အခြေားအမေရိကန်လေယာဉ်တင်သင်္ဘောဖြစ်တဲ့ ကားလ်ဗင်ဆင် တောင်ကိုရီးယားကို လာရောက်ခဲ့ပြီးနောက် ခုနှစ်လအကြာမှာ သီအိုဒိုရုစဗဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော အခုလိုရောက်ရှိလာတာဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်ဟာ ယခုသီတင်းပတ်အတွင်းက ၂၄ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို…

Read More

တရုတ်တောင်ပိုင်း ရေဘေး သေဆုံးသူ ၃၈ ယောက်ထိ မြင့်တက်လာ

  ပေကျင်း ၊ ဇွန်-၂၂-၂၀၂၄ မျိုးဆက် (VOM) တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ ယခုသီးတင်းပတ်အတွင်းမှာ ဖြစ်ပွားနေတဲ့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၃၈ ယောက်ထိ ရှိလာကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ယခုနှစ်အတွင်း ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံမြောက်ပိုင်းမှာ အပှုလှိုင်းဖြတ်နေပြီး တောင်ပိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။ လူဦးရေထူထပ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာလည်း စံချိန်တင်မိုးရွာသွန်းမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ သဘော၀ဘေးအန္တရာယ်တွေမှာ ရာသီဥတုအခြေအနေတွေကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်အခဲဖြစ်နေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးရွာသွန်းမှုတွေကြောင့် အိမ်ပေါင်း ငါးသောင်းငါးထောင်ကျော် ရေဘေးသင့်ခဲ့ပြီး ဒီထဲက အိမ်ခြေ၂၂၀၀ နဲ့ လမ်းတံတားအဆောက်အဦ ၄၇၀၀ နီးပါးပြိုကျပျက်စီးခဲ့ရတယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ လက်ရှိရေဘေးကြောင့် စီးပွားရေးအပေါ်တိုက်ရိုက်သက်ရောက်ပြီး ပျက်စီးဆုံးရှုံမှုတန်ဖိုး ဒေါ်လာ ၈၀၅ ဒသမ ၇ သန်းရှိနေပြီး အရေးပေါ်…

Read More

This Day in History

Voice of Myanmar ဂျာမနီသည် ၁၉၃၉ ခုနှစ် ဂျာမန်-ဆိုဗီယက် မကျူးကျော်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁ ခုနှစ် ဇွန် ၂၂ ရက်တွင် ကျူးကျော်တိုက်ခိုက်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June22

Read More
VOM News

FREE
VIEW